Friday, 18 April 2008

ဒီဖြစ်ရပ်ကိုသင်ခန်းစာယူကြပါ။















သုံးသပ်တင်ပြသူ - (ms)

၂၀၀၀ နှင့် ၂၀၀၄ ခုနှစ် အမေရိကန်သမတရွေးချယ်တင်မြောက်ပွဲနှင့် ပြည်နယ်ရွေးကောက်ပွဲတွေမှာ ဘာကြောင့် ဒီမိုကရက်တစ်ပါတီကသူတွေဟာ ရှူံး နိမ့်ခဲ့ရတာလည်းလို့ နိုင်ငံရေး ကျွမ်းကျင်သူများက ပြန်လည်သုံးသပ်တဲ့ နေရာမှာ အချက်တချို့ကိုတွေ့ရှိခဲ့ရ တယ်။ ဒီ အချက်တွေထဲမှာ အဓိက အချက်ကတော့ ဒီမိုကရက်တစ် ပါတီထောက်ခံတဲ့လူတွေဟာ ပါးစပ်ကသာ ပြောခဲ့ပြီး၊ လက်တွေ့မှာ မဲရုံကို သွားပြီးမဲမပေးခဲ့ တာကြောင့်လို့ ဆိုတယ်။

ဒီမိုကရက်တစ်သမတလောင်းတွေ၊ ယှဉ်ပြိုင်ခဲ့ ကြတဲ့ အမတ်လောင်း တွေဟာ တချို့ပြည်နယ်တွေ မှာ မဲပေးမည့်သူတွေကို မဲရုံကိုသွားဖို့ တိုက်တွန်း စည်းရုံးရန် အားနည်းခဲ့တယ်လို့ လည်းဆိုပါတယ်။ တချို့ပြည်နယ်တွေ မှာ တော့ ဒီမိုကရက်တစ် ပါတီထောက်ခံတဲ့လူတွေဟာ ငါတို့မဲပေးလည်း ရီပါပလက်ကင် ပါတီကနိုင်မှာမို့ မဲမပေးခဲ့ကြဘူးလို့ဆိုတယ်။

၂၀၀၈ ခုအမေရိကန်သမတ ရွေးချယ်တင်မြောက်ပွဲမှာ ဒီလိုအဖြစ်ဆိုး မျိုး ထပ်မံမခံ စားရအောင် ဒီမိုကရက်တစ် သမတလောင်းတွေ နှင့် ခေါင်းဆောင်တွေ ဟာ ပြည်နယ်အသီးသီးမှာ မဲပေးမည့်သူတွေကို အသိပေးစည်းရုံး လှူံ့ဆော် နေကြ ပါတယ်။ ဒါကြောင့်မိုလို့ တက္ကဆပ် နှင့် အိုဟိုင်းရိုး ပြည်နယ် ဒီမိုကရက်တစ် သမတ လောင်း ရွေးချယ်ပွဲတွေမှာ မဲပေးသူဦးရေဟာ အရင်တုန်းကထက် ပိုမိုများပြားလာတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီမိုကရက်တစ်ပါတီ အနိုင်ရဖို့ ယခင်ကထက် ရာခိုင်နူန်းပိုများလာနေတယ်လို့
နိုင်ငံရေး အကဲခတ်လေ့လာ သူတွေက ထင်ကြေး ပေး နေ ကြပါတယ်။

မြန်မာပြည်မှာ......

  • ကျွန်တော်တို့ အဖေ၊အဘိုး အရွယ် ရှိတဲ့ NLD လူကြီးတွေတောင် အနားမယူဘဲ တောင်မွှေးကိုင်ပြီး ဒီန၀တ စစ်အုပ်စုကို တော်လှန်နေကြသေးတယ်ဆိုယင်၊
  • ထောင်တွေထဲမှာ အကျည်းကျခံနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေကို ကိုယ်ချင်းစာကြမယ်ဆိုယင်
ကျွန်တော်တို့ မဲရုံသွားဖို့ဝန်မလေးကြပါနဲ့။ ကျွန်တော်တို့ မဲရုံသွား ကန့်ကွက်မဲပေး ပြီး သူတို့ရဲ့အနှစ်နာခံနေမူ့ကို ဂုဏ်ပြုကြပါ၊

သွေးကြွေး ကို - မဲ ပေး ဆပ်ကြပါ။

မဲရုံကိုသွားကြ
မခေါ်လည်းသွားကြ
ခေါ်လည်းသွားကြ
ကန့် ကွက်မဲ ပြား ကို အပြတ်သားဆုံးထည့် ကြ။





Rest of your post

No comments :