Friday, 18 April 2008

ကမ္ဘာ့ ဆန်ဈေးနုန်းမြင့်တက်နေမူ့နှင့် ဒေသအတွင်းရင်ဆိုင်နေရသော စားနပ်ရိက္ခာပြတ်လတ်နေမူ့ အကျပ်အတည်း ( အပိုင်း ၃)












Burmese Children are looking for foods in town. ဓာတ်ပုံ (ကိုရဲ -J.H.B)


သုံးသပ်တင်ပြသူ - (ms)


ကမ္ဘာ့ ဆန်ဈေးနုန်းမြင့်တက်နေမူ့နှင့် ဒေသအတွင်းရင်ဆိုင်နေရသော စားနပ်ရိက္ခာပြတ်လတ်နေမူ့ အကျပ်အတည်း ( အပိုင်း ၃) မှာ ကျွန်တော် ဒီလကမ္ဘာ့ဆန်ဈေးကွက်မှာရှိတဲ့ဆန်ပေါက်ဈေးများ နှင့် ဘာကြောင့် ကမ္ဘာမှာ ဆန်ဈေးကြီး လာရတဲ့ အဓိကအကြောင်းအရင်းတွေကိုတင်ပြသွားပါမယ်။

ပထမအနေနဲ့ ထိုင်းနိုင်ငံမှာ ၁၀၀ ရာခိုင်နူန်း အဆင့် B ရှိတဲ့ ဆန်ဖြူဟာ ဒီနှစ် ဇန္နာဝါရီလ မှာ (၁) တန်ကို
ဒေါ်လာ (၄၂၀) ရှိနေရာက မတ်လ မှာ ဒေါ်လာ (၇၂၀) ထိ နှစ်ဆ နီးပါး တက်ခဲ့ပြီး ၊ ဧပြီလမှာ ဒေါ်လာ (၉၅၀) ထိတောင်တဟုန်ထိုး ဈေးတက် မူ့တွေရှိနေ ပါတယ်။

ဆန်အဓိကတင်ပို့ ခြင်းပြုလုပ်ခဲ့တဲ့ ဖီလစ်ပိုင်နိုင်ငံကို ဆန်ကုန်သည် တွေကတော့
မတ်လမှာ ဒေါ်လာ ( ၇၀၀)နဲ့တင်ပို့ပေးခဲ့ရာက၊ ဧပြီလမှာ ဆန်တန်ချိန် ၃၃၄,၀၀၀ကို ဆန်(၁) တန်ပေါက်ဈေး နူန်း ဒေါ်လာ (၈၇၂.၅၀) မှ (၁၂၂၀) ကြားထိ ဈေးနူန်းတိုးမြင့် ရောင်းချတင်သွင်းဖို့သဘောတူ ခဲ့ ရတယ်လို့ ဆိုပါတယ်။

ဒီလို ၀ယ်ယူခဲ့ရာမှာ ထိုင်း ဆန်ကုန်သည် တွေက ဆန်တန်ချိန် ၂၀၀,၀၀၀ကို ဆန်(၁) တန်ပေါက်ဈေး ဒေါ်လာ ၁၀၇၀ မှ ၁၁၅၀၊ ဗီယက်နမ်ဆန်ကုန်သည်တွေက ဆန်တန်ချိန် ၁၁၀,၀၀၀ကို ဒေါ်လာ ၁၂၀၀၊ ပါကစ္စတန်ဆန်ကုန်သည်တွေက ဆန်တန်ချိန် ၂၄,၀၀၀ကို ဒေါ်လာ ၈၇၀၊ နှင့်တင်ပို့ ခဲ့ရတာကြောင့် ကမ္ဘာ့ဆန်ဈေးကွက်မှာတော့ဆန်ပေါက်ဈေးဟာ ဆန်(၁) တန်ကို ဒေါ်လာ (၈၇၂.၅၀) မှ (၁၂၂၀) ကြားထိဈေးပေါက်ခဲ့ပါတယ်။



ဒုတိယအချက်အနေ နဲ့ ဘာကြောင့် ဒီလောက်တောင်ဆန်ဈေးတွေ တဟုန်ထိုး ဈေးတက်မူ့တွေ ရှိနေတာ လည်းဆိုတာကို ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ( FAO) ကတင်ပြဆွေးနွေးထားပါတယ်။ ဒီလိုဈေးနူန်းမြင့်တက်မူ့ဟာလတ်တလောရေတိုရင်ဆိုင်နေရတဲ့ပြသနာမဟုတ်ဘဲ၊ရေရှည်ရင်ဆိုင်ရမည့်ပြသနာ
အဖြစ်ဖော်ပြထားပါတယ်။

ဒီတင်ပြဆွေးနွေးမူ့မှာ ရေရှည်ဆန်ဈေးနူန်းတက်ရချင်း အဓိကအချက် ( ၅) ချက်ကိုဖော်ပြထားပါတယ်။
ဒီအချက်တွေကတော့ ...

