Wednesday, 4 June 2008
ကဲ ဘာပြောချင်ကြသေးလဲ
နုံ ငန်းထော် အာကျီးအာကဲ သည် သူ၏ ကျက်သရေယုတ်စူပုတ် မဲညစ် မျက်နှာမသစ်သောစုတ်ချာနုံနဲ့လှသည့် ဥပဓိရုပ်ကို ကနခိုနှစ်ဇွန်းစာ ပါးစပ်ထဲ ဖြဲ ခွံ့ ၍ အပြစ်ပေးခံထားရသည့် ကြာကူလီရုပ်ခံ ဖြင့် စူ ပွ ဖောင်းကား သော ဗိုက်ပူကြီးအား နွားအိုမ ပဋိသန္ဓေရင့် သလို လေးတိလေးကန် ခြေလှမ်းများ တလှမ်းခြင်းလှမ်းလျှက် တွေ့ ကရာ လူ၏ မျက်နှာကို ကြင်နာသယောင် ဟန်ဖြင့် တယောက်ခြင်း နှပ်သုတ်ရင်း ဓါတ်သေ ဓါတ်ရှင် မှတ်တမ်းများ အရိုက်ခံကာ သူ့ နောက်မှ ငယ်ပါ မြွေပွေးကိုက်ထားသလား အထင်ရှိရလောက်အောင် ပြာ နေသည့် ငဖားများ အား “ဟေ့ကောင်တွေ ငါ့ဖို့ ချောကလက် တွေအကုန် စုထား ၊ ကျန်တာတွေ ဈေးတင်ရောင်းလိုက် ဒီဒုက္ခသည်တွေ ဖားငါးရှာစားလို့ရတယ် ကြားသလား” ဟု အမျှော်အမြင်ရှိရှိညွှန်ကြားခဲ့ပါသည်။
ခပ်တည်တည်ဖြင့် ပြူးကြောင် ထိပ်ပြောင် စားပြီးနားမလည် ၀မ်းကြီးချုပ် သိန်းစိန် ကိုယ်တိုင် အနီးကပ် ပြောင်ရာဆီလူး ထားသော ဆံပင် တမျှင် နှစ်မျှင်သာရှိသည့် ၊ ဖြုတ် နှင့် ခွေးသန်းထက် အနည်းငယ်သေးငယ်သော မဟာ နဖူးကြောကြီး တင်းသည် အထိ အဘယ်သို့ ခိုးရမည်နည်း ၊ မည်ကဲ့သို့ မသာအိမ်ဖဲဝိုင်း တက်လိမ်ရမည်နည်း၊ ဟူသော အကြံအစည်များ ဖြင့် ဒုက္ခသည်တို့၏ ထိုင် ရှိခိုး အားကိုးမှုအား
စုတ်ချာ ပြိန်ဖျင်းသော ဥပဓိရုပ်မှလွဲကာ တန်ဘိုးရှိလှစွာသော ဖိနပ် ယူနီဖောင်း လက်စွပ် လက်ပတ်နာရီ တပြောင်ပြောင်ဖြင့် လျှောက်ပြန်သံပေးလုပ်နေသည့်အတွက် ဘိုကျွတ်ပုကြီး သန်းရွှေ အနေဖြင့် အတွေးအခေါ်
နုံနဲ့သူပီပီ အားကျ ယှဉ်ပြိုင်လိုစိတ်ကလေးဖြင့်သာ လူထုကြားသို့ စိတ်မသက်မသာ ဆင်းလာခဲ့သည်မှာ သေဆုံးသူများအတွက် ဆွမ်းသာသွပ်ရန် လောက်ငှ ဖူလုံကြသေးလျှင် ရက်လည်ဆွမ်းပင်သွပ်ပြီးသည့်အချိန်ထက် အနည်းငယ်ပင်ကျော်လွန်နေခဲ့ပြီဖြစ်သော ကာလဖြစ်ပါသည်။
ဘိုကျွတ်ပုကြီးသည် လိုအပ်သည်များအပြင် ပိုပိုလျံလျံပါ ရရှိစေရန်အတွက် နိုင်ငံလုံးဆိုင်ရာ အသုဘအား ပြကာ နိုင်ငံတကာသို့ အမေရိကန် ဒေါ်လာ ၁၀ ဘီလျံ တောင်း ယူလိုက်သည်အထိ
အမျှော်အမြင်ကြီးမားပုံကား ယခုထိ အကူအညီမဲ့ တွယ်ရာမဲ့ နေစရာမဲ့ငတ်နေရသော ပြည်သူလူထုနှင့် သားစဉ်မြေးဆက် အဆက်ဆက် အမိမြန်မာနိုင်ငံတော်အတွက် ရာသက်ပန် အမှတ်ရ ဆဲဆို
ရွံရှာ ပြက်ရယ်ပြုရမည့် မဟာ သောက်ရှက်ကြီးဖြစ်ပေတော့သည်။
နုံငန်းထော် အာကျီးအာကဲ ၏ အဆိုပါ ခရီးစဉ်သည် အမှန်ပင် ထူးခြားပြီး အံ့သြဖွယ် အကြင်နာကင်းသောက်ရှက်မဲ့မှု တုနှိုင်းမရှိသည့် ခရီးစဉ်ဖြစ်ပါပေ၏။
နုံငန်းထော် အာကျီးအာကဲ အပေါ် အမျိုးမျိုး ဝေဖန် ကဲ့ရဲ့လှောင်ပြောင်နေကြသည့် နအဖ နှင့် ကြံ့ဖွတ် အဖွဲ့အတွင်းမှ တရုတ် လက်ပါးစေ ပုဆိန်ရိုးများနှင့် နိုင်ငံတကာလက်ဖြန့် တောင်းစားလို သော ယူနီဖောင်းဝတ် သူတောင်းစားကြီးများကို စိတ်ပျက်လက်ပျက်နှင့် “ကဲ... ဘာပြောချင်ကြသေးလဲ” ဟူ၍သာ မေးလိုက်ချင်ပါတော့သည်။
တာတီဘိုး
Subscribe to:
Post Comments
(
Atom
)
2 comments :
Good very good
ကောင်းလိုက်တာ ဖတ်ရတာကို အရသာရှိတယ်
ပြန်ရေးရမယ် အဲ့လို ခွေးတွေကိုနည်းနည်းမှာ အရှက်မရှိဘူး
Good very good
ကောင်းလိုက်တာ ဖတ်ရတာကို အရသာရှိတယ်
ပြန်ရေးရမယ် အဲ့လို ခွေးတွေကို
Post a Comment