AFP, BEIJING
23 March
ကျော်သိင်္ခ
တရုတ်နိုင်ငံ ဘေဂျင်းအိုလံပစ်ပွဲတော်အတွက် မီးရှူးတိုင်ကို ဂရိနိုင်ငံမှာ လာမယ့် တနင်္လာနေ့မှာ ထွန်းညှိတော့ မှာဖြစ်ပါတယ်။ အဲဒီထွန်းညှိပွဲမှာ တိဘက်ကိစ္စနဲ့ အခြားအရေးကိစ္စတွေနဲ့ ပက်သက်ပြီး တရုတ်အာဏာပိုင်တွေ ကို ဆန့်ကျင်တဲ့ နောက်ထပ် ဆန္ဒပွဲအသစ်တစ်ခု ထပ်ပြီး ပြုလုပ်လိမ့်မှာ ဖြစ်တယ်လို့ တိဘက်အရေးလှုပ်ရှားသူ တစ်ဦးက ပြောကြားလိုက်ပါတယ်။
တိဘက်ဆူပူအုံကြွမှုတွေဟာ လွန်ခဲ့တဲ့ရက်များမှာ ဖြစ်ပွားခဲ့သလို လူ့အခွင့်အရေးလှုပ်ရှားသူများကလည်း တိ ဘက်ကိစ္စအပါအ၀င် အခြားအရေးကိစ္စတော်တော်များများ နဲ့ပက်သက်ပြီး တစ်ညီတစ်ညွတ်တည်း ထိရောက်တဲ့ အ ရေး ယူမှုတွေ ပြုလုပ်သွားဖို့၊ အစီအစဉ်တွေဆွဲဖို့ ပူးပေါင်း လုပ်ဆောင်နေကြပါတယ်။
“ကျနော်တို့ ဘာလုပ်မယ်ဆိုတာ အတူတကွ ဆွေးနွေးပြီး၊ အစီအစဉ်တွေ ရေးဆွဲနေပါတယ်” လို့ တရုတ် ဆန့်ကျင်ရေး လှုပ်ရှားသူများအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ လွတ်လပ်သော တိဘက်ကျောင်းသားများအဖွဲ့ရဲ့ ပြော ရေးဆို ခွင့်ရှိသူ လာဒန်တီသွန် က အခုလိုပြောပါတယ်။ “နောက်အရေးကိစ္စကတော့ နိုင်ငံတကာရဲ့ တာဝန်နဲ့ အရေး ယူမှုတွေပါပဲ” လို့ ဆက်ပြီးပြောပါတယ်။
အခြားတရုတ်တော်လှန်ရေးအုပ်စုတွေက အကြီးအကဲတွေကတော့ တရုတ်အစိုးရနဲ့ တိုက်ရိုက်ပက်သက်နေတဲ့ တိဘက်အရေး၊ ဒါဖာအရေး၊ လူ့အခွင့်အရေးကိစ္စ၊ ဘာသာရေးလွတ်လပ်ခွင့် နှင့် သြဂုတ်လ ဘေဂျင်း အိုလံပစ်ပွဲမှာ ပါဝင်ပက်သက်တဲ့ အခြားအရေးကိစ္စတို့ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ တရုတ် အတိုက်အခံတွေ အားလုံး နဲ့ ပူးပေါင်းပြီး လှုပ်ရှားဖို့ အစီအစဉ် ရေးဆွဲပြီးပါပြီ။
အဲဒီအစီအစဉ်တွေထဲမှာ အိုလံပစ်နဲ့ပက်သက်ပြီး ပိုပြီး ပစ်မှတ်ထား ထားတာကတော့ အိုလံပစ်ပွဲတော် ဖွင့်ပွဲမှာ သပိတ်မှောက်ဖို့ သို့မဟုတ် အိုလံပစ်ပြိုင်ပွဲကို ကမကထပြုသူတွေကိုသပိတ်မှောက်ဖို့ ၊ တိကျသေချာတဲ့ ဆန္ဒပြမှု သို့မဟုတ် အိုလံပစ်အားကစားသမားတွေ ကိုယ်တိုင် ပါဝင် ဆန္ဒပြကြဖို့ စတဲ့ အခြား ရွေးချယ်ထားတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါသေးတယ်။
