Thursday, 6 March 2008

မန္တလေး က သံဃာ တွေ တိုက်ပွဲ စနေ ပြီ

မန္တလေးက သံဃာတော်များရဲ့ လှုပ်ရှားမှု

Yangon, (Asia News)
5 March
ဘာသာပြန်- ကျော်-
ပြည်သူ့ဆန္ဒခံယူပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကတော့ ပြည်တွင်းမှာ စတင်နေပါပြီ။ အမပူရမြို့မှာ စစ်အစိုး ရရဲ့ပြည့်သူ့ဆန္ဒခံယူပွဲကို ကန့်ကွက်မဲပေးဖို့ နဲ့ ကြောက်ရွံ့ဖို့မလိုကြောင်း ပြည်သူတွေကို လိုက် လံအားပေးနေကြပါပြီ။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂမ်ဘာရီကတော့ ကြာသပတေးနေ့မှာ မြန်မာပြည်ကို ရောက်တော့မှာဖြစ်ပါတယ်။ နအဖ ဦးစီးတဲ့ ပြည်သူ့ဆန္ဒခံယူပွဲအပေါ် သံဃာတော်များရဲ့ ဆန့်ကျင် ရေးလှုပ်ရှားမှုကတော့ မန္တလေးမှာ စတင်နေပါပြီ လို့ အမည်မဖော်လိုသူ တစ်ဦးက ဧရာဝတီကို ဒီက နေ့ပြောကြားလိုက်ပါတယ်။

မန္တလေးနဲ့ ၁၁ ကီလိုမီတာဝေတဲ့ အမရပူရမြို့က နေရာခြောက်နေရာမှာလည်း စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာတွေ ကို အဖွဲ့တစ်ဖွဲ့က လိုက်ပြီးကပ်နေပါပြီ။ ဒါတင်မကသေးပါဘူး ဘုန်းတော်ကြီး ကျောင်းတော်တော်များများနဲ့ ရတနာပုံ တက္ကသိုလ်မှာလည်း စစ်အစိုးရဆန့်ကျင်ရေးပိုစတာတွေ လိုက်လံ ကပ်နေဆဲပါ။ ပိုစတာတွေထဲမှာတော့ "အာဏာရှင်ခေါင်းဆောင် သန်းရွှေ" ၊ "လူသတ်သမား သန်းရွှေ" လို့ ရေးသားထားပြီး လူတွေကို စစ်အစိုးရရဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို ကန့်ကွက်မဲပေးဖို့နဲ့ ကြောက်ရွံ့ခြင်းမရှိကြဖို့ တိုက်တွန်းအားပေးထား ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ စစ်အစိုးရက ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို နှောင့်ယှက်ဖို့ကြိုးစားသူများအား ထောင်ဒဏ် ၃ နှစ် ချမှတ်မည် ဆိုသော ကြေငြာချက်အပြီး ရဲ့ရင့်တဲ့ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုဘဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့လကလည်း ဗမာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ (ABMA) ကစစ်အစိုးရရဲ့ မေလမှာ ကျင်းပမယ့် ပြည်သူ့ဆန္ဒခံ ယူပွဲနဲ့ ၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချကြောင်း ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ါတယ်။

ပြည်သူ့ဆန္ဒခံယူပွဲဟာ စစ်အစိုးရရဲ့ လမ်းပြမြေပုံထဲက ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတဲ့ လမ်းကြောင်းကို သွားတာဖြစ်ပါတယ်။ ၁၉၈၈ ကတည်းက မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေရယ်လို့ တိတိကျကျမရှိသေးပါဘူး။ ဒါကြောင့် စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတိုက်အခံအင်အားစုတွေ မပါဘဲ ၎င်းတို့ဆန္ဒအတိုင်း ၎င်းတို့ကိုယ်တိုင်ရေးဆွဲခဲ့တာပါ။ ဒါဟာ စစ်အစိုးရက အာဏာကို ဆက်လကိန်းသိမ်းထားချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်တာပါဘဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံရေးလမ်းကြောင်းပေါ်ကို ရောက်မလာစေဖို့ နေအိမ်မှာ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

အဲဒီအချိန်မှာဘဲ ကုမသမဂ္ဂ အထူးကိုယ်စားလှယ် အေဗရာဟမ် ဂမ်ဘာရီဟာ မနက်ဖြန်မှာ မြန်မာပြည်ကို သွားဦးမှာဖြစ်ပါတယ်။ ဂမ်ဘာရီအနေနဲ့ သူ့ရဲ့ခရီးစဉ်မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး မြန်မာနိုင်ငံရေးကိစ္စတွေကိုဆွေးနွေးဖြစ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့မျှော်လင့်ချက် တွေကတော့ အကန့်အသတ်နဲ့ ရှိနေပါတယ်။

No comments :