Thursday, 29 May 2008

ကိုယ့်ကံကိုယ်စီမံကြတော့ဟေ့


ရွေးကြ..။
တက်တိုက်မလား
ထွက်ရိုက်မလား ..။





ရွေးကြ....။
တက်တိုက်မလား
ထွက်ရိုက်မလား ..။

တွေးကြ...။
အသေခံမလား သတ်သွားလိမ့်မယ်..။
သူသတ်ကိုယ်သတ် ခေါင်းကိုမတ်စွ
ဇာတိပြလော့ ဇွဲမလျော့နဲ့ ..။

သွေးပြ....။
တော်လှန်ရေးဆိုတာ
ဖာသည်နဲ့ပလူး မချစ်ဘူး ချစ်တယ်
မြှူစွယ်နေတာမဟုတ်
ရန်သူဟာ အာဏာရှင်ယုတ်ဖြစ်တယ်
လည်စင်းခံရင်သတ်မယ်
ပြန်သတ်ရင်ပြေးမယ်
ကဲ.. သန်းလေးဆယ်ကျော်
ဒုက္ခတော်နန်းစုတ်မှာ
လှမ်းရင်းမြုပ်တဲ့ဘ၀တွေ
ပေအဖြစ်က တူဖြစ်ကြလော့...။

ကိုမွှေး

No comments :