Tuesday 6 May 2008

နအဖ ဗိုလ်ချုပ်ကြီးများ ပြည်သူလူထုအတွက် သတ္တိတကယ်ရှိပါသလား….

နအဖ ဟာ နိုင်ငံတကာ အကူအညီနဲ့ ကျွမ်းကျင်သူ တွေ အပါအ၀င် အမေရိကန် ၀င်ရောက်ကူညီမယ့်ကိစ္စကို လုံးဝလက်မခံရဲဘူးဖြစ်နေတယ်။

ဒါဟာ နအဖ စစ်တပ် အကြီးအကဲတွေရဲ့ သွေးနည်းသရဲဘောကြောင်မှုဖြစ်တယ်။
George W. Bush ရဲ့ ကမ်းလှမ်းချက်ကို လက်မခံရဲတာရဲ့နောက်မှာ တွက်ချက်မှုတွေ ရှိတယ်။

တကယ်လို့ လက်ခံလိုက်ရင် အမေရိကန် တပ်အနေနဲ့ဝင်လာပြီး ကူညီမှုတွေလုပ်မယ်။
အဲလို ကူညီမှုတွေလုပ်ချိန်မှာ မေလ ၁၀ရက် တိုက်ပိတ် သေနတ်ထောက် ဆန္ဒမဲပေးပွဲ ကာလ ဖြစ်နေတယ်။

အဲဒီအချိန်မှာ အမေရိကန်စစ်တပ်ဟာ ပြည်သူ လူထု အတွက် အားကိုးစရာ တစ်ခုအနေနဲ့ ဖြစ်သွားပြီး ပြည်သူအနေနဲ့ ရဲရဲတင်းတင်း ထပ်မံပြီး အုံကြွ ဆန္ဒပြလာခဲ့ရင်
အခြေအနေကို ထိမ်းထားနိုင်ဖွယ် အနေအထား (စိုးမိုးကုန်းယူထားတဲ့အနေအထား) က နေပြီးတော့ချောင်ပိတ်အတိုက်ခံရတဲ့စစ်တပ်ဖြစ်သွားမယ်ဆိုတာကိုနားလည်ထားလို့ဖြစ်တယ်။

အဲလိုဖြစ်ခဲ့ရင် …. အမေရိကန်စစ်တပ်ရဲ့ ပြည်တွင်း အကူအညီ ပေး Units တွေရှေ့မှာ နအဖဟာ လူထုကို ပစ်ချင်သလို ပစ်ခတ်သတ်ဖြတ်ဖို့အတွက်လဲ အချိန်တောင်ရလိုက်မှာမဟုတ်ဘူးဆိုတာသိနေတယ် ။

နအဖဟာ သူတို့ အထက်ပိုင်း အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး ဆိုတဲ့ မဟာဗျူဟာ အောက်မှာ ဘယ်လို ပဲတွက်ချက်တွက်ချက် အဲသလိုလက်ခံလိုက်ရင် သူတို့ နေ၀င်ချိန်တကယ်ရောက်ပြီဆိုတာသိရှိတဲ့အတွက် အမေရိကန် က ဘယ်လောက်ပဲ ပြည်သူကို လူသားချင်းစာနာတဲ့အကူအညီတွေပေးချင်ပေးချင် လက်မခံရဲဘူး ။

နအဖ ဟာ ယခုမုန်တိုင်း ကြောင့်ဖြစ်ပေါ်လာတဲ့ ပြည်သူ့ ဒုက္ခတွေကို ခပ်ပေါ့ပေါ့ပဲတွက်ပြီး ကျန်တဲ့ သန်းငါးဆယ်ပြည်သူတွေ ဖြစ်တဲ့ မုန်တိုင်းဘေးမကျတဲ့ ဒေသတွေက လူထုကို နွားဖားကြိုးအတင်းဆွဲလို့ ထောက်ခံမဲပေးရေးကိုသာ အားသွန်ခွန်စိုက်လုပ်နေခဲ့တယ်။

တဖက်ကလဲ ဒီအချိန်မှာ လူထု ထဲက မဲပေးရေး ဆိုတဲ့ကိစ္စတွေထက် ဒုက္ခရောက်နေတဲ့လူတွေကို ကူညီချင် ကယ်တင်ချင်တဲ့ မွန်မြတ်တဲ့စေတနာကို နအဖဟာ သူတို့ အတွက် လက်နက်အဖြစ် ဖြတ်လမ်းကအသုံးချနေတယ် ။

ဒီအချက်တွေကိုလဲ ပြည်သူလူထုအနေနဲ့မြင်သိကြဖို့ လိုတယ် ။ အရာအားလုံးကို နအဖဟာ မျက်ခြေဖြတ် ခြေပုန်းခုတ်ပြီး သူတို့ အတွက် ထာဝရအမြတ်ကို အပြစ်မဲ့သူတွေရဲ့အလောင်းကြားက ပိုင်ပိုင်နိုင်နိုင်လုပ်ယူသွားမယ်ဆိုတာက ဗြောင်ကိုမြင်နေရတဲ့ကိစ္စဖြစ်ပါတယ်။ ဒါဟာ မြင်သမျှ ရသမျှ Data တွေပေါ်အခြေခံပြီး ကျနော့်ရဲ့အကြမ်းဖျင်းတွက်ချက်မှုလေးပဲဖြစ်ပါသေးတယ် နအဖ ကက်ဘိနက် က လူတွေအနေနဲ့ပိုတွက်ထားမှာပေါ့ ဘက်ပေါင်းစုံက ခင်ဗျားတို့  ဘာလုပ်တယ်ဆိုတာ ခင်ဗျားတို့ ပိုသိပါတယ်။ ဆောင်းပါးသိပ်ရှည်သွားမှာစိုးလို့  အပြည့်အစုံမရေးတော့ပေမယ့် မေးချင် တိုက်တွန်းချင်တာကတော့….

အဘ ဦးသန်းရွှေနှင့် စစ်တပ်မှ ဗိုလ်ချုပ်ကြီးများခင်ဗျား….
ယောက်ျားပီသစွာ သတ္တိတကယ်ရှိသော သူရဲဘော မကြောင်တတ်သည့်
စစ်ယူနီဖောင်းဝတ်လူကြောက်ကြီးများမဟုတ်ကြဘူးဆိုလျှင် အမေရိကန်နှင့်တကွ နိုင်ငံတကာ၏ ကိုယ်ထိလက်ရောက် တိုက်ရိုက် အကူအညီကို လက်ခံရဲပါ။


ရဲဘော်ငြိမ်း

2 comments :

Unknown said...

This is the right time to test the leadership skill of regime.But it is quiet enough to judge for them as they announced lack information of cyclone beforehand, they still uncertain to take correct and effective action and they fear cowardly to welcome international aids.So it is clear that all generals are stupid and have pea brain.In paskistan, when landslide disaster, Mr Musharaf asked for international aids urgently and especilly he requested for Pakistanis who are living in abroad to donate as much as possible. Now this is the time given by Lord Buddha to unite all different parties regardless of their vision and belief.But for the generals, they don't seem to realize this opportunity to accept. If they still mismanage on this issue, the ending for them is not too far away.And it will be difinitely unhappy ending.

Anonymous said...

yathtun