Monday, 26 May 2008

လူသားချင်းစာနာထောက်ထားသော ကယ်ဆယ်ရေးလုပ်ငန်းဆိုတာ ဘာလဲ



















Compare with

Temporary burial of dead bodies in Thailand following the Tsunami disaster on 26 December 2004.
and
Dead bodies in Burma following the Nigis Cyclone disaster


မျှဝေခြင်း- (m.s)
ဓာတ်ပုံ-(AFP)

ကျွန်တော်တို့ တိုင်းပြည်မှာ နားဂစ်ဆိုင်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးပါပြီ ဆိုပြီ ပြိတ္တာတွေ ဖြစ်ကြတဲ့ စစ်အုပ်စု ဂိုဏ်းသားတွေက မရှက်မကြောက် ပြောနေ ကြတယ်။ သူတို့ဟာ မွေးကတည်းက ရှက်ကြိုး နဲ့ ချက်ကြိုး မှားဖြတ်ခံခဲ့ရ တယ်ဆိုတာ လည်းသိပါ တယ်။ ဒါပေမဲ့လည်း လူတွေသိအောင်တော့ ဆက်ပြောနေ ရမှာဘဲ။

လူကို တန်ဘိုး မထားတက်တဲ့ ဒီပြိတ္တာစစ်အုပ်စုဂိုဏ်းသားတွေကို ရှက်တက်စေဖို့ ၊ လူသားတွေရဲ့ ဂုဏ်သိက္ခာကို အမတန် တန်ဘိုးထားတဲ့ ယဉ်ကျေးသောတိုင်းပြည်တွေမှာ သဘာဝဘေးဒုက္ခဆိုးကြီး ကျရောက်ခဲ့ ရတုန်းက လူသားချင်းစာနာ ထောက်ထားသော ကယ်ဆယ်ရေး လုပ်ငန်းတွေ ဘယ်လို ပြုလုပ်ခဲ့တယ်၊ တကယ်လို့ သဘာဝဘေးဒုက္ခဆိုးကြီး ကျရောက်ယင် လူသားချင်းစာနာ ထောက်ထားသော ကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လိုပြု လုပ်ရမယ် ဆိုတာကို ကျွန်တော် လေ့လာမိသလောက် ဝေမျှပေးချင်ပါတယ်။

အပေါ်မှာ ဖော်ပြထားသောပုံ အကြောင်းရှင်းပြရယင်
..... စူနာမီသဘာဝဘေးဒုက္ခတွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနှင့် ကျွမ်းကျင်သူတွေက ကယ်ဆယ်ရေးလုပ်ငန်းမှ တွေ့ရှိ သောအလောင်းများကို ရောဂါ မပြန့်ပွားရေး နှင့် ပတ်ဝန်းကျင် မညစ်ညမ်းစေရေး အတွက် (၂)ဒီကရီ မှ (၄) ဒီကရီ စင်တီဂရိတ် အအေးခန်း များ၊ အအေးခန်းပါရှိသော ကားများတွင် မြေမမြုပ်မီခေတ္တ သိမ်းဆည်းထားခဲ့ပါတယ်။ အဲဒီလိုသိမ်းဆည်းထား ပြီးနောက် ကျန်ရစ်သူမိသားစုများ အတွက် သေဆုံးသွားသူများကို ဓာတ်ပုံရိုက်ယူပြီးကာ၊ နံမည်၊ဒေသ နှင့် သိရှိသမျှ အချက်တွေကို အလောင်းပေါ် ၌မှတ်သားထားခဲ့ကြပါတယ်။ ဒီလို မှတ်သားထားပြီး နောက် သေဆုံးသွားသူ အဖြစ် တရားဝင်မှတ်တမ်းတင်ကာ ၁.၅ မီတာ အနက်၊ သောက်သုံးရေသုံးစွဲမူ့ မှ အနည်းဆုံး မီတာ ၂၀၀ အကွာ၊ သေ ဆုံးသူတယောက်နှင့်တယောက်အ ကြား ၀.၄ မီတာ အကြားထားပြီး ယာယီမြေမြုပ် သဂြိုဟ်ခဲ့ မူ့ကို နိုင်ငံတကာ ပြည်သူများ နှင့် ကျန်ရစ်သူ မိသားစုဝင်များသိရှိစေရန် အထောက်အထား အတိ အကျ ဖြင့်ဖော်ပြထား ခဲ့ခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ မြေငလျင်ကယ်ဆယ်ရေးမှာလည်း
ဒီလို စံနစ်တကျ ကယ်ဆယ်ရေးပြုလုပ်နေမူ့ကို ကမ္ဘာ့ ရုပ်မြင်သံကြားတွေမှာမြင်ကြခဲ့ရပါတယ်။