“ဒီအစီအစဉ်တွေအားလုံးဟာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဖြစ်ဖို့အလားအလာလည်းရှိပါတယ်” လို့ တီသွန် က ပြောပါတယ်။ တိဘက်အရေးလှုပ်ရှားတဲ့အုပ်စုတွေနဲ့ အခြားအုပ်စုတွေ ချိန်ကိုက်ထားတာကတော့ အိုလံပစ် မီးရှူးတိုင် လက်ဆင့်ကမ်းလာတဲ့ လမ်းကြောင်းတွေ မှာ လှုပ်ရှားမှုတွေပြုလုပ်ဖို့ပါ။ အိုလံပစ်မီးရှူးတိုင် ဟာ ဧ၀ရတ် တောင်ကို ဒီဆောင်းဦးနှောင်းပိုင်းမှာ ရောက်ရှိမှာဖြစ်ပြီး၊ တိဘက်ပြည်နယ် လာဆာမြို့တော်ကို တော့ ဇွန်လ လယ်မှာ ရောက်မှာဖြစ်ပါတယ်။
ဘေဂျင်း အိုလံပစ်ကော်မတီမှ လျှူချင့် နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ ဂျက်ကော့ ရော့ဂီ တို့က အိုလံပစ် မီးရှူးတိုင်ကို လာမယ့်တနင်္လာနေ့မှာ ဂရိနိုင်ငံ၌ ထုံးစံအတိုင်း မိနစ် ၃၀ ကြာကြာ မီးထွန်းညှိကြမှာ ဖြစ် ပါတယ်။
မီးရှူးတိုင်ဟာ ဂရိနိုင်ငံမှာ လှည့်လည်ပြီးနောက် မတ်လ ၃၁ ရက်မှာ မီးရှူးတိုင် လွှဲပြောင်းပေးတဲ့အခမ်းအနား ကျင်းပဖို့အတွက် ဘေဂျင်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီနောက် တိုက်ကြီး ငါးတိုက်ကို ဖြတ်သန်းပြီး မီး ရှူးတိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်မှာ ဖြစ်ပါတယ်။ မီးရှူးတိုင်ဟာ တရုတ်ပြည်ကို မေလမှာ ပြန်လည် ရောက်ရှိမှာဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာ တိဘက်ဒေသအပါအ၀င်၊ တိုင်း၊ ခရိုင်၊ ဒေသ အသီးသီးသို့ လက်ဆင့် ကမ်းသယ်ဆောင် လှည့်လည်ဦးမှာ ဖြစ်ပါတယ်။
တိဘက်က တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့တွေကတော့ မကြာသေးမီက ဟိမ၀န္တာဒေသမှာ လူအများစု သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပက်သက်ပြီး သီးခြား လှုပ်ရှားကြဖို့ ဆုံဖြတ်ထားကြပြီးပါပြီ။
“ကျနော်တို့ကတော့ အားကစားသမားတွေကို အိုလံပစ်နဲ့ ခပ်ဝေးဝေးနေဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး” လို့ လန်ဒန်အခြေစိုက် တိဘက်ကမ်ပိန်း အဖွဲ့ရဲ့ ဒါရိုက်တာ အန်းန်ဟုန်းမ်း ကပြောပါတယ်။ “ဒါပေမယ့် အ ပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက မီးရှူးတိုင်ကို တိဘက်ဒေသဘက်ကို သယ်ဆောင်ဖို့ တားမြစ်တာကို မလုပ်ဖို့ ကျနော်တို့က တောင်းဆိုတာပါ” လို့ ဟုန်းမ် ကပြောပါတယ်။ အခြားအုပ်စုတွေကတော့ သူ့တို့ကိုယ်ပိုင် အစီအစဉ်တွေကို အသီးသီး ရေးဆွဲထားပြီးကုန်ကြပါပြီ။
