ပေးပို့ သူ - KKK
ဒီနေ့ ၉၊ ၄၊ ၂၀၀၈ ရက်နေ့ မြ၀တီရုပ်မြင်သံကြား ရဲ့  ၈ နာရီသတင်းမှာ မေလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကျေညာသွားသည်။ နအဖ အနေနဲ့ သူ့အတွက်ထူးခြားတဲ့ လုပ်ရပ်တွေကို ၉ ဂဏန်းတွေ နဲ့ ပြုလုပ်လေ့ရှိပေမယ့် ခုတခါတော့ ၁၀ ရက်နေ့ ဆိုတော့ ထူးခြားမှုတခု လဲ ဖြစ်နေပါတယ်။ ဒါ့အပြင်ကြားထားတဲ့ သတင်းတွေမှာ မေလ တတိယပတ်လို့ ကြားနေပြီး ခု စောလုပ်တဲ့အတွက် နအဖ အနေနဲ့ အရှိန်ကောင်းလာနေတဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ကန့်ကွက်မဲထည့်ရေး စည်းရုံးမှုတွေကို အချိန်မပေးလိုတဲ့ သဘောလဲ သက်ရောက်နေပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ။ လူထုတွေဟာ ကန့်ကွက်မဲပြားတွေနဲ့ နအဖရဲ့ လိုရာဆွဲထားတဲ့ အခြေခံဥပဒေကို တခဲနက် ဆန့်ကျင်ပြဦးမယ်ဆိုတာကို မေ ၁၀ ရက် မှာ တရားဝင် သိကြရတော့မှာပါ။
Wednesday, 9 April 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment