Wednesday 2 April 2008

သွေးကြွေးဆပ်ခွင့် ကြုံ ပြီ - မဲ ရုံကိုသွားကြ - ကန့် ကွက်မဲပေးကြ

ကန့်ကွက်မဲပေးရေးလှုံ့ဆော်စာများ ရန်ကုန်မြို့တွင်းဖြန့်ဝေ
၂ ဧပြီ ၂၀၀၈

ရန်ကုန်မြို့တွင်းနေရာအချို့၌ မေလကျင်းပမည့် ဆန္ဒခံယူပွဲတွင် နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံ မူကြမ်းကို ကန့် ကွက်ကြရန် “ကန့်ကွက်မဲပေး…..ဒို့သွေးကြွေး” ဟု ရေးသားထားသည့် လှုံ့ဆော်သည့်စာများ ယခုရက်ပိုင်း အ တွင်း လူငယ်တစုက လိုက်လံဖြန့်ဝေလျက်ရှိကြောင်း သိရသည်။ယမန်နေ့ညက ရန်ကုန်မြို့ အင်းစိန် လမ်းမကြီးပေါ်ရှိ ဘီပီအိုင် ဆေးဝါးစက်ရုံ၊ စက်မှုတက္ကသိုလ် အနီးတ၀ိုက်ရှိ လူအများ သွားလာတတ်သည့် နေရာများ တွင်လည်းကောင်း၊ နံနက်ခင်း အပန်းဖြေ လေ့ကျင့်ခန်းလုပ်ရန် လာရောက်သူတို့ ဖတ်ရှုနိုင်ရန် ပြည်သူ့ရင်ပြင်နှင့် ပန်းခြံများအတွင်း၌ လည်းကောင်း လက်ကမ်းကြော်ငြာ အရေအတွက် (၁,၀၀၀) ခန့် ဖြန့် ဝေခဲ့ကြောင်း မြန်မာနိုင်ငံတွင်း လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အမည်ရှိ လှုံ့ ဆော်စာ ဖြန့်ဝေနေသည့်အဖွဲ့က ပြောသည်။

လက်ကမ်းကြော်ငြာ၌ “ဒို့ရိုသေလေးစားတန်ဖိုးထားတဲ့ သံဃာတော်တွေကို မင်းတို့သတ်ခဲ့တယ်။ မင်းတို့ရဲ့ မိဘတွေဖြစ်တဲ့ ပြည်သူတွေရဲ့ သွေးတွေနဲ့ ခြေဆေးခဲ့တယ်။ မိဘတိုင်းရဲ့ ရင်နင့်သည်းချာဖြစ်တဲ့ ကျောင်း သား တွေကိုလည်း မင်းတို့သတ်ခဲ့တယ်။ ဒို့ပြည်သူတွေအကုန်လုံး မင်းတို့ကို ဘယ်လောက် ပက်ပက်စက်စက် ရွံမုန်းတယ်ဆိုတာ ကမ္ဘာက သိစေရမယ်။ ကန့်ကွက်မဲဟာ တို့ရဲ့လက်နက်ပဲဖြစ်တယ်။ သန်း (၅၀) ကျော် ပြည်သူတွေဟာ ဒို့ရဲ့လူတွေပဲ။ လက်တွဲညီညီ မဲရုံဆီသို့၊ ကန့်ကွက်မဲပေး ပြည်သူ့အရေး၊ သွေးကြွေးဆပ်ခွင့် ကြုံပြီဟေ့” ဟု ရေးသားထားကြောင်း သိရသည်။ မြေသြဇာအဖွဲ့၏ တာဝန်ခံ ဦးဣန္ဒက “ပြည်သူလူထုကို ကန့်ကွက်မဲ ပေးကြဖို့ လှုံ့ဆော် ပေးတာပေါ့။ ဘာ ကြောင့် ကန့်ကွက်ရသလဲဆိုတော့ နအဖစစ်အစိုးရလုပ်နေတဲ့ ဖွဲ့စည်းပုံက တကယ်တမ်းတော့ စစ်အာဏာ ရှင်တည်မြဲရေးကိုပဲ လုပ်ထားတာပဲလေ။ ပြည်သူလူထုတွေ အကျိုးစီးပွားအတွက် ဘာတခုမှ မပါဘူး ။ ပြည်သူတွေကသာ ၀ိုင်းဝန်းကန့်ကွက်ပေးမယ်ဆိုရင် နအဖ စစ်အာ ဏာရှင်ရဲ့ လုပ်ဇာတ်ကြီးဟာ အလိမ် ပေါ်သွားမယ်။ သူတို့ဟာ တရားမ၀င်တဲ့အစိုးရဆိုတာ တကမ္ဘာလုံးက သိသွားမယ်” ဟု မိန့်ကြားသည်။ လက်ကမ်းကြော်ငြာများကို လက်ခံရရှိသူများအနက် တချို့က ဖတ်ရှုကြပြီး တချို့က တဆင့် ပြန်ဖြန့်ဝေ၍ တချို့က ယူမဖတ်ရဲကြကြောင်း စာဖြန့်ဝေသူတို့က ပြောသည်။ မြေသြဇာအဖွဲ့ကို တက်ကြွလူငယ်များ၊ ကျောင်းသားများ၊ ရဟန်းပျိုများ၊ ၀န်ထမ်းများ တို့ဖြင့်ဖွဲ့စည်းထားပြီး လူထုအတွက်လိုအပ်သည့်နေရာတွင် ၀င်ရောက်စတေးခံသွားမည်ဟု ၎င်းတို့အဖွဲ့က ကြေညာ ထားသည်။ ။

1 comment :

Goldie Shwe said...

Time To Reclaim “Blood Debt” – Vote “NO”
2 April 2008

Original Source : Golden Colour Revolution
Translation by Nay Chi U

In Rangoon, groups of young people were reported to be distributing leaflets containing an exhortation to vote “No” in the junta’s referendum in May.

Some areas in Rangoon, including Burma Pharmaceutical Institution, Institute of Technology, leisure parks and gardens saw the flyers appearing during the evenings and early mornings. “The Best Fertilizers”, a group, who claimed to be responsible for the action, said they managed to distribute an estimated 1000 leaflets.

The message on the leaflets reads, “You killed the monks who we deeply value and respect. You washed your feet with the blood of your own citizens. You also killed the students – the offspring of the citizens. We are going to show the world how intensely we hate and execrate you. ‘No’ vote is our weapon. We have 50 million people.”

“It is time for everyone to join hands.”

“Let us march to the polling station.”

“This is the chance for revenge”

“To reclaim our ‘blood debt’ – Vote NO”

U Ain Da, the spokesman for “The Best Fertilizers” said,” We are just exhorting the public to vote ‘No’. The reason? The junta’s draft constitution is just the reinforcement and confirmation of the long term future of the junta. It is nothing to do with the development of the country or improving the lives of the public. To expose this evil and transparent deception, the public must vote ‘No’. The world must recognise that they are nothing but a hated illegal government.”

According to the distributors, some people read them, some passed them on while some were too scared to read.

“The Best Fertilizers” organization, which consists of active youths, students, young monks and civilians, announces that they are resolute to make sacrifices on behalf of the public.