Wednesday, 23 April 2008

ကိုမင်းကိုနိုင်ရဲ့ မျက်စိ ကွယ်တော့မယ်ဗျို့

အင်းစိန်ထောင်မှာ အကျည်းကျ အထိန်းသိမ်းခံ ထားရသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့မျက်စိကို စစ်အစိုးရ က ဆေးဝါးကုသခွင့် မပေးဘူးဆိုရင် ကိုမင်းကိုနိုင်ဟာ မျက်စိ ကွယ်သွားနိုင်တယ်လို့ မိသားစုအသိုင်းအ၀ိုင်းကကော၊နီးစပ်သောအသိုင်းအ၀ိုင်း ကပြောဆိုနေကြပါတယ်။

နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချနေကြပါတယ်။ ဒီလိုဘဲ နိုင်ငံရေး မှု့ နှင့် အင်းစိန်ထောင်မှာ အကျည်းကျ ခံနေရတဲ့သူတွထဲမှာ ကျန်းမာရေး မကောင်းသူ အများအပြား ရှိနေပါတယ်။ အမတန်မှ ရက်စက်ရုတ်မာ လူမဆန်တဲ့ စစ်အစိုးရ ခေါင်းဆောင်တွေက ဒီကျန်းမာရေးချို့တဲ့ နေသူ တွေကို ဆေးဝါးကု သခွင့်မပေးတာကြောင့် ကျန်းမာရေးအခြေအနေပိုမို ဆိုးဝါးစွာခံစားနေကြရသလို၊ တချို့ကတော့ အကျည်းထောင်ထဲမှာဘဲ သေဆုံးခဲ့ ကြပါတယ်။






Rest of your post

No comments :