  • (၁)ရေနံ နှင့် အခြားလောင်စာဆီဈေးနူန်းတိုးမြင့်လာမူ့ကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များ နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များ၌ကုန်ကျစရိတ်များ မြင့်မားလာမူ့၊ ( ဥပမာ.ဓတ်မြေသြဇာ၊သိုလှောင်စရိတ်၊ နည်းပညာနှင့် စက်ပစ္စည်းကိရိယာ ကုန်ကျစရိတ်များ တို့ပါဝင်ပါတယ်။)
  • (၂)တရုတ်၊အိန္ဒိယ၊ဘရာဇီး၊ ရုရှား အပါအ၀င် အခြားနိုင်ငံများ၌စီးပွားရေးဖွံ့ဖြိုးလာမူ့ကြောင့် ပိုမိုဝယ်လိုအားများပြားလာမူ့ နှင့် လူတွေ၏စားသောက်မူ့အကျင့်ပြောင်းလဲလာမူ့၊ ( ၀ယ်လိုအားနှင့်ရောင်းလိုအား မမျှတမူ့ကြောင့်ဖြစ်ပါတယ်။)
  • (၃) ရာသီဥတု ပြောင်းလဲနေမူ့နှင့် ရာသီဥတုဆိုးဝါးခဲ့ မူ့ကြောင့် သီးနှံများ ပျက်ဆီး ဆုံးရှူံး ခဲ့ရမူ့၊
  • (၄)ကမ္ဘာမှာ လောင်စာဆီ တိုး မြင့်နေမူ့ ကြောင့် တောင်သူလယ်သမားများဟာ ၀ယ်လိုအားလိုက်နေတဲ့ ပြောင်း၊ ပဲဗိစပ် (Soybean)၊ ကြံ၊ သကြား စတဲ့ သီးနှံများ အစားထိုးပိုမိုစိုက်ပျိုး ပြီး၊ ဇီဝဗေဒလောင်စာဆီများ အဖြစ် ပြောင်းလဲ ထုတ်လုပ် သုံးစွဲလာနေမူ့၊ ( ကောက်ပဲသီးနှံ တန်ချိန် ၁၀၀ မီလီယံ ကို လက်ရှိ နိုင်ငံကြီး ၁၀ နိုင်ငံ က ဇီဝဗေဒလောင်စာဆီများ အဖြစ် ပြောင်းလဲ ထုတ်လုပ် သုံးစွဲလာနေပြီး၊သက္ကရစ် ၂၀၁၇ မှာ နောက်ထပ် ၁၂ ဆ ထိ ပြောင်းလဲ ထုတ်လုပ် သုံးစွဲဖို့ရှိနေပါတယ်။)
  • (၅)မကြာသေခင်နှစ်များအတွင်း ကမ္ဘာ့ နိုင်ငံအသီးသီး၌ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမူ့များလျှော့ချခဲ့မူ့၊ တို့ဖြစ်ပါတယ်။

ကမ္ဘာ့ စားသောက်ကုန်ဈေးနုန်း တဟုန်ထိုးမြင့်တက်နေမူ့နှင့် ဒေသအတွင်းရင်ဆိုင်နေရသော စားနပ်ရိက္ခာ ပြတ်လတ်နေမူ့ အကျပ်အတည်း ကြောင့် ဖီလစ်ပိုင်နိုင်ငံဟာ နိုင်ငံအတွင်း ဆန် နှင့် အခြား စားသောက် ကုန် တိုး မြင့်ထုတ်လုပ်နိုင်ရန် ဒေါ်လာ ၁.၀၆ ဘီလီယံ (သို့) ပီဆို ၄၃.၇ ဘီလီယံ ကိုရင်း နှီး မြုပ်နှံမူ့ပြုလုပ်ခဲ့သလို၊ ပြီးခဲ့တဲ့ အပတ်ကဘဲ ဆန်စပါး တိုးမြင့်ထုတ်လုပ်နိုင်ရန် နှင့် လိုအပ်သောစားနပ်ရိက္ခာ ၇၀% မှ ၉၀% ထိဖူလုံမူ့ ရှိစေရန် အတွက် ရင်းဂစ်ငွေ (၆)ဘီလီယံပိုမိုရင်နှီးမြုပ်နှံသွားမည်လို့ မလေးရှား လယ်ယာစိုက်ပျိုးရေး ၀န်ကြီး က ပြောဆိုသွားပါတယ်။

ဒီလို နိုင်ငံအသီးသီးဟာ စားနပ်ရိက္ခာပြတ်လတ်နေမူ့ အကျပ်အတည်း ကိုရင်ဆိုင်ဖြေရှင်းဖို့ ၊ ငွေကြေး ဘီလီယံ အကုန်အကျခံပြီး လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမူ့တွေ၊ နည်းမျိုးစုံ ပြင်ဆင်မူ့တွေ ကို ပြု လုပ်နေ ချိန်မှာတော့၊ မြန်မာနိုင်ငံမှာရှိတဲ့ န၀တစစ်အုပ်စုခေါင်းဆောင်တွေကတော့ ငွေကြေး ဘီလီယံ အကုန်အကျခံပြီး ပြည်သူတွေကိုဆက်လက်ဖိနှိပ် ချုပ်ချယ်နိုင်အောင်နှင့် ကိုယ့်ပြည်သူကိုယ် ပြန်သတ် မည့်၊ တိုင်းပြည် မှာ သာသနာဖျတ် မည့် ၊ စားသုံးလို့မရမည့် စစ်လက်နက် ပစ္စည်းနှင့် စစ်ကားတွေကို တရုတ်အစိုးရထံက ၀ယ်ယူနေကြလို့ အမတန်မှ ၀မ်းနည်း ကြေကွဲ ရ ပါတော့တယ်။







Rest of your post

No comments :