Wednesday 16 April 2008

ကမ္ဘာ့ ဆန်ဈေးနုန်းမြင့်တက်နေမူ့နှင့် ဒေသအတွင်းရင်ဆိုင်နေရသော စားနပ်ရိက္ခာပြတ်လတ်နေမူ့ အကျပ်အတည်း ( အပိုင်း ၂ )


သုံးသပ်တင်ပြသူ -ms

ကမ္ဘာ့ စားသောက်ကုန်ဈေးနုန်း တဟုန်ထိုးမြင့်တက်နေမူ့နှင့် ဒေသအတွင်းရင်ဆိုင်နေရသော စားနပ်ရိက္ခာ ပြတ်လတ်နေမူ့ အကျပ်အတည်း ပြီးခဲ့တဲ့လက ဖော်ပြပေးခဲ့ပြီးပါပြီ။ ဆက်လက်တင်ပြမှာကတော့ အခုအခါမှာ တချို့နိုင်ငံတွေမှာ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေမူ့ ကြောင့် ငတ်မွတ်မှု့တွေကြုံ တွေ့ နေရပါတယ်။ ဥပမာ - အာဏာရှင်ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံမှာ ပျှမ်းမျှအလုပ်သမားတယောက်ဟာ တလမှာ ၀မ်ငွေ ၆၀၀၀ ရရှိ ပါတယ်၊ ဆန် ၁ကီလို ဈေးနူန်းဟာ ၀မ်ငွေ ၇၀၀ -၉၀၀ ရှိရာက ရာသီဥတုဆိုးယွားမူ့၊ ရေလွှမ်းမိုးမူ့ ဒဏ်ကြောင့် ၀မ်ငွေ ၂၀၀၀ထိ ဈေးနူန်းတက်သွားတာကြောင့် မြောက်ကိုရီးယားပြည်သူတွေဟာ အစာရေ ဆာ ပြတ်လတ်မူ့ ကြုံတွေ့နေရတယ်။

ဒီလို အစာရေဆာနှင့် စားနပ်ရိက္ခာပြတ်လတ်မူ့တွေကြောင့် ဘဲ ဟေတီ၊ကင်မရွန်း၊ ကော့ထ်ဒီဘွား (Côte d'Ivoire )၊ မွန်ဇန်ဘစ်၊ဆီနီဂေါ်၊ မော်ရီ တာနီး( Mauritania) ၊အူဘက်ကစ်စတန်(Uzbekistan) ၊ ယီမန်၊ဘော်လီးဖီးယား၊အင်ဒိုနီရှား၊အီဂျစ်၊ အပါအ၀င်အခြားနိုင်ငံတွေမှာ ပြည်သူတွေ မကျေမနပ်ဖြစ်လို့ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြမူ့တွေဖြစ်ပွားခဲ့ပါတယ်။ ဒီလိုဆန္ဒပြမူ့တွေကြောင့် လူအမြောက်အများ လည်း သေကြေခဲ့ကြရပါတယ်။

ဒီလိုဖြစ်ပေါ်လာမည့် ဒုက္ခတွေကိုဖြေရှင်းရင်ဆိုင်ဘို့ နိုင်ငံအသီးသီးဟာ ပြင်ဆင်မူ့တွေကိုပြု လုပ်နေကြပါတယ်။ ဒီလိုပြင်ဆင်မူ့ တွေပြုလုပ်နေတဲ့နိုင်ငံတွေထဲက ဖိလစ်ပိုင်အစိုးရရဲ့ဆောင်ရွက်ချက်တွေကို ဒီနေ့ ကျွန်တော် တင်ပြပေးသွားပါမယ်။

ရာသီဥတုဆိုးယွားမူ့ ဒဏ်ကြောင့် အာရှမှာ ဆန်အဓိကတင်ပို့ ခြင်းပြုလုပ်နေရတဲ့ ဖီလစ်ပိုင်နိုင်ငံမှာ အခု ဆန်တန်ချိန် ၁.၉၄၃ မီလီယံ သာ နိုင်ငံအတွင်း မှာရှိတာကြောင့် ပျှမ်းမျှအားဖြင့် ၅၉ ရက်စာသာ လက်ဝယ်မှာရှိလို့ ဒီနှစ်စပါးမထွက်မှီထိတော့ လုံလောက်မှာ မဟုတ်ပါဘူး။ ဒီနှစ်အတွက် ဖီလစ်ပိုင်အစိုးရဟာ ပြည်သူတွေကို စားနပ်ရိက္ခာ လုံလောက် အောင် ထောက်ပံ့နိုင်ရေးအတွက် နိုင်ငံမှာ ဆန်တန်ချိန် ၂.၇ မီလီယံ ဆက်လက် လိုအပ် နေပါတယ်။

ကမ္ဘာ့ ဆန်ဈေးကွက် မှာ ဆန်ဝယ်ယူမူ့ အခက်အခဲတွေ ဟာတနေ့ထက်တနေ့ ကမ္ဘာ မှာ ပြသနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် ဖီလစ်ပိုင်နိုင်ငံဟာ ဗီယက်နမ် နိုင်ငံနဲ့ ဆန်တန်ချိန် (၁.၅) သန်း ကို စာချုပ်အလျှင်အမြန်ဘဲ ပြီးခဲ့လကချုပ်ဆို လိုက်ပါတယ်။

