Saturday, 8 March 2008

ဒေါ်စု ရဲ့  အနီရောင် အချက်ပြ မှု


ဒီဓါတ်ပုံဟာ ဒေါ်အောင်ဆန်းစု ကြည် ရဲ့  လတ်တလော ဓါတ်ပုံဖြစ်ပါတယ်။ ဓါတ်ပုံထဲမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ ပျော်နေပုံရပါတယ်။ အားရစရာကောင်းလှတယ်။ ဒီ ဓါတ်ပုံကိုမြင်ရတော့ ဗိုလ်ချုပ်အောင်ဆန်း ဗြိတိသျဝန်ကြီးချုပ် အက်တလီနဲ့ တွေ့ ဆုံစဉ်က ရိုက်ထားတဲ့ ဓါတ်ပုံကို သတိရစေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂကိုယ်စားလှယ်နဲ့ တွေ့ ဆုံဆွေးနွေးစဉ်က အကျီအနီ၊ ချိတ်ထမိန်အနီ နဲ့  ကတ္တီိပါ ဖိနပ်အနီကိုဝတ်ထားပါ တယ်။ ဒါဟာ အလွန်လိုက်ဖက်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ မြန်မာ့ဖက်ရှင် လောက က အမည်မဖေါ်လိုတဲ့ ပညာရှင်တဦး ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ၀တ်စား ဆင်ယင် ပုံ နဲ့  ဂျူလီယာ ရောဘတ်ရဲ့  ဆံပင် ဒီဇိုင်း ကို လုပ်ပေးတဲ့သူဟာ ဘယ်သူလည်း လို့ သိချင်တယ်တဲ့။ ဘာဖြစ်လို့ လည်းဆိုတော့ အလွန် လှပတင့်တယ်လို့ ပဲလို့ ဆိုပါတယ်။

လေ့လာသိရှိရသလောက် ဒေါ်အောင်ဆန်းစုကြည်မှာ အ၀တ်အစားတွေကိုချုပ်လုပ်ပေးဖို့ ဖက်ရှင် ဒီဇိုင် နာမရှိပါဘူး။ အ၀တ်အစား တွေအားလုံးဟာ ရိုးရှင်းပြီး ကျက်သရေရှိနေတာကတော့ ဒေါ်အောင် ဆန်းစုကြည် ရဲ့ စိတ်ဓါတ်ရောင်ပြန်ဟပ်ချက် တွေဖြစ်တယ်လို့  ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနက အမည် မဖေါ်လိုတဲ့ စိတ်ပညာရှင် တဦးကဆိုပါတယ်။

ဆွစ်စလန် က သူဌေး ဇနီးမောင်နှံကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  လည်ပင်းဟာ အလွန်လှတယ်လို့ ထုတ် ဖေါ် ချီးကြူးခဲ့ဘူးတယ်လို့  မြန်မာ တိုးရစ်ဂိုက်တယောက် ဆိုပါတယ်။ သူအိမ်ကို ကြည့် ချင်တယ်ဆိုလို့ ကားကို တပတ် ပတ်ပြီး မောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဂန်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့အပတ်ကတွေ့ ဆုံစဉ်ကတော့ အ၀ါရောင်ကိုဝတ်ထားတာကိုတွေ့ ရပါတယ်။ ဒါဟာသာမန်တိုက်ဆိုက်မှုမဟုတ်ပါဘူး။ အ၀ါရောင်အဓိပါယ်ရဲ့ နောက်ကွယ်မှာလေးနက်မှုတွေရှိနေပါတယ်။ အ၀ါရောင်ဟာ ဒီမိုကရေစီကိုယ်စားပြုတယ်။ သာသနာကိုကိုယ်စားပြုတာအားလုံးအသိပါ။ သံဃာလှုပ်ရှားမှုကို သူ ထောက်ခံတယ်ဆိုတာကို အခက်ခဲကြားကပြသလိုက်တာပဲဖြစ်ပါတယ်။

အခုဒေါ်အောင်ဆန်းစုကြည်ဟာ ရဲ ရဲတောက်အနီကို တကိုယ်လုံးမှာ ဆင်မြန်းထားခဲ့ပါပြီ။ အကောင်းဆုံးကိုမျော်လင့် အဆိုးဆုံးကိုပြင်ဆင်ကြဆိုတဲ့ သတင်းစကား နဲ့ အညီ တပြည်လုံးကိုနီကြတော့ ရဲကြတော့လို့ ပြောဆိုနေသယောင်ရှိပါတယ်။ အကျီအနီ ၊ ချိတ်ထမီ အနီ ဖိနပ်အနီစီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ မကြာခင် လာတော့မဲ့ မဟာ လူထုတိုက်ပွဲကြီး အတွက် အောင်အတိတ် အောင်နမိတ်တွေ ပေးနေပြီ လို့ ယူဆနိင်ပါတယ်။ ခွပ်ဒေါင်းအလံနီကို ဝှေ့ ကြတော့ ယမ်းကြတော့ ချီတက်ကြပါတော့  အို တက်လူ တို့ ရေ- ။


2 comments :

Burma Image said...

Ko Moe Thee,

This is what I have been thinking about and I was preparing to write to you what I think with it. If you have noticed after the September Revolution, she wore the yellow. Now she is wearing the red and ethnic sarongs. I think she is sending the messages to the people.

The yellow sends the calm, religious and respect to the monks what they have done. Now, the red clearly sends the signal of fighting spirit, must have the courage of red blood, the sarong sends the symbol of uniting all tine yin thars. What do you all think? The leader has called upon all of us. Let fight until we win. The victory is only for the braved sons and daughters of Burma. We fight we win!!!

Yaung Ni Oo

Unknown said...

Sure Friends. Let's call for an action!!

If NLD do not brave to call for an action by Burmese New Year, I think we should call for an action.

The deadline should be before referendum.

The following should be tentative schedule:

- Burmese New Year Day: The last day for NLD to do action call.
- The day after announcement of the referendum day: 88 group, Monks, etc., should do an action call.
- 2-3 days before referendum: The action should be started.