Myanmar deports Tibetan activists:
ဘာသာပြန်-msကချင်လက်နက်ကိုင် လူမျိုးစုအဖွဲ့အစည်း KIO ဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကွန်မြူနစ် တရုတ်အစိုးရနှင့် မြန်မာစစ်အုပ်စု ခေါင်းဆောင်တွေရဲ့ လက်ကိုင်တုတ် ကျွန်ဖြစ်နေပြီလားလို့ အတိုက်အခံ အင်အားစုတွေက မေးစရာတွေ ဖြစ်နေကြပါသည်။ ဒီမေးခွန်းကို ကချင်လက်နက်ကိုင် လူမျိုးစုအဖွဲ့အစည်း KIO အနေနှင့် ပြန်လည်ဖြေရှင်းဖို့ လိုအပ်ပေသည်။
Summary
တိဗက် အရေးလှုပ်ရှားမူ့မှာပါဝင်သော အဓိက တိဗက်နိုင်ငံရေးခေါင်းဆောင် (၂)ဦးဟာ တရုတ်အစိုးရ ရဲ့ လိုက်လံဖမ်းဆီးနေမူ့ကြောင့် တရုတ်ပြည် ယူနန်နယ်မှနေ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပါတယ်။
ဒီလို ထွက်ပြေးတိမ်းရှောင်နေစဉ်မှာ ခေါင်းဆောင် (၂) ဦးဟာ တနင်္ဂနွေနေ့ မှာ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူထားတဲ့ ကချင်ပြည်နယ် လိုင်ဆာ မြို့မှာရှိတဲ့ KIO လက်နက်ကိုင် လူမျိုးစုအဖွဲ့အစည်းရဲ့ဖမ်းဆီးမူ့ကိုခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ ကချင်သတင်းဌာန က တနင်္လာနေ့ ကပြော ဆိုသွားပါတယ်။
ဒီခေါင်းဆောင် (၂) ဦးကို တရုတ်အစိုးရထံ ဖမ်းဆီးလွဲပြောင်းပေး ဖို့ တရုတ် အစိုးရအရာရှိတွေက ကချင်ပြည်နယ်မှာရှိတဲ့ KIO အဖွဲ့အစည်းထံ ဖိအားပေးတောင်းဆိုခဲ့တာကြောင့် ဖမ်းဆီးရမိပြီး မကြာခင်မှာဘဲ တရုတ်အဏာပိုင်တွေထံ လွဲပြောင်းပေးခဲ့တယ်လို့ သတင်းထဲဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပက်သက်ပြီ KIO အဖွဲ့အစည်းမှ ဘာမှ တုန့်ပြန်မူ့ မရှိသော်ငြား လည်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ ဒီကိစ္စကိုဆက်လက်ဖော်ထုတ်စုံစမ်းသွားမယ်လို့ သတင်းဌာနတွေထဲမှာဖော်ပြထားပါတယ်။
KIO လက်နက်ကိုင် လူမျိုးစုအဖွဲ့အစည်းဟာ မြန်မာစစ်အစိုးရနှင့် စီးပွားရေး၊ နိုင်ငံရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေတာကြောင့် စစ်အစိုးရကို အတိုက်အခံပြုနေတဲ့ အင်အားစုတွေက ဖောက်ပြန်နေတဲ့ အဖွဲ့အစည်း တခု လို့ ဝေဖန်မူ့ကိုခံ နေကြ ရပါတယ်။ ကချင်လက်နက်ကိုင် လူမျိုးစုအဖွဲ့အစည်း KIO ဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကွန်မြူနစ် တရုတ်အစိုးရနှင့် မြန်မာစစ်အုပ်စု ခေါင်းဆောင်တွေရဲ့ လက်ကိုင်တုတ် ကျွန်ဖြစ်နေပြီလားလို့ အတိုက်အခံ အင်အားစုတွေထဲ မေးစရာတွေ ဖြစ်နေကြပါသည်။
1 comment :
Hi,all
new flash animation video to expose the true face of the Chinese government as it tries to hide behind its glossy Olympics propaganda. Help spread our new flash video far and wide
Beijing 2008 Torch Relay Truth!
http://www.clearspring.com/widgets/47f07c44c5c7bc28
Post a Comment