နိုင်ငံတကာ နှင့် ကုလသမဂ္ဂအရေးပေါ်အကူအညီ အမြန်လိုအပ်
ရန်ကုန်
ဗမ-၃
မုန်တိုင်းအောက်မှာ တိုင်းနဲ့ ပြည်နယ် ငါးခုစလုံး တော်တော်ပျက်ဆီးသွားပါတယ်။ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ သန်းရွှေ၊ အောင်သောင်း နဲ့ မောင်သောင်းတို့ဟာ လုံးဝ အသိဥာဏ်မရှိပါဘူး ။ တကယ်ဆိုရင် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ အတွက် ကုလသမဂ္ဂ ကို အကူအညီတောင်းခံသင့်ပါတယ် ။နိုင်ငံတကာ ကြက်ခြေနီ အသင်းတို့ လိုအဖွဲ့အစည်းမျိုးတွေက အစ ပေါ့။
တကယ်ဆိုရင် ကယ်ဆယ်ရေး အေဂျင်စီတွေ လာရောက်ပြီး အကူအညီပေးကြရင် မြန်မာလူထုတွေဟာ အခြေအနေဆိုးထဲက အမြန်ဆုံးလွတ်မြောက်ပြီး ပုံမှန်အနေအထားတခုကို ပြန်ရောက်ရှိလာနိုင်ပါတယ်။
ခုချိန်အထိ အရေးပေါ်ကယ်ဆယ်ရေးတွေကို အကူအညီမတောင်းခံတာ ၊ အကူအညီကို ငြင်းပါယ်တာဟာ သန်းရွှေ တို့  စကောလောက်မှ ဇောက်မနက်ကြိမ်လုံးလောက်မှ မဖြောင့်မတ် တီကောင်လောက်မှ ထိုးထွင်းမှုမရှိတဲ့ အသိဥာဏ်နဲ့ ရက်စက်ယုတ်မာ လွန်းတဲ့ သဘောထားဟာ ပေါ်လွင်နေပါတယ်။
Sunday, 4 May 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment