Tuesday 25 March 2008

သန်းရွေ အ သွားပြီ


မတ်လ ၂၃ရက်နေ့ ညနေ ၅နာရီ က သန်းရွေ ဟာ ရေချိုးခဲ့ပြီး အပူရှပ်က အသံ မထွက်တော့ဘူး ဟုသိရပါတယ်။ ပျဉ်းမနား ကြပ်ပြေးဟာ အတောပူတဲ့အရပ်ဒေသဖြစ်တဲ့အတွက် အပူလှိုင်းဒဏ်ကို ပျဉ်းမနားရောက် စစ်သား တွေရော၊ ၀န်ထမ်းတွေပါ ခံစားနေရပါတယ်။ အခုအခါမှာတော့ အပူလှိုင်းဒဏ်ကို သန်းရွှေပါ ခံစားသွားရပြီ ဖြစ်ပါတယ်။
အသံမထွက်တော့အတွက် ရန်ကုန်က လည်ချောင်း အထူးကု ဆရာဝန်ကြီး ကို မတ်လ ၂၄ရက်နေ့ နံနက် လင်းအားကြီး က ရန်ကုန်မှ ပျဉ်းမနားကို အရေးပေါ်ခေါ်ယူသွားတယ်လို့ သိရပါတယ်။ စစ်မှုထမ်းဟောင်း က ဗိုလ်ကြီးတဦး ကတော့ ဒါ ဘုရားရိုက်တာပေါ့ဗျာ ဟု ဆိုပါတယ်။ တကယ်က သန်းရွှေဟာ စကားမပြောတတ် တော့ တာ ကြာပြီဗျ။

တပ်မတော်နေတိုင်းမှာ တပ်မတော်အကြီးအကဲတိုင်းဟာ မိန့် ခွန်းပြောခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းကနေ ဦးနေ၀င်း၊ ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ်ကြီးစောမောင်အထိပဲဗျ။

ဒါပေမဲ့ ဦးသန်းရွေက တပ်မတော်နေ့ တိုင်းမှာ တခါမှ စကားမပြောတာက သူမှလေဖြန်းရောဂါရှိတာကို တိုင်းပြည်က မသိအောင် ဖုံးကွယ်နေခဲ့တာဗျ ဟု နေပြည်တော် ရပ်ကွက် က အတွင်းသိတဦးကဆိုပါတယ်။ အရင်က စကားကို ခပ်တိုတိုတွေပဲ ပြောလို့ ရတယ်။ ကြာလာရင် မပိမသဖြစ်လာလေ့ရှိတယ်။
အခုတော့ အတော့ကိုအခြေအနေဆိုးသွားပြီ ဟု သူကဆက်ပြောပါတယ်။
တပ်မတော်ထဲက အရာရှိကြီးတွေက သူကို အ- အ သန်းရွေ လို့ နောက်ကွယ်မှာ ခေါ်နေတာကြာပြီဗျလို့ ဆိုပါတယ်။

No comments :