ဒါ့အပြင် ဖီလစ်ပိုင် သမတ ဂလော်ရီယာဟာ အခြားနိုင်ငံတွေမှာလို စားနပ်ရိက္ခာ ပြတ်လတ်နေမူ့ ကြောင့် တိုင်ပြည်မှာ မတည်မငြိမ် လုယက်မူ့တွေ ပေါ်ပေါက်လာ မှာကိုစိုရိမ်းသည့် အတွက် အရေးပေါ် အခြေအနေကျေညာခဲ့ ပြီး၊ ဒေသတွင်း နိုင်ငံများကိုလည်း တွေ့ဆုံဆွေးနွေးပြီး အမြန်ဆုံး အဖြေရှာ ကြဖို့တိုက်တွန်းနိုးဆော်ခဲ့ပါတယ်။ အစိုးရ နှင့် စစ်တပ်ပူးပေါင်းပြီး ခရစ်ယန်ကျောင်းတွေမှာ ပြည်သူအတွက် ဈေးနူန်းချိုသာစွာ နှင့်ရောင်းချ ဖြန့် ဖြူးပေးနေကြပါတယ်။

တချိန်ထဲမှာဘဲ နိုင်ငံအတွင်း ဆန် နှင့် အခြား စားသောက် ကုန် တိုး မြင့်ထုတ်လုပ်နိုင်ရန် ဒေါ်လာ ၁.၀၆ ဘီလီယံ (သို့) ပီဆို ၄၃.၇ ဘီလီယံ ကိုရင်း နှီး မြုပ်နှံမူ့ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြု လုပ်မူ့အစီအစဉ်တွေထဲမှာ သဘာဝဓတ် မြေသြဇာ အလုံအလောက်ရရှိမူ့၊ လယ်ယာစိုက်ပျိုးရေးဆိုင်ယာသင်တန်းများ နှင့် ပညာပေးမူ့၊ ဆည်မြောင်း ရေကာတာ ရေသွယ် ရေးစံနစ်တွေ ပြန်လည်ကောင်း မွန်အောင်ပြုလုပ်မူ့၊ အထွက်နူန်း တိုးတက် ရေးနှင့်သိုလှောင်ရေးအဆောက်အအုံး တည်ဆောက်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွား မယ်လို့ဆိုပါတယ်။ ဒီအစီအစဉ်ဟာ အဓိကအားဖြင့် စားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေး အတွက်ရည်ရွယ်ပြီး၊ ဒီလုပ်ဆောင်မူ့တွေကို ၂၀၁၀နှစ်ထိ စီစဉ်ရေးဆွဲ အကောင် အထည် ဖော်ထားတာဖြစ်ပါတယ်။

ပီဆို ၁၅ ဘီလီယံ ကို တောင်သူလယ်သမားတွေကို ငွေကြေးကူညီထောက်ပံ့မူ့တွေနှင့် ချေးဌားမူ့တွေပြုလုပ်သွားမှာဖြစ်ပြီး၊ ပီဆို ၉.၂ ဘီလီယံ ကတော့ အထွက်နူန်း တိုးတက်ရေး၊ သီးထပ် ပိုမိုစိုက်ပျိုးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်လို့ဆိုပါတယ်။ ဒီလိုဆောင်ရွက်ရာ မှာ အဓိကရည်မှန်းချက် အဖြစ် ဒီနှစ်စိုက်ပျိုးနိုင်သော ၆၀၀,၀၀၀ ဟက်တာဧက မှ ၂၀၁၀နှစ်မှာ ၉၀၀,၀၀၀ ဟက်တာဧက အထိရောက်အောင် ကျိုးစားဆောင်ရွက်သွား မှာဖြစ်ပါတယ်။

ဒီလို နိုင်ငံအသီးသီးဟာ စားနပ်ရိက္ခာပြတ်လတ်နေမူ့ အကျပ်အတည်း ကိုရင်ဆိုင်ဖြေရှင်းဖို့ ၊ ငွေကြေး ဘီလီယံ အကုန်အကျခံပြီး လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမူ့တွေ၊ နည်းမျိုးစုံ ပြင်ဆင်မူ့ တွေ ကို ပြု လုပ်နေ ချိန်မှာတော့၊ မြန်မာနိုင်ငံမှာရှိတဲ့ န၀တစစ်အုပ်စု ခေါင်းဆောင်တွေက တော့ ငွေကြေး ဘီလီယံ အကုန်အကျခံပြီး ပြည်သူတွေကိုဆက်လက်ဖိနှိပ် ချုပ်ချယ်နိုင်အောင် တရုတ်အစိုးရ ထံက စစ်လက်နက် ပစ္စည်းနှင့်စစ်ကားတွေကို ၀ယ်ယူနေကြလို့ အမတန်မှ ၀မ်းနည်း ကြေကွဲ ရပါတော့တယ်။




Rest of your post

No comments :