MoonShade boy
ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ ပူဇေးမိ ပါဘုရား ကျွန်တော်တို့ကဗုဒ္ဓဘာသာပေမို့ ရှိခိုးလိုက်ပါတယ်။ ယခုကြားရတာတော့ တကယ့်ကိုအကြည်းတန်နေသလိုပင် အဘယ့်ကြောင့်ဆိုသော် ဘာသာရေးနှင့် မကြည့်ပါနဲ့ အခွင့်အရေး နဲ့ကြည့် ယုံမျှပင် အတော်ပင် မသင့်တော်လှပေ ကျွန်တော်တို့ မြန်မာပြည်မှာ တန်ခိုးကြီးဘုရားတွေ များပြား လှသလို နာမည်ကြီး ပြီး အများပြည်သူ ကြည်ညိုရသော ဆရာတော်များလည်းများလှပေသည်။
...ထိုမှဆိုသော် သာမညဆရာတော်ဘုရားဆို အတော်များများဖြင့် သိကြပေမည် ဆရာတော်သည် သက်သက် လွတ်ကို အစဉ် ဘုန်းပေးသည် လာသော ပြည်သူတွေကိုသာမက သာမည ပတ်ဝန်းကျင်ပင် ဘေးမဲ့အဖြင့် ဆရာတော် အရိပ်အာဝါသ ခိုလုံနေသော လူများပင်လျှင် သက်သက်လွတ်စားရသည် ဆရာတော်မှာ ဇောတိက ဘွဲ့ ဆပ်ကပ်ခြင်းခံ ရပေသည် တကယ်ပင်လျှင်ပင် ဆပ်ကပ်သင့်လှပေသည် နေ့စဉ်လာသမျှသော ပြည်သူ တွေနှင့် ပတ်ဝန်းကျင် ရွာသားတွေသည် ဆရာတော် ရှိရာ တောင်ပေါ်နှင့် တောင်အောက်တို့ တွင် မည်မျှပင် လူများ လာစားကြပါစေ ထမင်းဟင်းများ လိုသည် မလောက်ငှသည်မှာ မရှိပေ ပေးလို့ဖြင့်မကုန် လှူ လို့ဖြင့် မခန်း နိုင်လောက်အောင်းပင် ဆရာတော်မှာ လွန်စွာပင် အေးချမ်းလှပေသည် လာရောက်ကြသော သူမှန်သမျှ ဆရာတော် ဘုရားအရိပ်အာဝါသကို ရောက်သူမှန်သမျှကို တစ်နေ့လျှင် နှစ်ကြိမ် သုံးကြိမ် တရားပေးကာ အေးချမ်းစေခဲ့ပါသည် ဆရာတော် အမြဲမေးနေကြစကားလေးမှာလဲ မမေ့နိုင်စရာ ထမင်းစားပြီးကြပြီလားတဲ့ စားပြီးရင်လဲ ထပ်စားကြဦး လို့ပြောလေ့ရှိလေတယ် ယခင်ဆို ဆရာတော်ရှိရာ ဘာအံဆိုသည်မှာ အမဲးရောင်နယ်မြေလိုပင် ဖြူလိုက်မဲးလိုက်ပင် သို့သော်လဲ ဆရာတော် ရှိနေသောကြောင့် ထိုနေရာတွင် မည်သည့် အကြောင်းအရာမျှ မဖြစ်စေရဘူး အစဉ်အေးချမ်းစွာပင် ဆရာတော် ကျေးဇူးတော်ကြောင့် ထိုင်းနယ် စပ် မဲဆောက် တာ့ခရိုင်နှင့် မြ၀တီ နယ်စပ် ဘားအံ ဒေါ်နတောင်တက်လမ်း မှာ အစိုးရမှနေ လမ်းခင်း ဖို့ ကားတွေလူတွေမှာ ပိုက်ဆံတွေ ကောက်ခံခဲ့သော်လဲ ပိုးသာကုန်မောင်ပုံ စောင်းမတတ်ဆိုသလို ထိုငွေတွေသာ ကောက်ခံလေတယ်။ လမ်းကတော့ ဘာမှမဖြစ်လာပေ ဆရာတော် မေတ္တာစေတနာကြောင့် ကတ္တရာ လမ်းကြီး ဖြစ်ကာ လမ်းပန်းဆက်သွယ်ရေး ပြေလည်စေခဲ့လေသည် ပြည်သူတွေချစ်သော ဆရာတော် အခြားတိုင်းပြည် ယိုးဒယားမှလည်း ဆရာတော်ကိုကြည်ညို လေသောကြောင့် မကြာမကြာပင် လာရောက် ပင့်သွားလေ့ ရှိလေတယ်။ ထိုမှာသော်လည်း ခန္ဓာငါးပါး ရုပ်နာမ် နှစ်ပါးရှိသော ကြောက် ဘုရားတရားတော် အတိုင်း ဇာတိ ၊ ဇရာ မယဏာ ဆိုသလို ကိုယ်မပိုင်သော ခန္ဓာကြီးကို စွန့်ခွာတော်မူကာ အိုနားသေခြင်း ကင်းဝေးရာ နိဗ္ဗာန် သို့ ပြန်လွန်တော်မူလေတော့သည် အားလုံးသော ပြည်သူအပေါင်းမှာလည် ၀မ်းနည်းပူဆွေကြရလေတယ် ဆရာတော်၏ မှာကြားခဲ့သည့်အတိုင်း ဂူသွင်းကာ အများပြည်သူကို ကမဌာန်းတရား ရစေလိုသော ဆရာတော်၏ စေတနာပင်ဖြစ်မည်ထင်သည် သံဝေဂယူရရန် ဂူသွင်းစေကာ အပြင်မှ နေ ခန္ဓာကြီး ပျက်ဆီးယိုယွင်းလာပုံ မည်သည့်အရာမှ ငါမပိုင်နိုင်ပုံတွေကို သံဝေဂရစေပါသည် ။ ယခုတော့ ထိုသို့သော လာရောက်ရှုသူတွေကိုသံဝေဂ ရစေပြီး အေးချမ်းစွာ ကြိမ်းစက်နေသော ဆရာတော် အလောင်းမှာ ယခု ပျောက် သွားသည် လို့ သတင်းများကြားရာမှ အမှန်ပင် ပျောက်သွားလေသည်။ ဘာကြောင့်များ ပျောက်ရသည်ကို စုံစမ်းရာ DKBA မှ ဗိုလ် မုတ်သုံ တို့အဖွဲ့မှ လာထုတ်သွားသည်လို့ ဒေသခံတွေက ဆိုပါတယ် ဘာလုပ်မ လို့လဲလို့ဆိုတော့ တချို့ကတော့ ယိုးဒယားကတောင်းလို့ဆိုလေတယ် တချို့ကတော့ နအဖ အစိုးရကနေ ယတြာချေ ရန် ထုတ်ခိုင်းတယ်လို့တော့ဆိုတယ် ဘယ်လိုဘဲဖြစ်ဖြစ်ဗျာ ဒီလိုလုပ်သော လုပ်ရပ် မှာ ဘာသာရေးဘက်ကပဲကြည့်ကြည့် မူပိုင်ခွင့်အရပဲကြည့်ကြည့် မည်သို့မှမလုပ်အပ်သော လုပ်ရပ်ပေ ..............ဆရာတော်ဘုရားတပည့်တော် ၀မ်းနည်းမိပါလေတော့တယ်ဘုရား ဒီလိုကောင်းခဲ့သော ဆရာတော်တောင်မှ အေးချမ်းစွာမနေရသော ကျွန်တော်တို့ နိုင်ငံတော် ကြီးအတွက် ပြည်သူတစ်ယောက်အနေဖြင့် ရှက်မိပါတယ်ဘုရား ...............

No comments :
Post a Comment