“မစ္စတာ ဘန် နဲ့ ဂမ်ဘာရီ၊ ဒီစာက ၁၉၉၀ တုန်းက မြန်မာဝန်ကြီးချုပ်ပို့လိုက်တဲ့ စာမဟုတ်ဘူး”
UN, GENEVA
18 March
By Matthew Russell Lee
ဘာသာပြန် - ကျော်သိင်္ခ
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငါးဦးက ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ ရန် ကုန်မြို့ UNDP ရုံးကနေတဆင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံကို ပေးပို့ လိုက်တဲ့စာဟာ ပျောက်ဆုံးသွားတယ် လို့ သိရပါတယ်။ နှစ်ပတ်ကြာပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ငါးဦးဟာ ကုလသမဂ္ဂက ဘာတုန့်ပြန်မှု မှ မရရှိတဲ့အတွက် အကြောင့် တိုင်ကြားစာပို့လိုက်ပါတယ်။
ကြာသပတေးနေ့က ကုလသမဂ္ဂရုံးချုပ်မှာ၊ မြန်မာပြည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက မစ္စတာ ဘန်ကီမွန်း ထံ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လက်မခံဖို့ရေးထားတဲ့စာကို လက်ခံရရှိ၊ မရှိမေး ကြပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက “စာကိုလက်ခံရရှိခဲ့လား၊ မရှိဘူးလားဆိုတာကို ကျ နော် စုံစမ်းပါမယ်။ စာက မစ္စတာ ဘန်ကီမွန်းဆီကို တိုက်ရိုက်ပို့တာမဟုတ်ဘူး။ အတွင်းဝန်ရုံးကို ပို့တာ။ အတွင်းဝန်ရုံးက စာကိုလက်ခံရရှိခဲ့လား၊ မရှိဘူးလားဆိုတာကို ကျနော်စုံစမ်းပါမယ်။ ကျနော် အကြံပြုချင်တာ ကတော့ ခင်ဗျားတို့အနေနဲ့လည်း မစ္စတာ ဂမ်ဘာရီကို ဒီနေ့နေ့လည် မေးကြည့်ကြပါ” လို့ ပြောပါတယ်။
စာကို မစ္စတာ ဘန်ကီမွန်းထံကို ကြာသပတေးနေ့နောက်ပိုင်းက ပို့ဆောင်ပေးပြီးနောက်၊ အတွင်းပိုင်က သက် ဆိုင်သူတွေက မစ္စတာ ဂမ်ဘာရီကို စာနဲ့ပက်သက်တဲ့ ကိစ္စကို မေးကြပါတယ်။ အဲဒီစာကတော့ ရခိုင်ပြည်နယ်၊ ဂွမြို့ကမဲဆန္ဒနယ်မှူး ဦးညီပု၊ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က မဲဆန္ဒနယ်မှူး ဒေါက်တာ တင်မင်းထွဋ်၊ ချင်း ပြည်နယ် တွန်းဇန်မြို့ မဲဆန္ဒနယ်မှူး ဦးပုချင်ရှင်းထန်၊ ဒေါက်တာ မြင့်နိုင် နှင့် စစ်ကိုင်းတိုင်း ကန့်ဘလူးမြို့နယ် မဲဆန္ဒနယ်မှူး ဦးသိန်းဖေ တို့ရေးသားထားတဲ့စာ ဖြစ်ပါတယ်။ ဂမ်ဘာရီက သူ့အနေနဲ့ ပါတီအဖွဲ့အစည်းတွေကို တွေ့ဆုံဖို့ ဆက်သွယ်နေစဉ်မှာ အဲဒီစာနဲ့ပက်သက်လို့ သတိမထားခဲ့မိဘူးလို့ ပြောပါတယ်။
UNDP ရုံးအနေနဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေကို အကူအညီပေးနေတယ်ဆိုရင် သူတို့အနေနဲ့ စာကို ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ အမှုဆောင်ရုံးကို ပို့သင့်ပါတယ်။ ထိုကိစ္စအပေါ် လျှောက်လဲချက်တွေကို ကြားပြီးတဲ့အခါမှာတော့ အမှုဆောင်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက “ခင်ဗျားတို့အနေနဲ့ အထွေထွေ အတွင်းရေးမှူးချုပ် က မြန်မာပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့စာကို လက်ခံရရှိ သလား လို့မေး ခဲ့တယ်။ သူ့အနေနဲ့ စာကို လက်ခံရရှိခြင်းမရှိပါဘူး” လို့ပြောပါတယ်။
ဒီနှစ်အစောပိုင်းကလည်း ကုလသမဂ္ဂရုံးချုပ်အနေနဲ့ ဘူရမ်ဒီ က ဥပဒေပြုအဖွဲ့ဝင်အတိုက်အခံ ၄၆ ယောက်ပေး ပို့လိုက်တဲ့ စာကို လက်ခံရရှိခဲ့ခြင်းမရှိခဲ့ပါဘူး လို့ သူကပြောပါတယ်။ အဲဒီ အတိုက်အခံတွေက အသက် အန္တရာယ်ခြိမ်းချောက်မှုတွေကို ကုလသမဂ္ဂကနေ ကာကွယ်ပေးဖို့ တောင်းဆိုထားတဲ့ စာကို UNDP ရုံးကနေ တစ်ဆင့် ကုလသမဂ္ဂ ကိုပို့ခဲ့တာဖြစ်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ် မွန်တက်စ် က “ကျနော်တို့ အဲဒီစာ ကို လည်း မရရှိခဲ့ပါဘူး။ အဲဒါကို ကျနော် မီဒီယာတွေကနေတစ်ဆင့် သိခဲ့ရတယ်။ အဲဒီစာက ဘူဂျမ်ဘူရာ က ကုလသမဂ္ဂ ကိုယ်စားလှယ်တွေဆီကနေတစ်ဆင့် ကုလသမဂ္ဂရုံးကို ပို့လိုက်တာဖြစ်ပါတယ်။ ကျနော်တို့ အဲဒီ စာကို အခုထိမရရှိသေးဘူး။ အဲဒီ ကိစ္စနဲ့ ပက်သက်ပြီးတော့ကျနော်ဆီမှာလည်း ဘာမှမရှိဘူး” လို့ ပြောသွားပါ တယ်။ အဲဒီစာ ပို့ပြီးလို့ နှစ်ပတ်အကြာမှာ ဥပဒေပြု အဖွဲ့ ၀င် အတိုက်အခံတွေဟာ ဗုံးခွဲတိုက်ခိုက်ခြင်း ခံခဲ့ ရပါတယ်လို့ ဘန်ကီမွန်းရဲ့ပြောရေးဆိုခွင့်ရှိသူက တစ်ဆင့် သိရပါတယ်။ “အခုလည်း ကျနော်တို့ကို တစ်ခါ အရူး လုပ်ပြန်ပြီ” လို့ သူကဆိုပါတယ်။

1 comment :
I just want to give information to you all that www.un.org is banned to access from Myanmar, especially through MPT ISP.
Post a Comment