သေဆုံးသူများအား ယာယီမြေမြုပ်ပေးပုံ အဆင့်ဆင့်ကို အင်္ဂလိပ်ဘာသာဖြင့် လေ့လာနိုင်ရန်.....၊
  • Use individual burials for a small number of bodies and trench burial for larger numbers.
  • Burial should be 1.5m deep and at least 200m from drinking water sources
  • Leave 0.4m between bodies.
  • Lay bodies in one layer only (not on top of each other).
  • Clearly mark each body (see Chapter 6, Identification of Dead Bodies) and
  • mark their positions at ground level.
ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံတွင် ဖြစ်ပွားခဲ့သော စူနာမီ အကြီးအကျယ်ဘေးဒုက္ခတွင် သေဆုံးသွားသူများကို ထိုင်းနှင့် အင်ဒိုနီးရှား အစိုးရတို့ဟာ နိုင်ငံတကာကျွမ်းကျင်သူများ၊ပညာရှင်များ နှင့် လုပ်ကိုင်နိုင်သော အဖွဲ့အစည်းများ၏ အကူအညီ များဖြင့် ၄၈ နာရီ အတွင်း စံနစ်တကျ စတင်ပြီး ကိုင်တွယ်ဖြေရှင်း နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ (၃) ပတ်ကျော်သွားပြီ၊ နိုင်ငံတကာက လူသားတွေကယ်ဆယ်ရေး အတွက်ဗီဇာရဘို့ စောင့်နေရဆဲပါ။

ဒီလို ကယ်ဆယ်ရေးလုပ်ငန်းများ အလျှင်အမြန်လုပ်ဆောင်နိုင်ရန်၊ နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် လုပ်ကိုင်နိုင်သောသူတွေ၊ ခေတ်မှီစက်ပစ္စည်းကရိယာ တွေဟာလိုအပ်ပါတယ်။ ဒီလို လိုအပ်မူ့တွေကို အနောက်နိုင်ငံတချို့အစိုးရတွေမှာသာ အဆင်သင့်ပြင်ဆင်ထားလို့ ချက်ခြင်းအကူအညီပေးနိုင် ကြတာပါ။

ဒီလို ကယ်ဆယ်ရေးလုပ်ဆောင်နိုင်ရန် နေရာတကာ ( ရေ၊လေ၊ မြေပေါ် )သွားနိုင်သော အမြန်ယာဉ်များ၊ သင်္ဘောငယ်များ၊ရေငံကို ရေသန့်ပြုလုပ်နိုင်သော ခေတ်မှီစက်ကရိယာများ၊ အပြင်းအထန်ခံစားနေသော ရောဂါများကို ချက်ခြင်းဆေးဝါးကုသနိုင်သော ဆေးရု၊ံဆေးဝါး၊ဆေးပညာ၊ ဆေးဘက်ဆိုင်ရာကိရိယာများ၊ အစရှိသော ခေတ်မှီကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းတွေ အလျှင်အမြန်လိုအပ်ပါသည်။ ကယ်ဆယ်ရေးနှင့် ပတ်ဝန်ကျင်ရှင်းလင်းသန့်စင်ရေး ဟာ ၆လ ကနေ ၁နှစ် နီးပါးကြာနိုင်ပါတယ်။ အန္တရယ်ကျရောက်စေနိုင်သော ဓာတုဗေဒ အရည်၊ အငွေ့များ ပြန့်နှံ့မူ့ ယိုစီးမူ့ ပေါက်ထွက်မူ့ ရှိမရှိ၊ကူးစပ်ရောဂါ များ ပြန့်ပွားမူ့အခြေအနေ ရှိမရှိ၊ ဘေးဆိုးကြရောက်သောဒေသများ တွင် အနုမြူရေဒီယိုသတ္တိကြွမူ့များ ပြန့်ပွားသက်ရောက် မူ့ရှိမရှိ၊ ကို စုံစမ်းတိုင်းတာစမ်းသပ်စစ်ဆေး ကြရဖို့လည်းလိုအပ်ပါသေးတယ်။

ဒီလိုအခြေအနေတွေကို ကျွမ်းကျင်သူတွေကစုံးစမ်းလေ့လာမှသာ ပျက်ဆီးဆုံးရှုံးမူ့နှင့် ကယ်ဆယ်မူ့တွေကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါမှ ကယ်ဆယ်ရေးလုပ်ငန်းဟာ လျှင်မြန်မူ့ ရှိပါလိမ့်မည်။ ဒါမှသာ ဒီကပ်ဆိုးနှင့်ဆက်စပ်ပြီး ဆက်လက် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါများနှင့် လူတွေရဲ့ အသက်ကိုလည်း ပိုမို ကယ်ဆယ် နိုင်ပါလိမ့်မယ်။

ဒီလိုဘဲ အလှူငွေပေးမည့်နိုင်ငံများကလည်း သူတို့ရဲ့  အလှူငွေကို ဒုက္ခသည်အစစ်အမှန်တွေစီ ရောက်ရှိမရှိ နှင့် ဘယ်လို စံနစ်တကျသုံးစွဲလည်းဆိုတာ အတိအကျ သိချင်တာဟာ ဘယ် တိုးတက်သော၊ဒီမိုကရေစီ စံနစ်ကျင့်သုံးသော နိုင်ငံ တွေမဆို၊ အဖွဲ့အစည်းတွေမဆို ပါဘဲ။ အာဏာရှင်နိုင်ငံတွေမဟုတ်ကြလို့ သူတို့ရဲ့ ပြည်သူနှင့် ပြည်သူ့ကိုယ်စလှယ်တွေကို လည်း ပြန်လည်ရှင်းပြဘို့လိုအပ်ပါတယ်။

