Monday 26 May 2008

ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု စတင်ကြပါစို့ 

ဒီစာကို Select ပေးပြီးရေးပါ...

နေ့ စွဲ -မေလ ၂၆၊ ၂၀၀၈

လေးစားအပ်ပါသော
ပြည်တွင်းပြည်ပရှိညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား


ရန်ကုန်မြို့  ဆီဒိုးနားဟော်တယ် မှာကျင်းပပြုလုပ်ပြီးသွားတဲ့ အလျူရှင်များ အစည်းဝေး - Donors Meeting - အပြီးမှာ လေဘေးဒုက္ခသည်များအခြေအနေဟာ အလွန်ကိုဆိုးဝါးနေဆဲဖြစ်ပါတယ်။ ပုသိမ်မှာရှိတဲ့ဒုက္ခသည်များဟာ နေရပ်ကိုအတင်းအကြပ်ပြန်ပို့ တာခံနေရပါတယ်။ ဖျာပုံ၊ကျိုက်လတ်နဲ့ အခြားမြို့ နယ်များမှာရှိတဲ့ လေဘေးဒုက္ခသည်များဟာလည်း မဖြစ်စလောက်အကူညီတခါနစ်ခါလာပေးတာကလွဲလို့ ဘာတခုမှမရရှိသေးပါဘူး။

နဂျစ်မုန်တိုင်းက ကျနော်တို့ ပြည်သူ သိန်းပေါင်းများစွာရဲ့ အသက်ကို တမဟုတ်ခြင်းချွေခဲ့ပါတယ်။ မသေလို့ ကျန်ခဲ့တဲ့ ၂သန်းနီးပါးပြည်သူတွေကတော့ ကုလသမဂနဲ့ အာဆီယံနိင်ငံတွေရဲ့ တဖြေးဖြေးခြင်းညင်းသတ်တာကိုခံရတော့မှာပါ။
ပြည်သူလူထုမှာအကာအကွယ်မဲ့နေပါပြီ။

ဒုက္ခဘေးကျရောက်နေတဲ့ပြည်သူလူထုကြီးအတွက် ကျနော်တို့ အစွမ်းကုန်တိုက်ပွဲ ၀င်ရပါတော့မယ်။ ကျနော်တို့ မှာတခြားနည်းလမ်းမရှိတော့ပါဘူး။ ကျနော်တိုက်တွန်းလိုပါတယ်။ ပြည်တွင်းမှာ တပြည်လုံးအတိုင်းတာဆောင်တဲ့ အထွေထွေသပိတ်ကြီးဆင်နွဲရပါမယ်။ ပြည် ပရောက်ညီအကိုမောင်နှမတွေအနေနဲ့  ကုလသမဂနဲ့ အာဆီယံကိုဆန်ကျင်တဲ့
လှုပ်ရှားမှုကြီး နဲ့ အမေရိကန်၊ ပြင်သစ်နဲ့ အင်္ဂလန်နိင်ငံတွေကို လူသားချင်းစာနာတဲ့
စွက်ဖက်မှု - Humanitarian Intervention - ကိုတောင်းဆိုတဲ့လှုပ်ရှားမှုတွေကို
တကမ္ဘာလုံးအတိုင်းတာနဲ့ စတင်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဘယ်နေ့ မှာလုပ်မလဲ ဘယ်နေရာတွေမှာလုပ်မလဲ ဘယ်လိုကြွေးကြော်သံတွေတင်မလဲ ဆိုတာ ကို အမြန်ဆုံးမိမိတို့ သက်ဆိုင်ရာနိင်ငံအလိုက် အရေးပေါ်အစည်းဝေးတွေကို ခေါ်ယူပေးဖို့ တိုက်တွန်းလိုပါတယ်။

မိုးသီးဇွန်
Email: wefightwewin@gmail.com


No comments :