Sunday, 4 May 2008

ကုလသမဂ္ဂ အကူအညီကို ငြင်းပါယ်

မုန်တိုင်းဒဏ်ကြောင့် ဘ၀ပျက် ငတ်မွတ် ဒုက္ခရောက်နေကြရပြီဖြစ်တဲ့ ကျနော်တို့ ပြည်သူတွေကို ကမ္ဘာ့ကုလသမဂ္ဂ က အကူအညီပေးမည်ဖြစ်ကြောင်း နအဖ စစ်အာဏာရှင်ကို ကမ်းလှမ်းခဲ့ပေမယ့်
နအဖ စစ်အာဏာရှင်ဟာ ကုလသမဂ္ဂ က အကူအညီပေးဖို့ ကမ်းလှမ်းချက်အား ငြင်းဆန်လိုက်ပါတယ်။

ကျနော်တို့ပြည်သူလူထုဟာ ဒုက္ခတွေပင်လယ်ဝေနေပြီး တဲ့အပြင် အခုလို ဆိုးရွား အားပြင်းလှတဲ့မုန်တိုင်းဒဏ်အောက်မှာ နေစရာမဲ့ စားစရာမဲ့ သောက်စရာမဲ့ ဘ၀တွေနဲ့ ရင်ဆိုင်နေရတာတောင်
နအဖ စစ်အာဏာရှင်ဟာ မျက်နှာထားတင်းတင်းနဲ့ သူတို့ဝမ်းသူတို့ စားပိုးနင့်အောင်ဖြည့်နိုင်ပေမယ့် စားစရာ မဲ့ ပြည်သူကို ကုလသမဂ္ဂ ကူညီလှူဒါန်းမယ့် ကမ်းလှမ်းချက်ကို ငြင်းပါယ်ပုတ်ချလိုက်ပါတယ်။

ဒီလောက် အတ္တနဲ့ တလွဲမာနကြီး အနိုင်ကျင့်ယုတ်မာ နေတဲ့ နအဖ ဟာ သူတို့ကိုယ်တိုင် က ထိရောက် နွေးထွေးတဲ့ အကူအညီတွေ ကယ်တင် ဖြည့်ဆည်းမှုတွေ ပြည်သူကို လုပ်ပေးမလားဆိုတော့လဲ သူတို့ တွေ လုပ်မယ့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး အခြေခံဥပဒေ ဆိုတဲ့ မဲပေးပွဲမှာ မဲ ရရေးအတွက်သာ
မ၀ရေစာ မလောက်မငှ သေနတ်ချိန် ပေးကမ်းပြီး တပြားပေးလို့ တဘ၀ယူ ဆိုတဲ့ လုပ်ရပ်ကို လုပ်မှာသာဖြစ်ပါတယ်။

ကျနော်တို့ ဓါတ်ပုံတွေထဲမှာ ခု မြင်နေကြရတဲ့ အင်တာနက်ပေါ်တက်လာတဲ့ပုံအချို့ဟာလဲ ရန်ကုန် မြို့တွင်း ပိုင်း တိုက်တာအိမ်ယာများ နဲ့လမ်းမများသာ ဖြစ်ကြပါတယ် ... ဓနိမိုး ထရံကာ အိမ်ငယ်ကလေးများ မြစ်ကမ်းဘေး အခြေအနေများ တခုမှ ပါမလာသေးတဲ့အတွက် ဘယ်လောက်ထိ ကြီးမား ဆင်းရဲတဲ့ဒုက္ခကို ငွေကြေး မရှိသူ များရာစု ပြည်သူလူထုကြီး ဟာ ကူသူ ကယ်သူမဲ့ ရင်ဆိုင်ခါးဆီးခံနေရပါသလဲဆိုတာ မတွေးရဲစရာဖြစ်ပါတယ်။






No comments :