Wednesday, 19 March 2008

ငါတို့နိုင်ငံကို ၀ိုင်းပြီး အမဲဖျက်ကုန်ကြပြီ




AP, Bangkok
16 March
ဘာသာပြန် - ကျော်သိင်္ခ
ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး က အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ်ကို အလွန်အမင်း ဝေဖန်တယ်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။ ၎င်းက သူ့အနေနဲ့ နအဖ စစ်ဗိုလ်ချုပ်တွေရဲ့ ဗုဒ္ဓဘာသာကောင်း တစ် ယောက်ကဲ့သို့ တရားထိုင်တာကို မြင်လိုက်ရပြီးနောက်ပိုင်းမှာ စစ်ဗိုလ်ချုပ်တွေကို ပိုပြီးတော့လေးစားသွား တယ်လို့ ဆိုပါသေးတယ်။
“အနောက်နိုင်ငံတွေက ဒင်္ဂါးပြားရဲ့နှစ်ဘက်စလုံးကိုကြည့်ပါ လို့ပြောကြတယ်။ ဒါပေမယ့် သူတို့က တစ်ဘက် တည်းကိုဘဲကြည့်ကြတယ်” လို့ ၀န်ကြီးချုပ် ဆမ်မက်ခ် ဆွန်တာရာဝပ်က မြန်မာနိုင်ငံ ခရီးစဉ်က အပြန် နှစ်ရက် အကြာမှာ သူ့ရဲ့ အပတ်စဉ် ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံ တစ်နိုင်ငံ ပါ။ မြန်မာနိုင်ငံ ခေါင်းဆောင်တွေဟာတရားထိုင်ကြပါတယ်။ တစ် နိုင်ငံလုံး ငြိမ်းငြိမ်း ချမ်းချမ်း ရှိပါတယ် လို့ သူတို့ကပြောတယ်” ဆမ်မက်ခ် ကပြောပါတယ်။ သူ့အနေနဲ့ မြန်မာနိုင် ငံအကြောင်းကို ရာစုနှစ်နဲ့ချီပြီး လေ့လာခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမယ့် စစ်အာဏာရှင်တွေဟာ တရားဘာဝနာ ကိုလည်း အားထုတ်ကြောင်း ပြောလိုက်ပါသေးတယ်။ နှစ်နိုင်ငံလုံးကတော့ ဗုဒ္ဓဘာသာ နိုင်ငံတွေ ဖြစ်ကြ ပါတယ်။

မြန်မာစစ်အာဏာရှင်အစိုးရဟာ ပြီးခဲ့တဲ့နှစ်က စက်တင်ဘာဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက် နှိမ်နှင်းခဲ့မှုနဲ့ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတာတွေနဲ့ပက်သက်ပြီး တစ်ကမ္ဘာလုံးရဲ့ ဝေဖန်ပြစ်တင်မှုတွေကိုခံနေရတာပါ။ ဒါပေမယ့် ဆမ်မက်ခ်က သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ဆွေးနွေးတာထက်၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ဖို့ကိုဘဲ ဗိုလ်ချုပ် သန်း ရွှေ နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီကို အာဏာ လွှဲပြောင်းပေးခြင်း မရှိတာတွေကြောင့် အမေရိကန်နဲ့ ဥရောပယူနီယံတို့ အပါအ၀င် အနောက်နိုင်ငံတော် တော်များများက နိုင်ငံရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ နဲ့ အာဆီယံနိုင်ငံအများစုကတော့ စစ်အစိုးရအပေါ်ဝေဖန်တာဆိုလို့ ဘာမှမရှိပါဘူး။ ပြီးတော့ အဲဒီနိုင်ငံတွေက ကုမ္ပဏီတွေကို မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ဖို့ကိုလည်း အားပေးပါတယ်။

ဆမ်မက်ခ် က သူ့အနေနဲ့ ထိုင်းကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ရရှိဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီးပြီ ဖြစ်တယ်လို့ပြောပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဆိုတဲ့နေရာမှာ အထူးသဖြင့် ထုတ်လုပ်မှု ကဏ္ဍ၊ သဘာဝဓာတ်ငွေ့ ထုတ်ယူရေး နဲ့ လျှပ်စစ်ဓာတ်အား စီမံကိန်းတွေပါဝင်တယ်လို့ ဆိုပါ တယ်။

ထိုင်းနိုင်ငံပိုင် စွမ်းအင် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက ဂက်စ်ကို အဓိက၀ယ်ယူသူတွေဖြစ်ပါတယ်။ တစ်နှစ်ကို စစ်အစိုးရဆီက ဂက်စ် အမေရိကန်ဒေါ်လာ သန်းနှစ်ရာ ဖိုးလောက်ဝယ်ယူတယ်လို့လည်း သိရပါတယ်။

“သူတို့သဘာဝဓာတ်ငွေ့တွင်း အသစ်တွေကို ရှာဖွေတွေ့ရှိထားပါတယ်။ ကျနော် သူတို့နဲ့ ညှိနှိုင်းပြီးပါပြီ။ ဒါကြောင့် ကျနော်တို့အခု မြန်မာနိုင်ငံက ဓာတ်ငွေ့တွေကို ထုတ်ယူဖို့ စစ်အစိုးရနဲ့ စာချုပ်ချုပ်လို့ရပါပြီ” လို့ ဆမ် မက်ခ် ကပြောပါတယ်။ “စစ်အစိုးရ အနေနဲ့ကတော့ ရန်ကုန်ကို ဓာတ်ငွေပိုက်လိုင်းသွယ်မယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်လိုင်းသွယ်ဖို့ စစ်အစိုးရ ဆီမှာ ပိုက်ဆံမရှိဘူး။ ထိုင်းကုမ္ပဏီတွေက သူတို့အတွက် သွား လုပ်ပေးရမှာ” လို့လည်း ထိုင်း ၀န်ကြီးချုပ် က ဆိုပါတယ်။

No comments :