မြန်မာပြည်ကို ချစ်သောအမေ၊ ထို့ ထက် ပိုပြီး မန္တလေးကိုချစ်သော မန်းလူထု ရဲ့ အမေ ကောင်းရာ သုဂတိလား ပါ စေ၊
မြန်မာ့ လွတ်လပ်ရေး သမိုင်း၊ နဲ့ ခေတ်ပြောင်း၊ ခေတ်ဆိုး အဆက်ဆက် မှာ ကိုလိုနီ နယ်ချဲ့  ကိုလည်းတွန်းလှန်၊ တိုင်းပြည် တော်လှန်ရေးမှာ မိမိရဲ့ စွမ်းအား၊ လုပ်အားလည်း တာဝန် တစ်ခု ပါဝင်ကာ နိုင်ငံအရေး မှာ နိုင်ငံ အတွက် ဆိုပြီး ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့အမေ။
မည်သူ့ ကိုမဆို တမိုးတည်း အောက်မှာ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ပေးပြီး
မတရားမှုတိုတွန်းလှန်၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီတူမျှတူနဲ့  အမြဲ ရှိနေစေချင်တဲ့ အမေ၊
မြန်မာစာပေ၊ ယဉ်ကျေးမှုကို ကို အမြဲထာဝရ ရှင်သန်တိုးတက်စေချင်တဲ့ အမေ။
ဒီထက်ပိုပြီး ကျွန်မတို့ မန္တလေးသူ၊ မန္တလေးသားတွေဆိုပြီး ဂုဏ်ယူကာပြောနေတတ်တဲ့အမေ။
အမေရေ...အခုအချိန်မှာ...အမေ မရှိတော့ဘူး၊အမေဆုံးပြီဆိုတာ ကြားလိုက်ရတော့
အမေ မရှိတော့ဘူး တဲ့ ၊အမေဆုံးပြီတဲ့ ၊အမေရေ.. အားတော်တော်ငယ်ရပါတယ် အမေ
မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေသော ဒီမိုး၊ ဒီလေ၊ ဒီအချိန်ကြီးမှာ သေမင်းရာရက်စက်တယ်....
ဘာလို့ အမေကိုလာပြီး အမြန်ခေါ်ရသလည်း လို့ ... ကျွန်တော်တို့ ရဲ့ 
ဘာလို့ အမေကိုမှ အမေ မြင်ချင်သော ခေတ်ကို ရောက်အောင် နေခွင့်မပေးရသေးတာလည်းဗျာ...
စိုင်းမွန်
1 comment :
ူအားလုံး အတွက် အစားထိုး လို့ မရတဲ့ အမေ ..... အမေ တယောက် ဆုံးရှုံး မှုပါ ။။
Post a Comment