Monday, 7 April 2008

အာဝေဏီက ဂုဏ်ရှင် အမေ - အောင်ဟိန်း ရဲ့ ကဗျာ

ဟယ်-
မရဏမင်း
အလိုက်ကန်းဆိုးမသိလုပ်ရက်ပါဘိ ကွယ်ရို့ 
ဒါဒို့ အမေ
ပြည်သူချစ်တဲ့အမေ
လူထုချစ်တဲ့အမေ
ရဲရဲတောက်အမေကွ။

ကိုလိုနီကိုအံတု
ဖက်ဆစ်ကိုမမှု
အာဏာရှင်ကို ဂရုမပြုတဲ့အမေ ဒို့ အမေကွ။
လွတ်လပ်ရေးဝန်
တော်လှန်ရေးဝန်
ငြိမ်းချမ်းရေးဝန်
အမျိုးသားရေးဝန်
ဝန် အလီလီထမ်းခဲ့တဲ့ အမေ ဒို့ အမကွ
စာပေဂီတ အနုပညာ ၊ရိုးရာယဉ်ကျေးမှု
လူမှုသမိုင်း၊ အမွေအပိုင်းပိုင်း ကို ပေးသွားတဲ့အမေဒို့ အမေကွ။
မြန်မာပြည်သမိုင်းမှာ ၊ သားသမီးအန္တကိုမွေးထုတ်
နောင်လည်းမွေးထုတ် အုံးမယ့် အမေ
အာဝေဏီက ဂုဏ်ရှင်
သားအန္တရဲ့  မိခင်
သားအန္တက ချစ်တဲ့အမေ
အန္တမေတ္တာရှင် အမေ
အန္တကရုဏာရှင်အမေ
အန္တ မေတ္တာရှင်အမေ အန္တမုဒိတာရှင်အမေ
လူထုဒေါ်အမာ ဒို့ အမေကွ
ဒို့ အမေ။

အောင်ဟိန်း ( မုံရွာ)
အေပြီလ ၇ ရက် ၊ နံနက် (၁၀နာရီ ၄၀ မိနစ်) ။ ယနေ့ နံနက် ၈နာရီ ၃၇ မိနစ် က ကွယ်လွန်ခဲ့တဲ့ ပြည်သူ့ ချစ်တဲ့အမေဒေါ်အမာ ၉၃ နစ် ၊ သားအန္တရဲ့  မိခင်ကြီးအတွက် အဝေးရောက်သားတယောက်ရဲ့ ဝမ်းနည်းမှတ်တမ်း ကဗျာဖြစ်ပါတယ်။ အမေမာကောင်းရာသုကတိသို့ လားပါစေ။




No comments :