စင်္ကာပူက ကန့်ကွက်မဲစည်းရုံးရေး
“ မူကြမ်းစာအုပ် (၈)အုပ်၊လူတသိန်း နှင့် Ms. Anna”

တိုင်းရေး၊ပြည်ရေး၊ အမျိုသားရေး အသိစိတ်ဓာတ် ဖြင့် တဖတ်တလမ်းကစစ်အာဏာရှင်စံနစ်ကို တိုက်ပွဲဝင်နေကြသောစင်္ကာပူရောက် မြန်မာ မျိုးချစ်လူငယ်များ၊ အသိပညာရှင်များကိုလေးစား ဂုဏ်ယူ ပါကြောင်း။
ရွေဝါရောင် တော်လှန်ရေး ( G.C.R Strategic Team) စင်္ကာပူနိုင်ငံရှိ မြန်မာ့အရေးနိုးကြားတက်ကြွသူများမှ မြန်မာအလုပ်သမား အများစု စုဝေးနေထိုင်ကြရာ
Worker's Dormitory များသို့ သွားရောက်ပြီး ကန့်ကွက်ဆန္ဒမဲပေးရေး လှုတ်ရှားမှုများကို ကွင်းဆင်း
ဆောင်ရွက် လျှက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ မြန်မာပြည်မှ စင်္ကာပူနိုင်ငံသို့် ရောက်ရှိနေကြပြီး အလုပ် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအနေနှင့် ၄င်းတို့မသိရှိသေးသော အခြေခံဥပဒေမူကြမ်း၌ ပြဌာန်းထားပြီးဖြစ်သည့် အချက်အလက်များကို မေးမြန်းခြင်းများနှင့် စင်္ကာပူရှိ မြန်မာ့အရေးလှုပ်ရှားသူများမှ ပြန်လည်ရှင်းလင်းပြောကြားခြင်းများ၊ အသင့်ယူဆောင်လာသော စာရွက်စာတမ်းများကို လက်ဆင့်ကမ်းဖြန့် ဝေပေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသူစာရင်းမှာ စင်္ကာပူနိုင်ငံထုတ် The Strait Time သတင်းစာအရ လူဦးရေ တစ်သိန်းနီးပါးရှိတယ်လို့သိရပြီး၊ အဲဒီတစ်သိန်းထဲတွင်မူ အလုပ်လုပ်ကိုင်နေသူဦးရေမှာ ငါးသောင်းအထက်ရှိပြီး ကျန်ငါးသောင်းမှာမူ့ မှီခိုနေထိုင်သူမိသားစုနှင့် ကျောင်းသားကျောင်းသူများဖြစ်ကြတယ်လို့ အလုပ်သမား ၀န်ကြီးဌာနနှင့် နီးစပ်သူ ကုမ္မဏီကြီးတစ်ခုမှ အလုပ်သမားရေးရာ ကိုင်တွယ်သူ အရာရှိတစ်ဦးရဲ့  အဆိုအရ သိရှိရပါတယ်။ ယခုလိုမြန်မာသံရုံးမှ အခြေခံဥပဒေမူကြမ်းစာအုပ်ကို စင်္ကာပူတစ်နိုင်ငံလုံးရှိမြန်မာများ ဖတ်ရှုဖို့ရန် မူကြမ်းစာအုပ် (၈) အုပ်သာစီစဉ်ထားခြင်း အပေါ်မည်သို့မှ နားလည်ရမှန်းမသိကြောင်းနှင့် မြန်မာ့အရေးလှုပ်ရှားသူများမှာ များစွာစိတ်ပျက်မိကြောင်း ပြောကြားသံတွေကိုလဲ ကြားသိနေရပါတယ်။
စင်္ကာပူနိုင်ငံရှိ ကျောင်းသူသားကျောင်းသူ လူငယ်များနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများသည် လာမည့် ဧပြီလ (၂၇) ရက်နေ့ တနင်္ဂနွေနေ့ နနက် (၉) တွင် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးကို တညီတညွတ်တည်း ကန့်ကွက်မဲများ သွားပေးကြမည်ဟုလည်း သတင်းများရရှိပါတယ်။
သတင်းအပြည့်အစုံနှင့် စည်းရုံးရေးဓာတ်ပုံများ ကို http://linletkyalsin.blogspot.com/2008/04/ms-anna.html
Rest of your post
No comments :
Post a Comment