ဧပြီလ ၄၊ ၂၀၀၈။
တိုက်ပွဲဝင်ညီအကို မောင်နှမ အပေါင်း သို့  မိုးသီးဇွန် မှ တိုက်တွန်းချက်
နအဖ စစ်အစိုးရက အမိုက်ရိုင်းဆုံး အကြံနဲ့ တိုင်ပြည်ကို ရာသက်ပန် ဗိုလ်ကျအုပ်ချုပ်ဖို့ လုပ်နေပါပြီ။ ဆန္ဒခံ ယူပွဲဟာ မကြာခင် လာပါတော့မယ်။ အတုအယောင်အခြေခံဥပဒေကို အတည်ပြုဖို့ နည်းလမ်းပေါင်းစုံကို သုံးပြီး ညစ်ပတ်ဖို့ အစီအစဉ်တွေကို ကျနော်တို့ တွေ့ နေရပါပြီ။
ကျနော်တို့ ရဲ့ တိုက်တွန်းချက်ကတော့
၁- သွေးကြေးပေးဆပ်ဖို့ အတွက် မဲ ရုံတွေကိုသွားပါ။ ကန့် ကွက်မဲ ပြားကို ထည့် ပါ။
၂- မဲ လိမ်၊ မဲ ခိုး၊ မဲ ၀ယ် တာတွေကို စောင့်ကြည့်ပါ။
၃- နအဖ က ကောက်ညစ်ယုတ်မာလာတာနဲ့  ဆန္ဒခံယူပွဲကနေ ပြည်လုံးကျွတ်သပိတ်တိုက်ပွဲကို ဆက်လက် ဆင်နွဲကြဖို့ ပဲ ဖြစ်ပါတယ်။
ပြည်ပရောက် မျိုးချစ်မြန်မာတွေကို တိုက်တွန်းချင်တာကတော့
၁- တိဗက်တွေလှုပ်ရှားမှု ကို အတုယူပါ။ ကျနော်တို့ သမရိုးကျ သံရုံးတွေရှေ့ သွားပြီး အရေးဆို ဆန္ဒပြလို့ မရ တော့ပါဘူး။
မြန်မာအရေးကို ကမ္ဘာက အာရုံစိုက်လာအောင်၊ တည်ငြိမ်နေတဲ့ ပြည်တွင်း အခြေအနေကို အားပေးရာ ရောက်အောင် ကျနော်တို့  လှုပ်ရှားမှုကို တဆင့် တက်လှမ်းရပါလိမ့်မယ်။
၂- မိမိသက်ဆိုင်ရာနိင်ငံများ မှာရှိတဲ့ ကုလသမဂ ရုံးတွေရှေ့ ကို သွားပါ။
ရုံဖွင့်ချိန်၊ ရုံးတက်ချိန်နဲ့ တိုက်ပြီး ကုလသမဂ္ဂရုံးတွေ ရှေ့ မှာ ပိတ်စို့ ထိုင် ပြီးတော့ ပဲဖြစ်ဖြစ်၊ လှဲလှောင်းပြီးတော့ပဲ ဖြစ်ဖြစ် ၊ မတ်တပ်ပိတ်စို့ ပြီးတော့ ပဲဖြစ်ဖြစ်၊ ရုံးအ၀င်အ၀တံခါးနဲ့ မိမိလက်ထိပ်သံကြိုး ခတ်ထားပြီးတော့ပဲ ဖြစ် ဖြစ် ဆန္ဒပြ ပေးကြဖို့ ပါပဲ။
၃- ဆန္ဒပြပွဲ မကျင်းပမီမှာ သတင်းထောက်တွေ ကိုခေါ်ထားပါ။ ရှေ့ နေတွေနဲ့  ကြိုတင်တိုင်ပင်ထားပြီး အာမခံရ အောင် လုပ်ထားပါ။ မိမိတို့  သက်ဆိုင်ရာနိင်ငံများ က ဥပဒေဘောင်နဲ့  အညီ နည်းဆုံး ဒဏ်ငွေ ပြစ်ဒဏ်ပဲ ခံရနိင် မဲ့ နည်းလမ်းတွေကို ကြိုတင် တွက်ချက် စီမံထားကြပါ။ ရံပုံငွေကောက်ခံပြီး ဒဏ်ငွေကို ပေးဆောင်နိင်ပါတယ်။
တောင်းဆိုချက်တွေအနေနဲ့  ကတော့
** ကုလသမဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း မြန်မာပြည်သို့  ကိုယ်တိုင် သွားရောက် ဖြေရှင်းဖို့ လိုပါကြောင်း တောင်းဆိုပါ။
** လုံခြုံရေးကောင်စီမှ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်သား ခေါင်းဆောင်များ နှင့် နအဖ တို့ အကြား စစ်မှန် သော ဆွေးနွေးပွဲ ဖြစ်ပေါ်စေရန် အတွက် ဆောင်ရွက်ဖို့ တောင်းဆိုပါ။
** ဆရာတော် ဦးဂမ္ဘီရ နှင့် သံဃာများ လွတ်မြောက်ရေးအတွက် တောင်းဆိုကြပါ။
** ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ မင်းကိုနိင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မမီမီ၊ မစုစုနွေး နှင့် နိင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုကြပါ။
ဘယ်အချိန်မှာ စတင်မလဲ
ဧပြီလ ၂၆၊ ၂၀၀၈ မှ စတင်ပြီးလှုပ်ရှားပေးပါ။
ဘယ်နေရာတွေမှာလုပ်မလဲ
နယူးယောက်မြို့ ၊ ကနေဒါ ၊ လန်ဒန်မြို့ ၊ပဲရစ်၊ နှင့် ဥရောပမြို့ ကြီးများ
ဘန်ကောက်၊ တိုကျို ၊ စင်္ကပူ၊ မလေးရှား၊ အာရှမြို့ ကြီးများ
အိန္ဒိယ၊ သီရိလင်္ကာနှင့် တောင်အာရှ မြို့ ကြီးများ မှာ စတင်ပေးကြပါရန် အလေးအနက် တိုက်တွန်းလိုပါတယ်။
အရေးတော်ပုံအောင်ရမည်။
မိုးသီးဇွန်
ဖုံး- ၆၄၆-၄၁၃-၈၆၃၁
email: wefightwewin@gmail.com

1 comment :
UN Unable ကိုစိတ်မပျက်နိုင်သေးတာ ကိုတော့ လေးစားပါတယ်။ အကျိုးသင့်အကြောင်းသင့် စဉ်းစားသင့်ပါပြီ။ ပြည်ပရောက် မျိုးချစ်များအနေနဲ့ UN အပြင် ဒီထက် ကောင်းတဲ့ နည်းလမ်းတွေကို ရှာဖွေကြံဆသင့်ပါပြီ။
စေတနာရှေ့ထား၍............
ကျေးဇူးတင်စွာဖြင့်
Post a Comment