Wednesday 2 April 2008

သူရဲကောင်းဦးအုန်းသန်း သတင်း

တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းကို နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမှုဖြင့် ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် တရားရုံးက ယနေ့တွင် ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက် သည်။ ဦးအုန်းသန်းသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့၌ အမေရိကန် သံရုံးရှေ့တွင် ပြန်လည် ဆန္ဒပြခဲ့ခြင်း ကြောင့် နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် တသက်တကျွန်းနှင့် ကျပ်ငွေ ၁ ထောင် ပြစ်ဒဏ် ချခံရခြင်း ဖြစ်သည်။
Source: Mizzima


No comments :