Thursday, 29 May 2008

နောက်ဆုံးခေါ်သံ - Final Call and Last Chance




အခုနောက်ဆုံးဝင်လာတဲ့ သတင်းအရ အမေရိကန် က ဆေးသဘောင်္ကို ၀င်ခွင့်ပြုဖို့ တောင်းဆိုနေသေးတယ်ဆိုတဲ့သတင်းပါပဲ။ ဒါဟာ ကျနော်တို့ မြန်မာတွေကို နောက်ဆုံးခေါ်သံလားလို့ တွေးနေမိတယ်။ ဒီနေ့ မနက်မှာ ရောဝတီတိုင်းဖက်က လယ်သမားကြီးတယောက်နဲ့ စကားပြောဖြစ်ပါတယ်။
သူအပြောအရ နအဖ က ဘာဆို ဘာမှထိထိရောက်မကူညီသေးပါဘူးလို့ ဆိုတယ်။ နှစ်အိမ်ကို အားလူး နှစ်လုံး၊ လူနှစ်ယောက် ကြက်ဥတလုံး နဲ့ ဆန် နှစ်ဗူးဆီသာရပါသေးသတဲ့။ မုန်းတိုင်းဆဲပြီးနောက်စစ်တပ်က တပ်ရင်းမှုးနဲ့ အဖွဲ့ ရောက်လာတယ်။ ဘာအကူညီမှမပါဘူး။ နောက်တပ်စုတစု လာထားတယ်။ သူတို့ ကိုလည်း ရာရှင်တွေမပေးလိုက်ဘူး။ ဒီတော့ဒီစစ်သားသုံးဆယ်က ဒုက္ခသည်တွေဆီက ရသမျှစုဆောင်းထားတဲ့
မရှိမဲ့ရှိမဲ့လေးကိုကပ်စားသွားပါသေးသတဲ့။ သူထိုင်းဖက်ကိုလာရတဲ့အကြောင်းကတော့ သူတို့ အမျိုးတယောက်
ထိုင်းမှာလာအလုပ်လုပ်နေလို့ လာရောက်အကူညီတောင်းတာပါ။ ကျနော်တို့ သူ့ကိုဘတ်၂ထောင်သာကူညီလိုက်နိုင်ပါတယ်။

ကျနော်တို့ နိုင်ငံရေးအသိုင်းအ၀ိုင်းကလူတွေကလည်း အရှုံးနဲ့ အသားကျနေတော့ ရှုံးရင်လုပ်တတ်တယ်။ နိင်ရင်ဘာမှမလုပ်တတ်ဘူး။ အခွင့်အရေးကိုအသုံးမချတတ်ကြဘူး။ ၈လေးလုံးလူထုတိုက်ပွဲအမြင့်ဆုံးအချိန်မှာ
ကျနော်တို့ အစိုးရဖွဲ့ ဖို့  နှစ်ရက်ဆက်တိုက်ကြိုးစားကြတယ်။အစိုးရမဖွဲ့ နိုင်ခဲ့ကြဘူး။ ဦးနုကိုထောက်ခံလိုက်ကြဖို့  ကျနော်တို့ ကြိုးပန်းချက်တွေဟာ သဲထဲရေသွန်ဖြစ်ရတယ်။ ( ဦးနုအစိုးရအဖွဲ့ ကို ထောက်ခံဖို့ သေရေးရှင်ရေးတမျှအရေးကြီးနေလို့  ကျောင်းသားတွေထဲမှာရော၊ နိင်ငံရေးခေါင်းဆောင်တွေကိုပါ အင်တိုက်အားတိုက်ပြောခဲ့ရတဲ့အတွက်အလွန်ပင်ပန်းသွားတယ်။ အစည်းအဝေးပြီး တော့ ဘာမှ မဖြစ်လာတဲ့အတွက် လူကအရုပ်ကြိုးပြတ်ဖြစ်သွားတယ်။ အစည်းအဝေးတွေမှာအရမ်းစကားပြောရတဲ့အတွက် အ သလိုဖြစ်သွားခဲ့ရတယ်။ ကျနော်စကားပြောရင်ထစ်ထစ်သွားတယ်။ ကျနော့်ကိုယ်ကျနော်လန့် သွားပါတယ်။
ကိုဇော်မင်း ( ဒေါက်တာဇော်မင်း) ကို သွားပြရတယ်။ သူက ကျနော်ကို ဂလူးကို့စ်ကုန်သွားတယ်လို့ ပြောပါတယ်။ ဂလူးကို့စ်နှစ်လုံးဆက်တိုက်သွင်းပြီး နှစ်ရက်နားခဲ့ရတာကို ခုထိမှတ်မိသေးတယ်။ )

