Wednesday, 9 April 2008

လင်းတ များ မြန်မာ ပြည်ကို ၀ိုင်းဝန်ထိုးဆိတ်စားသုံးနေခြင်း

ဘန်ကောက်- ထိုင်းနိင်ငံက PTT ရေနံကုမဏီက ကြေညာချက် တစောင်ကို ဗုဒဟူးနေမှာထုတ်ပြန်လိုက်တယ်။ ကြေညာချက်မှာ မြန်မာ နိင်ငံက သဘာဝဓါတ်ငွေတွေကို ထုတ် တရုပ်နိင်ငံ ပိုင် ကုမဏီ - CNOOC- နဲ့  ဝေစားမျှစားလုပ်ကြမယ် ဆိုတဲ့ သဘောတူညီချက် တရပ်ကို ပြုလုပ်နိင်ခဲ့တယ်ဆိုတယ်။ သဘောတူညီချက်ထဲမှာ PTT ပိုင် လုပ်ကွက် အေ၃နဲ့ အေ၄ က ၂၀ ရာခိုင်နှုန်းကို
တရုပ် ကုမဏီ- CNOOC - ပိုင် လုပ်ကွက် M3 နဲ့  M4 အကွက် က ၂၀ ရာခိုင်နှုန်းနဲ့ လဲလှည်ခဲ့ကြတယ်လို့ သိရတယ်။ ထိုင်းကုမဏီ ကပြောရေးဆိုခွင့်ရှိသူ - အာနန် - Anon Sirisaengtaksin - က တရုပ် ကုမဏီနဲ့ အလုပ်လုပ်ရတာ အားရကျေနပ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိင်ငံကတော့ မြန်မာ ပြည်ကနေ သဘာ ၀ ဓါတ်ငွေ့ အများဆုံးဝယ်ယူထားတဲ့နိင်ငံတခုဖြစ်နေပါတယ်။ မနစ်က ထိုင်းက ၂ဒသမ ၇ ဘီလီယံ ဒေါ်လာဘိုးဝယ်ယူခဲ့ပါတယ်။ စစ်အစိုးရက တရုပ်၊ အိန္ဒိယနဲ့  ထိုင်းနိင်ငံတွေက က မြန်မာ နိင်ငံက လူအခွင့်ရေး ချိုးဖေါက်မှု တွေကို လျစ်လျူ ရှု့ ပြီး သဘ၀ဓါတ်ငွေတွေကို ဈေးပေါပေါနဲ့ ဝယ်ယူခဲ့ကြတယ်။
စစ်အစိုးရက သဘ၀ဓါတ်ငွေ့ တွေကို နိင်ငံခြားကို ရောင်းစားနေချိန်မှာ တတိုင်းပြည်လုံး အမှောင် အတိကျ နေတယ်။ လျှပ်စစ်အလုံအလောက်မရှိတဲ့အတွက် ပြည်တွင်းစစ်မှု လက်မှု နဲ့  စီးပွားရေးဖွင့်ဖြိုး တိုးတက်မှု လုပ်ငန်းတွေကို မလုပ်နိင်ဘူး။ မီးပုံမှန်မရတဲ့အတွက် ကျောင်းသားတွေစာကျက်လို့ မရဘူး။ ကွန်ပြူတာသုံးလို့ မရ၊ စက်ရုံတွေလှည်ပတ်လို့ မရ။
မီးပျက်သွားတဲ့အတွက် ဆေးရုံတွေမှာ အရေးပေါ် ခွဲစိတ် ကုသနေတဲ့လူနာတွေ အသက်ဆုံးရှုံးမှုတွေ အထိပင် ဖြစ်ပေါ်လျက်ရှိတယ်။

No comments :