Thursday, 17 April 2008

အားလုံးညီညီ ညွတ်ညွတ် နဲ. ကန်.ကွက် မဲပေးကြ စို့



မေလ ၁၀ ရက် မှာ န၀တစစ်အစိုးရအလိုကျရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို တတိုင်းပြည်လုံးက ဆန္ဒမဲပေးဆုံးဖြတ်ကြတော့မယ်။ စစ်ကျွန်ဘ၀ မရောက်ချင်သူဒီမိုကရေစီ အတိုက်အခံအင်အားစုတွေအားလုံး ကတော့ ကန့်ကွက် မဲ ပေး ဘို့ ပြင်ဆင်နေကြပါပြီ။ နိုင်ငံအသီးသီးမှာရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံး ကလည်း ကန့်ကွက် မဲ ပေးဘို့ ပြောနေ ကြပါတယ်။

ဒီနေရာမှာကျွန်တော် အီသီယိုပီးယားစကားပုံ လေးကို သတိယလို့ ဖော်ပြပါရစေ။ အဲဒီ စကားပုံ လေး ကတော့ …

” When spiders unite, they can tie down a lion “

လို့ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ” ပင့်ကူ တွေသာညီညွတ်မူ့ ရှိမယ်ဆိုယင်..သူတို့တွေဟာ တောတောင်ရဲ့ဘုရင် ကေသာရာဇာခြင်္သေ့မင်းကိုတောင် ချည်နှောင် တုပ်နှောင်ထားနိုင်တယ်” လို့ ညီညွတ်ရေးရဲ့ အရေးကြီးပုံကို သူတို့ရဲ့လူမျိုးတွေ အကြား အမြဲတမ်းပြောဆို တက်လို့ အီသီယိုပီးယားစကားပုံ လေးတခုအဖြစ် ကမ္ဘာမှာလူသိများလာခဲ့ပါတယ်။

ဒီစကားပုံ လိုဘဲ ကျွန်တော်တို့ညီညီညွတ်ညွတ်နှင့် ကန့်ကွက် မဲ ပေး ဘို့လိုပါတယ်။ ညီညွတ်ရေး ဟစ်ကြွေး နေမည့်အစား၊ တိုက်ရင်းနဲ့ ညီညွတ်ရေးကိုတည်ဆောက်ကြပါ။ ညီညွတ်ရေး ဟာ တိုက်ပွဲပေါ်မှာဘဲ မူတည်ပါတယ်။ တို.ရဲ. အမိ မြန်မာ နိုင်ငံ ကိုဝိုင်းဖျက်နေတဲ. နအဖ တွေကို မထောက်ခံ ဘူးဆို ရင် အလုပ်နဲ. သက်သေပြကြပါ။ ဒါမှ ညီညွတ်ရေးအင်အားဆိုတာကို ငါတို့ သက်သေပြရာရောက်ပေလိမ့် မည်။

ညီညွတ်ရေးနဲ့ပက်သက်လို့ ခရီးသွားတစု က အာဖရိက မှာ
Battle at Kruger ဖြစ်ပျက်မူ့လေးတခုကို မှတ်တမ်းတင်ထားခဲ့တဲ့ ဗီဒီယိုလေး တခုကို ကျွန်တော်မျှဝေချင်ပါတယ်။ ဒီဗီဒီယိုလေး ထဲမှာ ညီညွတ်ရေး၊ တိုက်ပွဲမှာလိုအပ်သော ခေါင်းဆောင်မူ့တွေနှင့်ပက်သက်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ပါဝင်နေတာကြောင့် ဒီဗီဒီယို ကို Discovery Channel က၀ယ်ယူပြီးကမ္ဘာကို ပြသခဲ့လို့ လူကြိုက်များလာခဲ့ရပါတယ်။ ဒီ ဗီဒီယိုလေးကို အစအဆုံးကြည့် ပြီး ကျွန်တော်တို့ နမူနာရယူကြရအောင်……………………….

ညီညွတ်ရေးအတွက် ဒီ
ဗီဒီယိုလေးကြည့် ( http://www.youtube.com/watch?v=LU8DDYz68kM )






Rest of your post

No comments :