၁၉၉၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နိင်တယ်။ လုပ်ရမှာက ပါလီမန်ခေါ်။ အစိုးရချက်ခြင်းဖွဲ့ 
ဒါပဲရှိတယ်။ ဒါပေမဲ့ ဒါဟာဖြစ်မလာခဲ့ပါဘူး။
၂၀၀၈ - အခြေခံဥပဒေ ကိုအတည်ပြုဖို့ ဆန္ဒခံယူပွဲလုပ်တယ်။ ကိုခွန်မြင့်ထွန်း ( အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ) ရွေးကောက်ပွဲ ကိုယ်စားလှယ်က ကျနော်ကို ဘယ်လို သဘောထားလဲလို့ မေးတော့ - ကျနော်က ဆန္ဒ ခံယူပွဲ မှာ ကျနော်တို့  ရှုံးမှာကိုမပူပါဘူး။ နိုင်မှာကိုပဲပူတယ်။ သူက ရီပါတယ်။ ဘာဖြစ်လို့ လည်းလို့ မေးတော့ ကျနော်တို့ ကရှုံးတာနဲ့ အသားကျနေပြီ။ နေတတ်နေပြီ။ ရှုံးရင်ဘာဆက်လုပ်ရမလဲကိုသိကြတယ်။ နိုင်ရင်တော့ ဘာမှဆက်မလုပ်တတ်ကြတဲ့အတွက် နိုင်မှာကို ပူတယ်လို့ ပြောခဲ့ပါတယ်။
၂၀၀၈ - နာဂျစ်မုန်တိုင်းဟာ ဒုက္ခတွေကိုပဲသယ်လာတာမဟုတ်ဘူး ။ အခွင့်အလမ်းတွေကိုလည်း သယ်လာတယ်လို့ ကျနော်မြင်တယ်။ အမေရိကန်သဘောင်္ပေါ်မှာ- Food တခုတည်းမဟုတ်ဘူး Freedom
လည်းပါလာပါတယ်။ အခွင့်အလမ်းကိုအရယူတတ်ကြရမယ်။ အချိန်ကောင်းကိုတွက်ချက်တတ်ရမယ်။
အရေးကြီးတာကကိုယ်ဘာလုပ်ရမလည်းဆိုတာသိကြဖို့ လိုတယ်။

ပြည်တွင်းအင်အားစုတွေက ကယ်ဆယ်ရေးထဲမှာ စုပြုံပြီးရောက်နေတာ မှားတယ်။ ဘာဖြစ်လို့လည်းဆိုတော့
အပျက်အစီးက သိပ်ကြီးလွန်းနေတယ်။ ရန်ကုန်က တက်ကြွသူတွေ အားလုံး သွားကူရင်တောင်မလောက်ဘူး။
နောက်ပြိးဘယ်နှစ်ကြိမ်သွားနိင်မှာလဲ။ ရန်သူကခွင့်ပေးနေရင်တောင်ခြေကုန်လက်ပန်းကျသွားနိင်တယ်။
နောက် ပြည်ပရောက်နေတဲ့ မြန်မာတွေက ဘယ်နှစ်သန်းဖိုးကူညီနိင်မှာမို့ လို့ လည်း။
အခုပင်လယ်ထဲရောက်နေတဲ့  စစ်သဘောင်္တွေပေါ်မှာသာ အလုံအလောက်အစားစာတွေရှိတယ်။ လူအင်အားရှိတယ်။တကယ်နားလည်တဲ့သူတွေပါလာတယ်။

ဒီတော့ ငါဒို့ အလုပ်ကဘာလဲ ။ ငါဒို့ အလုပ်က ဘာလဲ? ငါဒို့ အလုပ်က ဆန္ဒပြပွဲတွေ
ကိုဖေါ်ထုတ်ရမယ်။ ရန်ကုန်မြို့ကို Chaos ဖြစ်အောင်ဖန်တီးရမယ်။ သံရုံးတွေရှေ့ ဆန္ဒပြ။ အစာပေးပါ။ရေပေးပါတောင်း။အသက်ရှင်သန်ခွင့်ကိုတောင်း ကိုယ့်ကိုကူညီမဲ့သူတွေ
ဝင်ရောက်ပတ်သက်လာအောင်လုပ်။ဒါပဲ။

