Rest of your post
ကျနော် အစည်းဝေးက ပြန်လာတော့ ည ၁၀ နာရီလောက်ရှိနေပြီ။ ကိုလွမ်းဏီနဲ့ သူရဲဘော်တွေ ပိုစတာရေးနေကြတယ်။ မနက်ဖန် ဆန္ဒပြပွဲသူတို့ လုပ်ကြမလို့ တဲ့ ။ နေရာက ထိုင်းမြန်မာ နယ်စပ်မှာပါ။ သူတို့ က နိင်ငံတကာ လူသားချင်းစာနာတဲ့ ကျူးကျော်စွက်ဖက်မှု လိုအပ်နေကြောင်း နိင်ငံတကာသိအောင် လုပ်ဖို့ တဲ့။ သူ့သားအောင်ကျော် က ဆယ်နှစ်သားပါ။ တအိမ်လုံးမှာထိုင်းလို တတ်တာဆိုလို့ သူတယောက်ပဲရှိတယ်။ အောင်ကျော်က မြန်ပြည်ကို ကူညီပါ ဆိုတဲ့ ပိုစတာကို အောင်ကျော်က ထိုင်းဘာသာနဲ့ ရေးနေတယ်။ သူ့စိတ်ဓါတ်ကိုလေးစားမိတယ်။ တော်လှန်ရေးက ဆက်လက်ရှင်သန်နေသလိုခံစားရပါတယ်။
Saturday, 17 May 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment