Saturday 28 June 2008

အဘ ဦးဝင်းတင် ထောင်ထဲမှာ မကျန်းမမာ ဖြစ်နေတယ်



U Win Tin : He has had two heart attacks and his health has currently suffered seriously in Insein Prison


သတင်း- (ms)

အဘ ဦးဝင်းတင် ထောင်ထဲမှာ နေမကောင်းတာ ကြားရလို့ အရမ်းဘဲစိတ်မကောင်ပါဘူးဗျာ။
သူ့ကိုမသေခင် တွေ့ချင်ပါတယ်ဆိုတဲ့ အမေဒေါ်အမာလည်းဆုံးသွားပြီ။ သူကိုအရမ်းလေးစားတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုးလည်း အနားတောင်ယူသွားပြီ။ သူထွက်လာမည့် ရက်ကိုစောင့်ရင်း သေဆုံးသွားကြတဲ့ သူငယ်ချင်း တွေလည်းအများကြီးဘဲ။

ကျွန်တော် အဘဦးဝင်းတင် ကို ၁၉၈၈ သြဂုတ်လမှာ အဘ ဦးတင်ဦး၊ အဘ ဦးသော်က၊ အဘဦးသာဘန်းတို့ နှင့်အတူ နောက်ဆုံးတွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းကနေ၊ ဒီနေ့ထိ သူတို့ဟာကျွန်တော်တို့ လူငယ်အားလုံး လေးစားခြင်းခံခဲ့ရတဲ့ မြန်မာပြည်ခေါင်းဆောင်ကောင်း တွေဖြစ်နေတုန်းပါဘဲ။ သူတို့ရဲ့ ပြတ်သားတဲ့စိတ်ဓာတ်၊ ပြည်သူတွေကိုလွတ်မြောက်ဘို့ထားရှိတဲ့စေတနာဟာ ကျွန်တော်တို့အတွက်အားဆေးတွေဖြစ်နေတုန်းပါဘဲ။

အခုတော့နှစ်အရှည်ဆုံးအကျဉ်းကျခံနေရတဲ့ထောင်မင်းသားတွေဖြစ်နေကြပြီ။ အဘ ဦးတင်ဦး၊ အဘဦး

ဝင်းတင်၊ လွတ်မြောက်မူ့ကို ကျွန်တော်တို့မလုပ်နိုင်ကြပေမဲ့၊ ကမ္ဘာ့ နိုဘယ်ဆုရှင်တွေရဲ့စာရင်းပါအောင် ကမ္ဘာအနှံအပြားမှာရောက်ရှိနေကြတဲ့ ကျွန်တော်တို့အားလုံး ကျိုးစားပေးကြစေချင်ပါတယ်။

အဘဦးဝင်းတင် အမြန် ကျန်းကျန်းမာမာ ဖြစ်ပါစေ။ ။





Read this document on Scribd: u-win-tin


Rest of your post

No comments :