တော်လှန်ရေးက ဘာဖြစ်နေလဲဆိုတော့ Revolution Without Rebels ဖြစ်နေတယ်။နအဖက ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တိုက်နေတာမဟုတ်တော့ဘူး။ မီဒီယာတွေနဲ့ စစ်ဖြစ်နေသလိုပဲဖြစ်နေတယ်။
တော်လှန်ရေးသမားတွေ ကမရှိတော့ဘူးကိုး။ ဒီမှာတွေ့နေရတာတွေကတော့ ပရောဂျက်လူးရှင်း ဖြစ်နေကြပြီ။
ဖွံ့ဖြိုးရေးသမားတွေဖြစ်နေကြတယ်။ ဘယ်သူကမှတော်လှန်ရေးအကြောင်း၊ တိုက်ပွဲအကြောင်း၊ လက်နက်တွေစုဆောင်းကြဖို့ အကြောင်း မပြောကြတော့ဘူး။ ပြောရင်လည်းမကြိုက်ကြတော့ဘူး။

နိုင်ငံခြားက မြန်မာတွေကလည်း လွတ်မြောက်ရေးအကြောင်းပြောပါတယ်။ လွတ်မြောက်ရေးအတွက်တိုက်ပွဲ
ဝင်အင်အားတွေကို ကူညီဖို့ မပြောဘူး။ ကျနော် တို့ မုန်တိုင်းဖြစ်ကတည်းက
ပြည်တွင်းလှုပ်ရှားမှုအတွက် ဒေါ်လာ ၁၆၆၅ သာ ရရှိဘူးသေးတယ်။ သန်းနဲ့ ချီပြီး အကူညီတွေရတဲ့အဖွဲ့ တွေရတယ်။ သိန်းနဲ့ ချီပြီးရတဲ့သူတွေရတယ်။ ဒါပေမဲ့ တိုက်နေတဲ့ ပြည်တွင်းကရဲဘော်တွေကတော့ ခြေဗလာပဲ ကိုယ်ထမင်းကိုယ်စားပြီး ရဲရဲတောက်ဆန္ဒပြနေတဲ့ပုံတွေတွေ့ ရတော့ ဘယ်လို ကြည်ညိုမှန်းမသိဘူး။
ကျနော်တို့တော်လှန်ရေးက Revolution without rebels သာဖြစ်နေပေမဲ့  ခေါင်းဆောင်တွေကတော့
ရိုက်သတ်ရင် လက်ညောင်းသွားမယ်။ သောက်ပါးစပ်တွေ ပြောလိုက်တဲ့ နိုင်ငံရေး။ ပြောလိုက်တဲ့ပေါ်လစီ။
ဒီကြားထဲ အမေရိကန်က ၀င်တိုက်တာ မလိုချင်ဘူးဆိုတဲ့သောက်သံတွေက ထွက်လာလိုက်သေးတယ်။ သူတို့ ကြည့် တော့လည်း ဒေါသထွက်လို့ တောင် သေနပ်တချက်မဖေါက်ဘူးကြတဲ့သူတွေခြည်းပဲ။
ကြွက်သေဖို့ အရေးမှာ ကြောင်နီခုတ်မှ ကြောင်ပြာခုတ်မှလုပ်နေသေးတယ်လေ။

ကဲ ရဲဘော်တို့  ဒို့ ဘာဆက်လုပ်ကြမလဲ ။ အမေရိကန်ကတော့ဆေးသဘောင်္ဝင်ခွင့်ပြုပါလို့ နောက်ဆုံးခေါ်သံပေးနေပြီ။






















5 comments :

MHM said...

ကောင်းတယ်။ ပြည်ပလူတွေက နိုင်ငံတကာတပ်တွေ ၀င်ဖို့ မအော်ဘဲ ပိုက်ဆံ လိုက်ကောက်နေကြတယ်။ အမေရိကန်တပ် ပြန်တာနဲု့ နအဖ ဒုံရင်းပြန်ရောက်မှာ အသေအချာ။

Unknown said...

"နောက်ဆုံးခေါ်သံ - Finial Call"
အားလုံးပါဝင်ကြပါလို့  တိုက်တွန်းပါတယ် ၊ စိတ်ဓါတ်ကျစရာ ၊ စိတ်ပျက်စရာ ၊စိတ်ညစ်စရာတွေကို ဒီအချိန်မှာ ခဏဘေးဖယ်ထားပြီး ကျွှန်တော်တိုတတွေ အားလုံး လက်တွဲလိုက်ကြရအောင် ၊ အားလုံး ရောက်ရာဒေသကနေ ပါဝင်ကြပါ ။
ကိုမိုး နှင့် အတူ အားလုံးကို ကျေးဇူးတင်ပါတယ်။

Unknown said...

Yes Ko Moe Thee,

Yor are right. I don't understand what Burmese people are thinking. We need war for pease. Since saffron revolution, I suggest Burmese about international intervention, no one accept my idea. What Burmese people are borned to be slave or what???

Thiha Kyaw Zaw said...

This post is awesome!!!

nyein aye said...

Please shows
which organization does not like to help to Myanmar. Please shows it .