Monday, 7 April 2008

မြန်မာ့အားကစားသမားများ နဲ့  ကန်ကွက်မဲပြား



ဒီနေ့ မနက်ဆင်ဟွာသတင်းတပုဒ်မှာ တော့ မြန်မာအမျိုးသမီးဘောလုံးအသင်း ကံကြောင်း မလှဖြစ် သွားရတဲ့ သတင်းကိုဖတ်ရသဗျ။
ဘောလုံး နည်းပြ ဦးတင်မြင့် အောင် မြန်မာ အမျိုးသမီးဘောလုံးအသင်း က ၂၀၀၈ခုနစ် အာရှ ဖလား အရည် ချင်းမပြည့် မှီဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ နိင်ငံတကာ အတွေ့ အကြုံ အရမ်းကို နည်း နေတယ်လို့ သူက ပြည်တွင်းက မဂ္ဂဇင်းတစောင်ကို တနလာင်္နေ့ က စိတ်ပျက်လက်ပျက်ပြောကြားသွားပါတယ်။ မြန်မာ အမျိုးသမီး အသင်း က ပြိုင်ဖက် ဗီယက်နမ် အသင်းကို တစ်ဂိုး ရှုံးခဲ့ပါတယ်။ ခြေစစ်ပွဲအောင်ဖို့ အတွက် မြန်မာအသင်းက သရေတပွဲရှိဖို့ လိုပါတယ်။
မြန်မာ၊ တိုင်ပင်၊ အီရန် နဲ့ အိမ်ရှင် ဗီယက်နမ်တို့ က အုပ်စု ကမှာပါတယ်။ မလေးရှား ၊တောင်ကိုရီးယား ၊ ဖိလစ် ပိုင်နဲ့  တိုင်းတို့ က အုပ်စု ခ မှာပါတယ်။ မြန်မာအသင်းက အီရန် အမျိုးသမီးအသင်းကို ၂ ဂိုးတဂိုးနဲ့ နိင်သော် ငြားလည်း တိုင်ပေကို သုံးဂိုးရှုံးခဲ့တယ်။ ဗီယက်နမ် ကို ၁ ဂိုးရှုံးခဲ့တဲ့ အတွက် ထွက်ခဲ့ရပါတယ်။ ခြေစစ်ပွဲအောင် သွားတဲ့အသင်းတွေဖြစ်တဲ့ တရုပ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ တောင်ကိုရီးယား၊ တွေက ချံပီယံဖြစ် တဲ့တရုပ် ၊ မြောက်ကိုရီးယား၊ ဂျပန်နဲ့ အော်စတြေလီးယား အသင်းတွေက ၂၀၀၈ခုနစ် အမျိုးသမီး အရှဖလား ဗိုလ်လုပ်ပွဲ အတွက် တက်လှမ်းသွားကြပါပြီ။

မြန်မာအမျိုးသမီးအသင်းခြေစစ်ပွဲမအောင်တာတော့ အသင်းကိုအပြစ်မတင်သင့်ပါဘူး။
နအဖ စစ်အစိုးရကိုပဲအပြစ်တင်ရမှာပါ။ ဘာဖြစ်လို့ လည်းဆိုတော့ မြန်မာဘောလုံးအသင်းဟာ
၁- အားကစားသမားတွေဟာ ထမင်း၀၀ မစားရဘူး။
၂- လေ့ကျင့်ခန်းကောင်းကောင်းလုပ်နိင်ဖို့ အတွက် ၀င်ငွေကောင်းကောင်းမရှိကြဘူး။
၃- နည်းပြဆရာကောင်းကောင်းငှားမပေးဘူး။
၎- နိင်ငံခြားအတွေ့ အကြုံတွေမရယူနိင်ဘူး။
၅- လေ့ကျင့်မှု ထောက်ကူပြု ပစ္စည်းတွေနဲ့  နည်းပညာတွေမရနိင်ကြဘူး။
၆- စစ်တပ်က နိင်ငံရေးတွင်မက ဘူး အာကစားမှာပါ
တတ်ရောင်ကား ချယ်လှယ်နေတယ်။

မြန်မာဘောလုံးအသင်းတွေ အာကစားကမ္ဘာကိုလွမ်းခြင်သလား ၊ လွမ်းအောင်လုပ်လို့  ရတဲ့ တခု တည်း သောနည်းလမ်းကတော့ ပုဂ္ဂလိက အားကစား အသင်းတွေ အမြန်ဆုံး ထည်ထောင်ခွင့်ပေးဖို့ ပါပဲ။ ကြက်သ ရေတုံး သောက်သုံးလည်းလုံးလုံးမကျတဲ့ နိင်ငံတော်ဆိုတဲ့ စကားလုံးကြီးအောက်မှာ အားကစား သမားတွေနဲ့ အားက စား အသင်းတွေကို သွပ်သွင်းမထားဖို့ ပါပဲ။

မြန်မာအားကစား ကမ္ဘာကို လွမ်းမိုးဖို့ အတွက် နည်းပြဆရာတွေရော အားကစားသမားတွေ ရော အတွက်ဒီနေ့ ဘာလုပ်ရမလည်း ဆရာလို့ မေးလာရင်တော့ ကိုမှောက်ကြီး အနေနဲ့ တခွန်းတည်းသောစကားကိုဆိုရရင်တော့
မဲရုံကိုသွား ကန့် ကွက်မဲပြားပေးလိုက်ကြ ညီလေးတို့ ရေ ပဲဖြစ်တယ်။

ကိုမှောက်ကြီး

No comments :