ရန်ကုန်- မြန်မာ ( အေပီ)
အစားအစာ တန်ချိန် တထောင် တင်ဆောင် လာ သော ပြင်သစ် ရေတပ် သင်္ဘော တစီး သည် မြန်မာ့ ပင်လယ် ကမ်းရိုးတန်း အနီး တွင် ၊ မုန် တိုင်း ဒဏ်ခံ ခဲ့ ရသော ဧရာဝတီ မြစ်ဝ ကျွန်း ပေါ် ဒေ သ သို့ ဆိုက်ကပ် ရန် အတွက်၊ မြန်မာ စစ် အစိုး ရ ၏၊ ခွင့်ပြု မိန့် ကို စောင့် ဆိုင်း လျက် ရှိ သည်။
စနေနေ့ တွင်၊ စစ် အစိုး ရ မှ နိုင်ငံခြား သံတမန် တစု အား မုန်တိုင်း ဒဏ်ခံ ဧရာဝတီ မြစ်ဝ ကျွန်း ပေါ် သို့ ခေါ် ဆောင် ပြသ ခဲ့ သည်။ သို့သော်၊ ထိပ်တန်း အမေရိ ကန် သံတမန် တဦး အဆို အရ၊ ထို ခရီး စဉ် သည် ဟန်ပြ သက်သက် သာ ဖြစ် ကြောင်း ပြော ဆို ခဲ့ သည်။
အစားအစာ တန်ချိန် တထောင် တင်ဆောင် လာ သော ပြင်သစ် ရေတပ် သင်္ဘော တစီး သည် မြန်မာ့ ပင်လယ် ကမ်းရိုးတန်း အနီး တွင် ၊ မုန် တိုင်း ဒဏ်ခံ ခဲ့ ရသော ဧရာဝတီ မြစ်ဝ ကျွန်း ပေါ် ဒေ သ သို့ ဆိုက်ကပ် ရန် အတွက်၊ မြန်မာ စစ် အစိုး ရ ၏၊ ခွင့်ပြု မိန့် ကို စောင့် ဆိုင်း လျက် ရှိ သည်။
စနေနေ့ တွင်၊ စစ် အစိုး ရ မှ နိုင်ငံခြား သံတမန် တစု အား မုန်တိုင်း ဒဏ်ခံ ဧရာဝတီ မြစ်ဝ ကျွန်း ပေါ် သို့ ခေါ် ဆောင် ပြသ ခဲ့ သည်။ သို့သော်၊ ထိပ်တန်း အမေရိ ကန် သံတမန် တဦး အဆို အရ၊ ထို ခရီး စဉ် သည် ဟန်ပြ သက်သက် သာ ဖြစ် ကြောင်း ပြော ဆို ခဲ့ သည်။
နိုင်ငံ ပိုင် သတင်း ဌါန မှ သောကြာ နေ့ ထုတ်ပြန် ချက် အရ၊ နာဂစ် ဆိုင်ကလုံး ကြောင့် သေဆုံးသူ စာရင်းမှာ ( ၇၈၀ ၀၀၀) ထိ ၂ ဆ ခန့် တက်သွား ခဲ့ ပြီး၊ ပျေက် ဆုံး သူ စာရင်းမှာ ( ၅၆၀ ၀၀၀ ) ထိ ရှိ သည်။ ကူညီ ပေး ရေး အုပ်စု များ အဆို အရ၊ သေ ဆုံး သူ ဦးရေ မှာ (၁၂၈ ၀၀၀) တသိန်း ၂ သောင်း ၈ ထောင် ခန့် အထိ ရှိ နိုင် ပြီး၊ အသက် မသေ ကြွင်း ကျန် ရစ် သော ဒုက္ခ သည် ၂.၅ သန်း ခန့် ထဲ မှ လည်း၊ အစာရေ စာ ငတ် မွတ် မူ နှင့် ရောဂါ ဘယ များကြောင့် အများ အပြား ဆက်လက် သေဆုံး ဖွယ် ရှိ နေ သည် ဟု ဆို သည်။
စစ် အစိုး ရ မှ ထို အကူ အညီ များ အား လုံး ကို အစိုး ရ မှ တဆင့် ဖြန့်ဖြူး ရ မည် ဟု ဆို ပြီး၊ ရန်ကုန် မြို့ ရှိ နိုင်ငံခြား သား များ ကို လည်း တားဆီး စစ် ဆေး မူ များ တင်း ကျပ် စွာ လုပ် ဆောင် လျက် ရှိ သည်။
ဗြိတိသျှ ၀န်ကြီး ချူပ် ဂေါ် ဒွန် ဘရောင်း မှ၊ စနေနေ့ ဘီဘီစီ ရုပ်သံ မေးမြန်း ခန်း တခု တွင်
