Saturday 28 June 2008

ပြိုင်ဘက်မဲ့ မူဂါဘီ- အနှိုင်းမဲ့ န၀တစစ်အုပ်စု - နှင့် တောင်အာဖရိက ဘက်ကီအစိုးရ၏ ရပ်တည်ချက်



















တောင်အာဖရိက သမ္မတ အမ်ဘက်ကီ နှင့် Zimbabwe's one-candidate presidential election

သုံးသပ်သူ- (ms)

အနှိုင်းမဲ့ အကြမ်းဖက်န၀တ အာဏာရှင် စစ်အုပ်စုဆိုးဒဏ်ကြောင့် မြန်မာပြည်သူတွေ ဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ နေကြရသလို၊ ဇင်ဘာဘွေနိုင်ငံမှာလည်း ပြိုင်ဘက်မဲ့ အကြမ်းဖက်အာဏာရှင် ရောဘတ် မူဂါဘီ ကြောင့် ဇင်ဘာဘွေ ပြည်သူတွေဟာ တောင်အာဖရိကနိုင်ငံ အပါအ၀င် အခြား အိမ်နီးချင်းအာဖရိကနိုင်ငံတွေမှာ ဒုက္ခအမျိုး မျိုး ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။

ဇင်ဘာဘွေပြည်သူတွေဟာ မြန်မာပြည်သူတွေလို တိုင်းပြည်စွန့် ပြီး တောင်အာဖရိကမှာ စွန့်စွန့်စားစားဝမ်းစာ ရှာဖွေ စားသောက်နေထိုင်ကြပါတယ်။ ပြီးခဲ့တဲ့လတွေကဘဲ တောင်အာဖရိကနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမူ့ အပေါ်အကြောင်းပြပြီး တောင်အာဖရိကအစွန်းရောက်မြင်ပြည်သူတွေဟာ၊ ဇင်ဘာဘွေက လာရောက် အလုပ်လုပ်ကိုင်တဲ့သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မူ့တွေ ပြုလုပ်ခဲ့တာသတင်းစာမျက်နှာ တော်တော်များများမှာ ဖော်ပြခဲ့ကြတယ်။ တောင်အာဖရိကအစိုးရက ဒီလိုဖြစ်ရပ်ကို ရက်အတော်ကြာအောင် လက်ပိုက်ကြည့် နေခဲ့တယ်။ ဒီလိုဖြစ်ရပ်ဟာ ဇင်ဘာဘွေပြည်သူတွေအတွက် သူတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေ မှာ နေ့စဉ် ဒုက္ခအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ နေကြရတာပါ။

အခုလည်း ဇင်ဘာဘွေနိုင်ငံမှာ လက်ရှိသမ္မတ ရောဘတ် မူဂါဘီသာ တစ်ဦးတည်း သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်တဲ့ တကြော့ပြန် ယှဉ်ပြိုင်မဲ့ သမ္မတ ရွေးကောက်ပွဲကို နိုင်ဂျီးရီးယား၊မိုဇမ်ဘစ်၊ကင်ညာစသော အာဖရိကနိုင်ငံ ကခေါင်းဆောင် တော်တော် များများ အပါအ၀င် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုမူ့တွေ ပြုလုပ်ခဲ့ပေမဲ့ ဇင်ဘာဘွေရဲ့ အဓိကအိမ်နီးချင်းနိုင်ငံ တောင်အာဖရိကအစိုးရဟာ၊ ရောဘတ် မူဂါဘီရဲ့လုပ်ရပ်တွေကို ရေငုံနုတ်ပိတ်ပြီး၊ ပြင်းထန်တဲ့ကန့်ကွက် ပြောဆိုမူ့တွေ မပြုလုပ်ခဲ့ပါဘူး။

အတိုက်အခံတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ဆက်ပြီး ကျင်းပဖို့ မဖြစ်နိုင်တဲ့ အတွက် အတိုက်အခံခေါင်းဆောင် မော်ဂန် ချန်ဂရိုင်းဟာ သူနုတ်ထွက်ခဲ့တာလို့လည်း ကျေညာခဲ့တာကြောင့် အခုဆို ရောဘတ် မူဂါဘီဟာ ပြိုင်ဘက်မဲ့ အနိုင်ယူမဲ့ ဇင်ဘာဘွေအာဏာရှင်ထပ်မံဖြစ်လာတော့မှာပါ။ ဒီအတောအတွင်း အမေရိကန်နှင့် ဥရောပ သမဂ္ဂက ဇင်ဘာဘွေ သမ္မတ ရွေးကောက်ပွဲက ရလာမယ့် ရလဒ်ကို လက်မခံတဲ့အကြောင်းနဲ့ ဒီ ရလဒ်ဟာ တရားမ၀င်တဲ့ အတုအယောင် ရွေးကောက်ပွဲသာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဇင်ဘာဘွေအာဏာရှင်တွေရဲ့ ခရီးသွားလာမူ့တွေနှင့် စီးပွားရေးပိတ်ဆို့ အရေးယူမူ့တွေကိုလည်း ပြုလုပ်သွားမယ်လို့ဆိုတယ်။

လူသိများတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီးဒက်စမွန်တူတူနှင့် တောင်အာဖရိက သူရဲကောင်း လည်းဖြစ်၊ တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ် ANCခေါင်းဆောင်ကြီး နစ်စင်မင်ဒဲလားတို့ ကတော့ ဇင်ဘာဘွေ ရဲ့ ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန်ရှူံ့ချခဲ့ကြပေမဲ့ ၊ လက်ရှိတောင်အာဖရိကသမ္မတ သာဘိုအမ်ဘက်ကီ ကတော့ ထုံးစံအတိုင်း ဇင်ဘာဘွေလက်ရှိအခြေအနေတွေကို ဒေသတွင်း ခေါင်းဆောင်တွေနှင့်တိုင်ပင်ပြီး၊ တနင်္လာနေ့ အီဂျစ်မှာကျင်းပမဲ့ အာဖရိကသမဂ္ဂညီလာခံက အာဖရိကန်ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မူ့အတိုင်း ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ကုန်းပိတ်နိုင်ငံတခုဖြစ်တဲ့ ဇင်ဘာဘွေနိုင်ငံဟာ လျှပ်စစ်မီးကအစ အစစအရာရာ တောင်အာဖရိက နိုင်ငံပေါ်မှာမှီခိုနေရသလို၊ ဇင်ဘာဘွေနိုင်ငံ မှာဒီမိုကရေစီနှင့် အာဏာရှင်လွတ်မြောက်ရေး ဟာ လည်းတောင်အာဖရိက အစိုးရ၏ ဇင်ဘာဘွေရဲ့ အာဏာရှင်တွေအပေါ်ထားရှိတဲ့ ရပ်တည်ချက်ပေါ်မူတည်နေပါတယ်။

တောင်အာဖရိက လက်ရှိအစိုးရဟာ ANC လို့ခေါ်တဲ့ တောင်အာဖရိက အမျိုးသားကွန်ကရက် ကပါ။ တောင်အာဖရိမှာ လူဖြူအုပ်ချုပ်မူ့ ဘ၀ကလွတ်မြောက်ရေး ကိုတိုက်ပွဲဝင်စဉ်က အာဖရိကနိုင်ငံတွေနှင့် နိုင်ငံတကာက ANC ကိုအားပေးထောက်ခံရပ်တည်ပေးခဲ့ပေမဲ့၊ ဒီနေ့ ANC ပါတီနှင့် တောင်အာဖရိက အစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေနှင့် တချို့ နိုင်ငံတွေဒီမိုကရေစီရရှိရေးနှင့် အာဏာရှင်တွေဘ၀က လွတ်မြောက်ရေးတွေမှာ ပြင်းထန်တဲ့ကန့်ကွက် ပြောဆိုမူ့တွေမပြုလုပ်ခဲ့ တဲ့အပြင် ရေငုံနုတ်ပိတ်ပြီး၊ အာဏာရှင်တွေကို အကာအကွယ်ပေးမူ့တွေ ပြုလုပ်ခဲ့တာကြောင့် ANC ကို တကမ္ဘာလုံးကကော၊ ပြည်တွင်းအတိုက်အခံပါတီတွေကော၊ တောင်အဖရိကပြည်သူတွေကပါပြင်းပြင်းထန်ထန်ဝေဖန်ခြင်းခံနေရပါပြီ။

အထူးသဖြင့် လက်ရှိတောင်အာဖရိကအစိုးရဟာ မြန်မာနိုင်ငံ နှင့် ဇင်ဘာဘွေ တွေရဲ့ အာဏာရှင်အုပ်စုတွေကို အကာအကွယ်ပေးနေတဲ့ နိုင်ငံအဖြစ်ထင်ထင်ရှားရှား ဖြစ်လာပါပြီ။ မြန်မာနိုင်ငံအရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှာဆုံးဖြတ်ချက်တွေချတိုင်း၊ ဆွေးနွေးမူ့တွေပြုလုပ်တိုင်းမှာ တောင်အာဖရိက၊ ရုရှား၊ တရုတ်အစိုးရတွေ ဟာ အနှိုင်းမဲ့ အကြမ်းဖက်န၀တ အာဏာရှင် စစ်အုပ်စုပေါ် အမြဲတမ်း ကာကွယ်မူ့တွေပြုလုပ်ခဲ့ပါတယ်။ အခုတော့ တောင်အာဖရိကအစိုးရ ဟာ အာဏာရှင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံမူ့ပြုနေတာလား လို့ နိုင်ငံတကာအစိုးရတွေ နှင့် ခေါင်းဆောင်တွေ ကမေးခွန်းထုတ်နေကြပါပြီ။

ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံမှာအကြမ်းဖက်အုပ်ချုပ်နေတဲ့ အာဏာရှင်တွေဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့်ဘယ်တော့မှ တရားဝင်အစိုးရ တရပ်အဖြစ် နိုင်ငံတကာမှာရပ်တည်နိုင်ကြမှာမဟုတ်ပါဘူး။



No comments :