Sunday 29 June 2008

ကိုယ်ချင်းစာစိတ်နဲ့ စည်းကမ်းလေးထားကြပါ…..

အခုတစ်လော ဘလော့တွေ သတင်းဆိုဒ်တွေမှာ ပြည်တွင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ဓာတ်ပုံတွေ ဝေဝေဆာဆာ ဖော်ပြနေတာကို တွေ့နေရပါတယ်…. အဲဒီလို ငါသတင်းရရင် ပြီးရော ဘယ်သူဘာဖြစ်ဖြစ်ဆိုပြီး ဖော်ပြနေတာထက် ဒီလိုဖော်ပြလိုက်ရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်တယ် ဘယ်လိုအကျိုးဆက်ဖြစ်နိုင်တယ် ဘယ်သူတွေကို ထိခိုက်နိုင်တယ်ဆိုတာ ထည့်သွင်းစဉ်းစားသင့်ပါတယ်……။

ပြည်ပမှာ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နေကြတဲ့ သတင်းသမားများ သတင်းထောက်များ ဘလော့ကာများ ဓာတ်ပုံသမားများ အနေနဲ့ ပြည်တွင်းမှာ ပြည်သူတွေ ဘယ်လိုနေထိုင်နေရ သွားလာနေရတယ်ဆိုတာ သဘောပေါက်ပြီး ဖြစ်ပါလိမ့်မယ်…… အားလုံးသဘောပေါက်ထားတာကတော့ သတင်းဋ္ဌာနများနဲ့ ဘလော့ကာ များသည် ကိုယ့်ထမင်းကိုယ်စား ကိုယ်စားရိတ် ကိုယ်ခံပြီး စာမူခ မရ မည်သည့်အကျိုးအမြတ်မျှမရပဲ အိပ်ရေးပျက်ခံ အလုပ်ပျက်ခံပြီး မြန်မာပြည်လွတ်မြောက်ရေး တိုင်းပြည်ကောင်းစားရေးအတွက် တစ်ထောင့်တစ်နေရာမှ အနည်းနဲ့ အများ အကျိုးပြုနေသူများဖြစ်ပါတယ်……သို့ပါသော်ကြောင့်
ပြည်တွင်းရှိ ပြည်သူများ ဒုက္ခမရောက်စေရေးနဲ့ လူအများ အမြင်မစောင်းစေရေးအတွက် သတင်းများ ဓာတ်ပုံများကို ဆင်ဆင်ခြင်ခြင် တင်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပါတယ်…………………..။
...


Summary

Rest of your post

No comments :