Wednesday 12 March 2008

သမ္မတ ဘွတ်ရှ်ရဲ့ ခိုင်မာပြတ်သားတဲ့ရပ်တည်ချက်

AFP, WASHINGTON
11 March
ဘာသာပြန် - ကျော်
အမေရိကန်သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် က သူတို့ရဲ့ နိုင်ငံတွေရဲ့ မတရားတဲ့ အစိုးရတွေကို ရဲရဲဝံ့ဝံ့ အာခံဝံ့တဲ့ ကမ္ဘာက သတ္တိခဲ အမျိုးသမီးများအတွက် အားတက်ဖွယ်လက်ဆောင်စကားကို ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ် ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီအမျိုးသမီး သုံးဦးကတော့ ဘဲလားရက်စ် နိုင်ငံမှာ မှာ ဖမ်းဆီး ထောင်ချခံထားရတဲ့ အတိုက်အခံခေါင်းဆောင် အလက်ဇန္နားကိုဇူလင်း ရဲ့ဇနီးဖြစ်သ၊ူ လွန်ခဲ့တဲ့လက အသက် ၄၈ နှစ်နဲ့ ကွယ်လွန်သွားရှာ ပြီဖြစ်တဲ့ အိုင်ရီနာ၊ ကျူးဘား အစိုးရနဲ့ သဘောထားကွဲလွဲပြီး အခက်အခဲတွေ ရင် ဆိုင်နေရတဲ့ မာတာ ဘီယာထရစ်ဇ် ရို့ ကေဘယ်လို နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့ပါဘဲ။

သမ္မတ ဘွတ်ရှ်က “သူတို့ဟာ သူတို့နိုင်ငံမှာရှိတဲ့ ပြည်သူတွေ လွတ်မြောက်ရေး အတွက် အမှန်တရားဘက် က ရပ်တည်နေကြတဲ့အတွက် အမေရိကန်အနေနဲ့လည်း သူတို့ရဲ့ ကြိုးပမ်းမှုတွေမှာ ပါဝင်ကူညီမယ်လို့ ကတိ ပေးတယ်” လို့ အခိုင်အမာ ပြောကြားသွားပါတယ်။
“အဲဒီအမျိုးသမီးတွေဟာ အမေရိကန်နိုင်ငံသားတွေအတွက် နမူနာယူစရာပုဂ္ဂိုလ်တွေပါဘဲ။ ကျွန်ုပ်တို့ အနေနဲ့လည်း သူတို့ရဲ့နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ အဲဒီ အမျိုးသမီးတွေရဲ့ လုပ်ဆောင်ချက်တွေ ကို ဆက်လက်ပြီး အကူ အညီတွေ ပေးသွားမှာပါ” လို့ သမ္မတ ဘွတ်ရှ် က ဆက်လက်ပြောသွားပါတယ်။
သမ္မတ ဘွတ်က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သမိုင်းဝင်အမျိုးသမီးများရဲ့လအဖြစ် ကျင်းပတဲ့အခမ်းအနားမှာ အခုလို ပြောသွားခဲ့တာဖြစ်ပါတယ်။
သမ္မတဘွတ်က ဥရောပရဲ့ နောက်ဆုံး အာဏာရှင်နိုင်ငံလို့ခေါ်တဲ့ ဘဲလားရက်စ် အစိုးရကို အလက်ဇန္နား အား သူ့ဇနီးသည်ရဲ့ ဈာပန မှာရှိနေဖို့ လွှတ်ပေးသင့်ကြောင်း တောင်းဆိုထားပြီး ဖြစ်ပါတယ်။ “ဒီလိုလုပ်ရပ်ဟာ ရက်စက်တဲ့လုပ်ရပ် ဖြစ်တယ်” လို့လည်း ဘွတ်ရှ် ကပြောပါတယ်။
ပြီးတော့ အမေရိကန်အနေနဲ့ အလက်ဇန္နား ကိုဇူလင်းကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုသလို ဘဲလား ရက် နိုင်ငံက အခြားနိုင်ငံရေးအကျဉ်းသားတွေကို လည်းပြန်လွှတ်ပေးဖို့ကိုလည်းသမ္မတ ဘွတ်ရှ်က တောင်းဆို လိုက်ပါတယ်။
ကျူးဘားနိုင်ငံမှာ ကျပြန်တော့၊ မာတာဘီယာထရစ်ဇ် ဟာ ကတ်စထရိုရဲ့ ရဲတိုက်ထဲမှာဘဲ အသက် ရှင်လျှက်နေနေရတယ်။ သူမအနေနဲ့ အာဏာရှင် ကတ်စထရိုက နောက်အာဏာရှင်ကို အာဏာလွှဲ ပြောင်းပေး လိုက်တာ ဖြစ်လို့ ကျူးဘားနိုင်ငံမှာ လွတ်လပ်မှုဆိုတာ ရှိမှာမဟုတ်သေးဘူးဆိုတာကို ကောင်း ကောင်းသိပါတယ်။ သူမ ပြောချင်တာကတော့ ဖီဒယ် ကတ်စထရို ဟာ အာဏာကို သူ့ရဲ့ ညီအစ်ကိုတော်စပ်သူ ကိုလွှဲပြောင်းပေးလိုက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီကနေ့တော့ ကျူးဘားပြည်သူလူထုကို သတင်းတစ်ပုဒ်တော့ ကျနော်ပေးလိုက်ပါမယ်။ အဲဒါကတော သင်တို့ လွတ်လပ်မယ့် နေ့တစ်နေ့ဟာ မကြာခင်ရောက်လာတော့မယ် ဆိုတာပါဘဲ။ အဲဒီနေ့ ရောက်တဲ့အထိ အမေရိကန်က ကျူးဘားနိုင်ငံ လွတ်လပ်ဖို့ အတွက် အတူတကွ အလုပ်လုပ်နေကြတဲ့ အတိုက်အခံတွေဘက်က ရပ်တည်နေမှာပါ” လို့ ပြောသွားတဲ့ သမ္မတဘွတ်ရှ်ရဲ့ စကားလုံးများဟာ ကျူးဘားပြည်သူတို့အတွက် အားတက် စရာပါ။
သမ္မတဘွတ်ရှ် က ဒေါ်အောင်ဆန်းစုကြည်နဲ့ပက်သက်ပြီး “ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံကို အုပ်စိုးနေတဲ့၊ မြန်မာနိုင်ငံအတွက် အန္တရာယ်တစ်ခုဖြစ်တဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေများရဲ့ ပိုင်ရှင် စစ်အာ ဏာရှင်တွေရဲ့ အတိုက်အခံခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တာ ကာလမှာ ၁၂ နှစ် လုံးလုံး နေအိမ်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူပါ” လို့ သူကပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်လူထုကို ပြောထားတဲ့စကားတစ်ခွန်းရှိပါတယ်။ သင်တို့ရဲ့လွတ်လပ် မှုတွေကို ကျမတို့ရဲ့ လွတ်လပ်မှုအတွက် တိုးမြှင့်ပြီး အသုံးချ ကြပါ တဲ့။ ကျနော်တို့ အနေနဲ့ကလည်း ကျနော်တို့ တတ်နိုင်သလောက် ကြိုးစားနေပါတယ်။ လွတ်လပ်မှု ဆိုတဲ့ ဒီရေဟာ ဗမာပြည်ရဲ့ကမ်းစပ်ကို ရောက်ရှိလာ တဲ့အထိ အခုလို ကျနော် တို့ဘက်က ဆက်လုပ်သွားမှာပါ” လို့ သမ္မတ ဘွတ်ရှ် က ပြောသွားပါတယ်။

No comments :