` စစ် အစိုး ရ ၏ ဗမာ ပြည်သူ များအပေါ် လုပ်ဆောင် နေသော လူ မဆန် သည့် လုပ်ရပ်များ၊ လျစ်လျူ ရှု မူ များ၊ နိုင်ငံ တကာ အသိုင်း အ၀ိုင်း ၏ ကူညီမူ များကို အ၀င်မ ခံ ခြင်း များ ကြောင့်၊ သဘာဝ ဘေး အန္တရယ် မှနေ ၍၊ လူလုပ် သော ကပ်ဆိုး ကြီး တခု အဖြစ် သို့ ရောက် ရှိ နေ ပြီ´ ဟု ဆို လိုက် သည်။
ပြင်သစ် အစိုးရ ထုတ် ပြန် ချက် အရ၊ ရေတပ် သဘောင်္ `လလ်မစ်ထရဲလ်´ သည် လူ တသိန်း အား ၁၅ ရက်စာ ကျွေး နိုင် သော အစားအစာ တန် ချိန် ၁၀၀၀ တင် ဆောင် လျက် မြန်မာ့ရေ ပိုင် နက် မှ ၁၃ မိုင် အလွန် တွင် စောင့် ဆိုင်း နေ ကြောင်း၊ အကူအညီ ပစ္စည်း များ ထဲ တွင်၊ လူ ၁၅ ၀၀၀ စာ အတွက် နေထိုင် ခင်း များ လည်း ပါဝင် ကြောင်း ထုတ် ဖော် ပြော ဆို လိုက်သည်။
ပြင်သစ် အစိုးရ မှ မြန်မာ အာဏာ ပိုင် များ နှင့် အကူအညီပေး ရေး ညှိ နှိုင်း နေ စဉ်၊ သဘောင်္ သည် စောင့်ဆိုင်း မောင်း နှင် လျက် ရှိ သည် ဟု `လလ်မစ်စ်ထရဲလ်´ ၏ တာဝန် ရှိ သူ Alain Hinden မှ ပြော ကြား ခဲ့ သည်။
` ခွင့် ပြု ချက် စောင့်ဆိုင်း နေ စဉ် မှာ၊ ကျ နော် တို့ နေရာ တ၀ိုက် မှာ လှည့်ပတ် မောင်း နှင် နေပါ တယ်´ လို့ ဘန်ကောက် မြို့မှာ ရှိတဲ့ အေပီ သတင်း ဌါန အား သဘောင်္ ပေါ် မှ ဖြေ ကြား သွား ခဲ့သည်။ ` လို အပ် ရင်၊ သဘောင်္ ဟာ ဒီနေရာ မှာ ပဲ နေ့များစွာ၊ သတင်းပတ် များ စွာ နေ နိင် တဲ့ အခြေ အနေ ရှိ ပါတယ် ´ လို့လည်း ပြော ကြား ခဲ့ သည်။
ပြင် သစ် နိုင် ငံ ဆိုင် ရာ ကုလ သံအမတ် Jean-Maurice Ripert မှ၊ သော ကြာ နေ့တွင်၊ စစ် အစိုး ရ မှ ဒုက္ခသည် များ ထံ အကူ အညီ များ ပို့ဆောင်ရေး အား ငြင်းဆန် နေ မည် ဆို ပါက၊ လူသား ဆန် မူ ကို လွန်ကျူး သော ပြစ်မူ ကြီး တခု ဆီသို့ ရောက် ရှိ သွား လိမ့် မည် ဟု ၊ သတိ ပေး ပြော ဆို လိုက် သည်။
ရန်ကုန် မြို့တွင် တော့၊ ပြင်သစ် သဘောင်္ ချဉ်းကပ် လာ မူ သတင်း အား၊ မြို့နေ ပြည်သူ များ မှ၊ စိတ်လှုပ် ရှား လျက် ရှိ ပြီး၊ ဘယ်လောက် ဝေး မှာ ရောက် နေပြီလဲ၊ ဘယ်အချိန် ရောက် မလဲ ဆို သည် များ ကို ၊ တဦး နှင့် တဦး ဖုန်း ဆက် မေး မြန်း လျက် ရှိ ကြ သည်။