အလှူရှင်တွေသိချင်လျှင်သော်လည်းကောင်း၊ စုံးစမ်းမူ့များပြုလုပ်လိုလျှင်သော်လည်းကောင်း ၊ တိကျစွာ
သိရှိလေ့လာနိုင်စေရန် စံနစ်တကျ မှတ်တမ်းများကိုထားရှိရပါတယ်။ ဒါမှလည်း သူတို့က နောက်တခါ နောက်တနေရာမှာ ဒီလိုကပ်ဆိုး ကျရောက်ခဲ့ယင်ဘယ်လိုကူညီရင် အထိရောက် ဆုံးဆိုတာ သိရှိပြီးပြင်ဆင်မူ့ တွေပြုလုပ်နိုင် မှာဖြစ်ပါတယ်။


အခုနိုင်ငံတကာက မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များကို ကမ်းလှမ်းတဲ့ ကူညီနိုင်မူ့တွေကိုကြည့်ယင် .. ဒုက္ခသည်တွေ သောက်သုံးဘို့
သင်္ဘောတစီးထဲ ကပင် ရေငံ ကနေ တနေ့ ရေသန့်ဂါလံ ရသောင်းခန့် နေ့စဉ်ထောက်ပံ့ ပေးနိုင်သလို၊ ဒုက္ခသည်ကျန်းမာရေး ကုသဘို့ ကုတင် ၇၀၀ ကျော်ချက်ခြင်းအဆင်သင့်ဖြစ် အောင် ပြုလုပ်လို့ရပါတယ်။ အဆုံးပြောရယင် နှလုံးရောဂါနှင့် အခြားရောဂါတွေတောင် ဒီသင်္ဘောပေါ်မှာတင် ခွဲစိတ်ကုသမူ့ လုပ်လို့ရသေးတယ်။ ရဟတ်ယာဉ် နှင့်လေယာဉ် ပေါင်း အစင်း ၉၀-၁၀၀ ဟာအဆင်သင့် ပျံသန်း ထောက်ပံ့နိုင်ပါတယ်။ သင်္ဘောငယ် ၄ စင်း နှင့် အမြန်ရေယာဉ်ငယ်တွေဟာချက်ခြင်း လိုအပ်တဲ့နေရာတွေကို အမြန်ဆုံးသွားရောက်ကူညီပေးနိုင်ကြတယ်။ ဒီသင်္ဘောဟာ ဒုက္ခသည် ထောက်ပံ့ရေးကုန်တန်ချိန် ၂၇,၁၀၀ ကနေ ၃၆,၃၈၀ တန်သယ်ဆောင် နိုင်တယ်။ သင်္ဘောမှာ လူပေါင်း၂၇၀၀ ကနေ ၃၀၀၀ ဟာ နေ့စဉ် သင်္ဘောပေါ် မှာ တာဝန်ထမ်းဆောင်နေကြတယ်။ သူတို့ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အတွေ့အကြုံ ရှိသူတွေလည်းဖြစ်တယ်။သူတို့ဟာ ကယ်ဆယ်ရေး အကူအညီပေးမူ့ တွေကို ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊အင်ဒိုနီရှား၊ထိုင်း၊သိရိင်္လကာအပါအ၀င် အခြားနိုင်ငံတွေ မှာ ထမ်းဆောင်ခဲ့ ကြလို့ အတွေ့အကြုံရှိသူ တွေလည်းဖြစ်ပါတယ်။

မန်မာပြည် နာဂစ်ဆိုင်းကလုန်မုန်တိုင်းဒုက္ခသည်တွေဟာ လက်တဆုတ်စာ မိစ္ဆာပြိတ္တာ စစ်အုပ်စုခေါင်းဆောင်တချို့ တွေကြောင့် နိုင်ငံတကာက ဒီလို ကယ်ဆယ်အကူအညီပေးခံရမည့် အခွင်းအရေးတွေ လက်လွတ် ဆုံးရှုံးခဲ့ရတယ်။ မသေသင့်တဲ့လူတွေသေဆုံးခဲ့ရ တယ်။သေဆုံး နေဆဲ လည်းဖြစ်တယ်။

စူနာမီသဘာဝ ဘေး အန္တရယ်ဆိုး အကြောင်း နှင့် ကယ်ဆယ်ရေး လုပ်ငန်း ဆိုင်ရာ
အသေးစိတ်အပြည့်အစုံ အဆင့်ဆင့်ကိုဆက်လက် လေ့လာဖတ်ရှု့ နိုင်ရန် အောက်မှာ ရေးပေးထားသော လင့်ကို နှိပ်ပါ။

http://www.icrc.org/Web/Eng/siteeng0.nsf/htmlall/p0880/$File/ICRC_002_0880.PDF!Open




Rest of your post

No comments :