ဂျပန်နိုင်ငံက စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု
AP, Tokyo
26th April
ကျော်သိင်္ခ
ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံး မဲပေးခွင့်ရရေး တောင်းဆိုကြတဲ့ ဆန္ဒပြသူတွေဟာ ဂျပန်ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုကျိုမြို့ မြန်မာသံရုံးရဲ့ အပြင်ဘက်မှာ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဆန္ဒပြခဲ့ကြတဲ့ထဲက ဒဏ်ရာရသူ ၁၀ ဦးအနက် ဂ ဦးကို ဆေးရုံကိုပို့လိုက်ရတယ်လို့ တိုကျို မီးသတ်ဋ္ဌာနက ပြောရေးဆိုခွင့်ရှိသူ ယိုရှီနိုယီ နာဂါရှီကီ က အေပီ သတင်းဋ္ဌာနကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
သူကပဲ ဆက်လက်ပြီး “ဒဏ်ရာရသူတွေကတော့ သတိရကြပါတယ်။ ဒါပေမယ့် သူတို့နဲ့ပက်သက်ပြီး ကျန်တဲ့ အခြေအနေကိုတော့ ချက်ခြင်း မသိရသေးဘူး” လို့ ပြောပါတယ်။
တိုကျိုမြို့စောင့်ရဲတစ်ဦးကတော့ မြန်မာနိုင်ငံသားလေးယောက်အား ဆေးရုံတစ်ခုသို့ ခေါ်ဆောင်သွားကြောင်း၊ နှစ်ယောက် ဒဏ်ရာအနည်းငယ်စီ ရကြပြီး၊ အခြားနှစ်ယောက်ကတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရင်း ဒဏ်ရာရတာ ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် အခြား ဒဏ်ရာရသူတွေနဲ့ ပက်သက်ပြီး အသေးစိတ်ကိုတော့ ပြောပြသွားခြင်းမရှိပါဘူး။
ဒဏ်ရာရသူအားလုံးဟာ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူအယောက် ၁၅၀ ထဲကဖြစ်ပါတယ်။ ထို ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသား အများစုပါဝင်ပြီး၊ ဆန္ဒပြပွဲကို ထောက်ခံအားပေးတဲ့ ဂျပန်နိုင်ငံသားအချို့လည်း ပါဝင်ဆန္ဒပြခဲ့ကြ ပါတယ်။ ဆန္ဒပြသူတွေဟာ ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအားလုံး စစ်အစိုးရရဲ့ ပြည်သူ့ဆန္ဒခံယူ ပွဲမှာ ပါဝင်မဲပေးခွင့်ရဖို့ တောင်းဆိုကြတာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ ထိုရဲအရာရှိတစ်ဦးက ပြောပြသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားအများစုနှင့် ဂျပန်နိုင်ငံသားအချို့ပါဝင်တဲ့ လူ ၁၅၀ အင်အားရှိတဲ့ ဆန္ဒပြသူတွေဟာ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအားလုံး စစ်အစိုးရရဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ ပါဝင်မဲပေးခွင့်ရရေးကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေထဲက ဒဏ်ရာရသူတွေကတော့ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ကြတယ်လို့ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိတစ်ယောက်က ပြောဆိုသွားတာဖြစ်ပါတယ်။
ဆန္ဒပြသူတွေရဲ့ မဲပေးခွင့်နဲ့ပက်သက်တဲ့တောင်းဆိုချက်တွေကိုတော့ ချက်ချင်း ရှင်းလင်ခြင်းမရှိပါဘူး။ သို့သော်ငြားလည်း မြန်မာစစ်အစိုးရအနေနဲ့ ပြည်ပထွက်ခွင့် ပါမစ်ကဲ့သို့ အစိုးရထံက တရားဝင်ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများသာလျှင် မဲပေးခွင့်ရှိကြောင်း တရားဝင်စည်းကမ်းချက် သတ်မှတ်ထားပြီးဖြစ်ပါတယ်။ အဲဒီစည်းမျဉ်း ဥပဒေဟာ ပြည်ပမှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ နိုင်ငံရေးသမား အများစုနဲ့ ဒုက္ခသည်တွေကိုတော့ မဲပေးခွင့်ရစေမှာ မဟုတ်ပါဘူး။
မြန်မာသံရုံးက အရာရှိတွေကတော့ စနေနေ့အထိ မည်သည့်ထင်မြင်ချက်မျိုးမှ ပေးခြင်းမရှိပါဘူး။
စစ်အစိုးရပြောတဲ့ ဒီမိုကရေစီအတွက် လမ်းပြမြေပုံထဲက အဆင့်တစ်ဆင့်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတဲ့ ပြည်သူဆန္ဒခံယူပွဲဟာ ၎င်းတို့အာဏာ တည်မြဲစေသော စစ်ဥပဒေတစ်ရပ် ပေါ်ထွန်းဖို့ ဖြစ်တဲ့အတွက် ပြည်တွင်းက သာမက နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်အစိုးရကို ဝေဖန်သူတွေဘက်ကတော့ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အာဏာ သက်ဆိုးရှည်စေဖို့ နဲ့ အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိရေးကို တားမြစ်တဲ့ အတုယောင် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုသာဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။
No comments :
Post a Comment