ထို စိတ်လှုပ် ရှား မူ များ မှာ၊ မြန်မာ ပြည်သူ လူထု ၏၊ သူတို့ အစိုးရ အပေါ် နိင်ငံတကာ မှ တောင်းပန် နေမူများ အား လျစ်လျူ ရှူ မူ အ ပေါ် ၊ စိတ်ပျက် နေ ကြောင်း ဖော် ပြ လျက် ရှိ သည်။
သူတို့၏ ကူ ညီ ကယ် ဆယ် ရေး လုပ်ငန်း များ အား ပြသ ရန် အလို့ ငှါ၊ စစ် အစိုး ရ မှ သံတမန် ၆၀ နှင့် ကုလ အရာ ရှိ တချို့အား၊ ရဟတ် ယဉ် ဖြင့် တင်ဆောင် ကာ၊ ဧရာဝတီ တိုင်း နေ ရာ ၃ နေရာ ရှိ၊ စခန်း များ အကူအညီ များ နှင့် ရှင် ကျန်ရစ် သူ တချို့အား၊ တမင် စီစဉ် ပြသ ခဲ့ သည် ဟု ၊သံတမန် သတင်း ရပ်ကွက် မှ ဆို သည်။
` ဒါဟာ ပြပွဲ သက်သက်ပါပဲ။ သူတို့ မြင် စေချင် တဲ့ အရာ တွေ တင်ပါ´ လို့ အမေရိကန် ထိပ်တန်း သံတမန် Shari Villarosa က၊ ရန်ကုန် သို့ ပြန် ရောက် ရောက် ချင်း၊ ဘန်ကောက် ရှိ အေပီ သတင်း ဌါ န အား တယ်လီဖုန်း ဖြင့် ပြော ကြားသွား ခဲ့ သည်။
သူမ မှ ထပ်မံ ၍ အသေး စိတ် မပြော ခဲ့ သော် လည်း၊ အာစီယံ သံတမန် များ မှ၊ အေပီ သတင်းဌါ န သို့ သီးခြား ပြော ခဲ့ သည် မှာ၊ အစိုးရ အနေ ဖြင့်၊ အရာအားလုံး စနစ် တကျ ထိန်းချုပ် ထား နိုင် ပြီ ဆို တာကို သူတို့ အား ပြ ချင် နေ ခဲ့ သည် ဟု ဆို ခဲ့ သည်။
သို့သော် လည်း၊ သူတို့ တကယ် ပြော ချင် သည် မှာ၊ နိုင်ငံ တကာ အကူ အညီ များ အား၊ လက်ခံ ကြို ဆို ပါသည်၊ သို့သော် နိုင်ငံခြား သား၊ တာဝန် ရှိ သူ များ အား၊ မလို အပ် ပါဟု ဆိုလို နေ ကြောင်း၊ အမည် ထုတ် ဖော် မပြော လို သော သံတမန် တဦး မှ ဆို ခဲ့ သည်။
သူပြော သည်မှာ၊ သံတမန် များ သည်၊ ဆေးရုံ သို့ ရောက် ရှိ ခဲ့ ပြီး၊ ဆိုင်ကလုန်း အပြီး တွင် မီးဖွား ထားသော အမျိုးသမီး တဦး ကို တွေ့မြင် ခဲ့ ကြ သည်၊ ကလေး အမည် အား ` နာဂစ်´ ဟု အမည် ပေး ထား ကြောင်း၊ ဆက် လက် ပြော ဆို သည်။
နောက် သံတမန် တဦး အဆို အရ၊ အာဏာ ပိုင် များ မှ၊ သူ တို့ အား ပြော ဆို သည်မှာ၊ ကူညီ ကယ် ဆယ်ရေး လုပ်ငန်း များ ပြီးစီးသွား ပြီ ဖြစ် ကြောင်း၊ နှင့် ယခုဆို လျှင်၊ ပြန်လည် နေရာချ ထား ရေး တည်ဆောက် ရေး များ သို့ သွားနေ ပြီ ဟု ဆို သည်။
သို့ သော် လည်း၊ တကယ့် လုပ်ကွင်း ထဲ ရောက် နေ သော အကူ အညီ ပေး ရေး အုပ်စု များ ၏၊ တင်ပြချက များ မှာ မူ၊ မတူ ကွဲ ပြား လျက် ရှိ နေ ပေသည်။
