Sunday, 27 April 2008

အာဏာသုံးပြီး ဖိအားပေးတာကို ဆန့်ကျင်ကြ

AFP, Yangon

26th April

ကျော်သိင်္ခ

စစ်ဗိုလ်ချုပ်တွေဟာ လာမယ့်မေလမှာပြုလုပ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲမှာ ပြည်သူတွေအနေနဲ့ ထောက်ခံမဲပေးဖို့ အာဏာသုံးပြီး ဖိ အားတွေ ပေးနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောကြာနေ့က ပြောကြားလိုက်ပါတယ်။

မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ပြည်သှူ့ဆန္ဒခံယူပွဲ ရလာဒ်ကို ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အတည်ပြုမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေဘက်က ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကတော့ စစ်အစိုးရရဲ့ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲဟာ ၁၉၆၂ ခုနှစ်ကတည်းက အုပ်စိုးလာခဲ့တဲ့ ၎င်းတို့ရဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို သက်စိုးရှည်အောင်လုပ်တာဘဲ လို့ ပြောကြပါတယ်။

စစ်အစိုးရက ၎င်းတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းအမျိုးမျိုးနဲ့ အတည်ပြုဖို့ ကြိုးစားနေကြောင်း ဖော်ပြထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ပြည်သူ့ဆန္ဒခံယူပွဲဟာ တစ်ကမ္ဘာလုံးက လက်ခံနိုင်တဲ့ အဆင့် အတန်းမှီမှာ မဟုတ်ကြောင်း ရေးသားထားပါတယ်။

“အာဏာပိုင်တွေဘက်က သူတို့ရဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို လွတ်လပ်ပြီး၊ မျှတမှုမရှိအောင် နည်မျိုးစုံနဲ့ လုပ်နေတာဖြစ်တယ်” လို့ လည်း ရေးသားထားပါတယ်။

“မဲပေးခွင့် ရှိသူတွေအနေနဲ့ မဲရုံကိုသွားပြီး ကြောက်လန့်မနေဘဲ ကြက်ခြေခတ်ပြီး ကန့်ကွက်မဲပေးကြပါလို့ ကျနော်တို့က တိုက်တွန်းအားပေးချင်ပါတယ်” လို့ လည်းဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င်၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများကတော့ မေလ ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် ပြည်သူ့ ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ (No) ပေးကြဖို့ ပြည်သူလူထုကို ကြေငြာထားပြီးပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောကြာနေ့က ပြောကြားရာမှာ “သူတို့ဘက်ကတော့ မဲကို ပြောင်ပြောင်တင်းတင်း လိမ်မှာဘဲ။ မဲရေတွက်ရင်လဲ အများသိခွင့်ရမှာမဟုတ်ဘူး။ တကယ်လို့ မှားယွင်းမှုတစ်ခုခုဖြစ်ရင် တာဝန်ယူဖို့ တာဝန်ရှိသူတွေကိုလည်း ခန့်အပ်ထားခြင်း မရှိဘူး” လို့ ပြောပါတယ်။

အဖွဲ့ချုပ်ကထုတ်ပြန်တဲ့ ထုတ်ပြန်ထဲမှာ ဖော်ပြထားရာမှာ စစ်အစိုးရက ၎င်းတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပက်သက်တဲ့အသေး စိတ်အချက်အလက်တွေကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှာရော၊ သတင်းစာတွေမှာပါဖော်ပြမထားကြောင်း၊ ပြည်သူလူထုအနေနဲ့ စစ်အစိုးရ ရေးဆွဲထားတဲ့ စာမျက်နှာ ၁၉၄ မျက်နှာပါရှိပြီး၊ ဧပြီလ ၉ ရက်နေ့ကမှ အပြင်ကိုထုတ်ဝေတဲ့ အခြေခံဥပဒေစာအုပ်ကို လေ့လာဖို့ လုံလောက်တဲ့ အချိန်မရရှိကြောင်း နဲ့ အဲဒီ အခြေခံဥပဒေစာအုပ်ကိုလည်း လုံလုံလောက်လောက် ဖြန့်ချီခြင်းလည်း မရှိကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ရေးသားထားပါတယ်။

ပြင်သစ်နိုင်ငံက ၎င်းအနေနဲ့ ဗမာစစ်အစိုးရရဲ့ ပြည်သူ့ဆန္ဒခံယူပွဲဟာ ရှင်းလင်းပြီး၊ အများလက်ခံနိုင်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ဖြစ်မယ်လို့ မျှော်လင့်မထားကြောင်း သောကြာနေ့က ပြောကြားလိုက်ပါတယ်။

“ရွေးကောက်ပွဲကျင်းပတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲဟာ အများလက်ခံနိုင်ရမယ်၊ ရှင်းလင်းရမယ်၊ ဒီမိုကရေစီနည်းလမ်းကျ ဖြစ်ရမယ်” လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ရာမယေ့ဒ်က သူ့ရဲ့ ကမ္ဘောဒီယားနိုင်ငံ အလည်အပတ်ခရီးစဉ် မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ The New Light of Myanmar သတင်းစာမှာ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သတင်းစာခေါင်းကြီးပိုင်းမှာ အကျယ်တ၀င့် နဲ့ ရေးသားဖော်ပြနေချိန်မှာ ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်တွေနဲ့ စည်းရုံးရေးမှူး တွေဟာ အာဏာပိုင်တွေရဲ့ ညဉ်းပန်းနှိပ်စက်မှုတွေကိုခံနေရပါတယ်။ ဖမ်းဆီး၊ စစ်ဆေးမေးမြန်းတာတွေလည်း ပြုလုပ်ခံနေရတယ်လို့ သိရပါတယ်။

“ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ပက်သက်တဲ့ ဥပဒေတွေနဲ့ ၎င်းနဲ့ ပက်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေ့လာရသလောက်တော့ စည်းကမ်းချက်တွေဟာ အစပိုင်းကနေစပြီး လွတ်လပ်ပြီး၊ တရာမျှတမှုမရှိဘူး” လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

စစ်အစိုးအရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်အမတ်နေရာရဲ့ လေးပုံတစ်ပုံဟာ စစ်တပ်အတွင်းက ဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးနေရာအပါအ၀င်၊ အဓိကကျတဲ့ ၀န်ကြီးနေရာတွေကိုတော့ စစ်တပ်ကသာ ချုပ်ကိုင်ထားမှာ ဖြစ်ပါတယ်။

နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တဲ့အတွက် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။

နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူအများစုက လက်ခံဖို့ လိုအပ်ပါတယ်။ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျန်ရှိတဲ့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းက ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင်ခွင့် ရရှိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရပ်သား ဥပဒေပြုသူတွေအတွက် စစ်အစိုးရရဲ့ ပံ့ပိုးမှုမပါဘဲ ပြုပြင်ပြောင်းလဲဖို့ ခက်ခဲအောင် စစ်အစိုးရက ပြုလုပ်ထားပါတယ်။

စစ်အစိုးရရဲ့ ပြည်သူ့ဆန္ဒခံယူပွဲဟာ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပါတယ်။ NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပြီး စစ်အစိုးရက ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုခြင်း မရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွန်ခဲ့တဲ့ ၁၈ နှစ်တာကာလလုံးလုံး ၁၂ နှစ်ကြာကြာ နေအိမ်မှာ အကျယ်ချုပ် ဖမ်းဆီးခံ နေရ ဆဲ ဖြစ်ပါတယ်။


No comments :