ဥပမာ - ဖလန်ဂေါင် အုပ်စုက တိဘက်ဒေမှာ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံ တိဘက်လူမျိုးတို့ရဲ့ ဒုက္ခကို ဖော်ပြဖို့အတွက် သူတို့ကိုယ်ပိုင် မီးရှူးတိုင်ကို တစ်ယောက်ကသယ်ဆောင်ပြီး နောက်က အုပ်စုက မီးရှူးတိုင် သယ်ဆောင်သူနောက်က လိုက်မှာ ဖြစ်ပါတယ်။
ဆူဒန်နိုင်ငံအနောက်ဖက် ဒါဖာဒေသမှာ သတ်ဖြတ်မှုတွေဖြစ်ပွားနေတာကို ကူညီပေးနေတဲ့ တရုတ်အစိုးရကို ရပ်တန်းကနေ ရပ်ဖို့အတွက် ဒါဖာအိမ်မက် အဖွဲ့ (Dream for Darfur) အဖွဲ့က အိုလံပစ်မီးရှူးတိုင် သယ် ဆောင်ရာ လမ်းကြောင်းတစ်လျှောက် လိုက်ပြီး ဆန္ဒပြကြဖို့ စီစဉ်ထားပါတယ်။
“ကျနော်တို့ကတော့ အိုလံပစ် မီးရှူးတိုင် သယ်ဆောင်ရာနောက်ကို လိုက်ပြီး လှုပ်ရှားမှုပုံစံ အမျိုးမျိုးလုပ်ဖို့ ပစ် မှတ်ထား ထားပါတယ်” လို့ Dream of Darfur အဖွဲ့ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဂျေးဆာဗစ်က ပြောပါ တယ်။
တရုတ်ခေါင်းဆောင်တွေဘက်ကလည်း မီးရှူးတိုင်သယ်ဆောင်ရာလမ်းကြောင်းတစ်လျှောက် နိုင်ငံတကာမှာ လုံခြုံရေးတွေချထားရေးကိစ္စနဲ့ပက်သက်ပြီး စကားပြောပြီးပါပြီ။ အထူးသဖြင့် လန်ဒန်၊ ပဲရစ်၊ ဆန်ဖရန်စစ္စကို တို့ မှာ ဧပြီလ ၆၊ ၇၊ ၈ ရက်တို့မှာ လုံခြုံရေးတွေ ချထားဖို့ကိစ္စကို တရုတ်ခေါင်းဆောင်တွေနဲ့ စကားပြောပြီးပါပြီ။
ပဲရစ်အခြေစိုက် လွတ်လပ်ရေးအဖွဲ့က မီးရှူးတိုင် ပဲရစ်ကို အရောက် မီးရှူးတိုင်ဖွင့်ပွဲအခမ်းအနားမှာ ဥ ရောပနိုင်ငံတွေက ခေါင်းဆောင်တွေ စိတ်ဝင်စားသွားစေမယ့် သပိတ်မှောက်ပွဲ ဆင်နွှဲမယ့် အစီအစဉ်ကို ပြောပြ သွားပါတယ်။
ဒါပေမယ့် ဥရောပ ပါလီမန် အမတ် ဟန်စ်ဂါ့ထ်ပိုတာရီး က တရုတ်အစိုးရဟာ တိဘက်ခေါင်းဆောင် ဒလိုင် လားမားနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆက်လက်ပြီး ငြင်းဆန်နေဦးမယ်ဆိုရင် သပိတ်မှောက်တာ တရားမျှတမှု ရှိပါတယ်လို့ ပြောလိုက်ပါတယ်။
No comments :
Post a Comment