သူတို့ ပြော သည်မှာ၊ ရှင်သန် ကျန်ရစ် သူ ဒုက္ခသည် များ မှာ၊ ဒုက္ခသည် စခန်း များ၊ စာသင် ကျောင်း များ၊ ဘုန်းကြီး ကျောင်း များ တွင်၊ ပြွှတ်သိပ် နေ ထိုင် လျက် ရှိ ပြီး၊ ပုဂ္ဂိလိက အလှူ ရှင် များ မှ၊ မော်တော် ကား များ နှင့် ယူဆောင် လာ သော၊ ဆန် ခေါက်ဆွဲ ဘီစကွတ် မုန့် များ ကို သာ မှီတည် လျက် ရှိ ကြ သည် ဟု ဆို သည်။
ပြီးခဲ့ သော ၂ ရက် အတွင်း ထပ် မံ ရွာ သွန်းသော သဲထန် သော မုတ်သုန် မိုး က လည်း၊ အကူ အညီ ပေးရေး လုပ်ငန်း များ အား၊ နှောင့်နှေး နေ စေ ခဲ့ သည် ဟု ဆို၏၊
သေက် ရေ သန့် ပြတ်လပ် မူ က၊ ကြီးမားသော ပြသာနာ ဖြစ် ပြီး၊ လာမည့် ရက် များတွင်၊ လူအမြောက် အမြား ထပ်မံ သေဆုံး ရဖွယ် ရှိ သည်ဟု၊ ကြက်ခြေ နီ အဖွဲ့ကြီး မှ သတိ ပေး ပြောဆိုခဲ့သည်။
စစ် အစိုး ရ မှ၊ စနေနေ့တွင် ရန် ကုန် သို့ ရောက် ရှိ လာ သော ၊ ထိုင်း နှင့် အိန္ဒိယ နိုင် ငံ ဆေး ၀ါး အဖွဲ့ များ အား လက်ခံ လိုက် သည်။ အဖွဲ့ဝင် ၃၂ ယောက် ပါသော၊ ထိုင်း အဖွဲ့ သည်၊ လာမည့်ရက်များ တွင်၊ မြစ်ဝ ကျွန်း ပေါ် ဒေ သ သို့ သွားရောက် နိုင် လိမ့် မည် ဟု၊ ထိုင်း အမျိုးသား ဆေးဝါး အရေး ပေါ် ဌါန မှ၊ အုပ်ချုပ်သူ Dr. Surachet Satitniramai က ပြော ကြားခဲ့သည်။
ဆရာဝန် အယောက် ၅၀ နှင့် ဆေးတပ် မှ၊ ဆေး ၀ါးကျွမ်းကျင် သူ များ ပါဝင် သော အိန္ဒိယ အဖွဲ့ မှ၊ လေတပ် ပြောရေး ဆိုခွင့် ရှိ သူ Manish Gandhi က မူ၊ သူတို့ အား၊ ဧရာဝတီ ဒေသ သို့ သွားရောက် ခွင့် ပြုမပြု ကို သူ့အနေ နှင့် မပြော နိုင် သေး ကြောင်း ပြောဆို ခဲ့သည်။
ကုလသမဂ္ဂ အထွေ ထွေ အတွင်း ရေး မှူး ၏ လက်ထောက်၊ လူသားခြင်း စာနာရေး တာဝန်ခံ John Holmes သည်၊ လာမည့် တနင်္ဂ နွေ နေ့တွင် ကုလ အကူ အညီ တပ်များ ပိုမို ၀င်ရောက် နိုင်ရေး၊ နှင့်၊ အကူအညီ ပေး ရေး လုပ်ငန်း များ ပိုမို ကျယ်ပြန့်စွာ လုပ် ဆောင် နိုင် ရန်၊ စစ်ခေါင်း ဆောင် များ များ ဖြောင်းဖြ ဖို့၊ မြန်မာ ပြည်သို့ သွား ရောက် မည် ဖြစ်သည်။
အမေရိ ကန် စစ်တပ် မှ၊ နောက်ထပ် လေယဉ် ၄ စီး ရန်ကုန် သို့ သောကြာ နေ့တွင် ရောက် ရှိ ခဲ့ ပြီး၊ တနင်္လာနေ့မှ စတင် လျှင်၊ စုစုပေါင်း ၁၇ စီး ရောက် ရှိ ခဲ့ ပြီး ဖြစ် သည်။ ထို အထဲ မှ ၂စင်း မှာ၊ ထိုင်း အစိုး ရ မှ၊ အကူ အညီ ပစ္စည်း များ ဖြစ် သည်။ အိန္ဒိယ မှ လည်း၊ လေယဉ် များ ပျံသန်း ရန် အသင့် ရှိ နေ သည်။
No comments :
Post a Comment