A TV in Seoul broadcasts South Korean President Lee Myung-bak makes second apology in month over U.S. beef import controversy
သုံးသပ်သူ - ( m.s)ဒီမိုကရေစီကျင့်သုံးနေတဲ့တိုင်းပြည်တွေမှာ ဒီမိုကရေစီကျင့်စဉ်ဟာ အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစား ပြုလုပ် ခဲ့မူ့နှင့် လဒ်ပေး လဒ်ယူပြုလုပ်ခဲ့မူ့တွေကို ဘယ်လိုတိုက်ဖျက်နိုင်ခဲ့တဲ့အကြောင်း၊ အဖြစ်အဖျက်(၂) ခုကို ကျွန်တော်လေ့လာထားသလောက် တင်ပြချင်ပါတယ်။
တခုက တောင်ကိုရီယားအစိုးရ၏ အမေရိကန်ဆီသို့ အမဲသားတင်ပို့ရောင်းချမူ့နှင့်ပက်သက်ပြီး တောင်ကိုရီးယားပြည်သူတွေကသူတို့အစိုးရကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့မူ့ပါ။ ဒီ အမေရိကန်ရဲ့ အမဲသားတင်သွင်းမူ့ ကို ပြီးခဲတဲ့ ဧပြီလကပြန်လည်လက်ခံခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကိုပြည်သူတွေက စီးပွားရေးအကြောင်းပြချက်၊ ကျန်းမာရေးအကြောင်းပြချက်တွေနဲ့ သဘောမတူကြောင်း ပြင်းပြင်းထန်ထန်လမ်းမတွေပေါ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။
ဧပြီလကပြန်လည်လက်ခံခဲ့တဲ့ တောင်ကိုရီးယား-အမေရိကန် အမဲသားတင်ပို့ခွင့်စီးပွားရေး စာချုပ်မချုပ်ဆိုခင်မှာဘဲ၊ အမေရိကန်ကျန်မာရေးဌာနနှင့်အစားအစာစစ်ဆေးရေး ဌာနတွေက အမေရိကန်နွားမွေးမြူရေးခြံတွေ မှာ ရောဂါဖြစ်နေတဲ့ (Bovine Spongiform Encephalopathy (BSE))နွားတွေကိုသတ်ဖြတ်ခဲ့မူ့ ကိုအထောက်အထားတွေရှိရကြောင်း၊ ဈေးကွက်ထဲရောက်နေတဲ့အမဲသား တွေကို ပြန်လည်စစ်ဆေးပိတ်ဆို့မူ့တွေ ကိုပြုလုပ်ခဲ့ပါတယ်။ တကယ်လို့ဒီအမဲသားတွေကိုစားသုံးမိလျှင် လူတွေမှာ (Mad-Cow Disease (MCD)) ရောဂါဖြစ်ပွားနိုင်ကြောင်း လည်းတရားဝင်ထုတ်ပြန်ကျေညာပြီး၊ အရေးယူမူ့တွေပြုလုပ်ခဲ့တယ်။
ဒီလိုအခြေအနေတွေမှာတောင်ကိုရီးယားအစိုးရဟာ အမေရိကန်မှ အမဲသားတင်ပို့ မူ့( ၅) နှစ်ကျော်ပိတ်ဆို့ထားရာက ပြန်လည်ခွင့်ပြုခဲ့မူ့ပေါ် ကိုရီးယားပြည်သူတွေက အမျက်ဒေါသဖြစ်ခဲ့ကြလို့ပါ။ တောင်ကိုရီးယားအစိုးရကတော့ အမေရိကန်နဲ့ လွတ်လပ်စွာကူးသန်းရောင်းဝယ်မူ့ အခွင့်အရေးသဘောတူညီချက်အပေါ် ၊နှင့် ကိုရီးယား ကျွန်းဆွယ်လုံခြုံရေး ကိုထောက်ပြပြီး၊ အမေရိကန်နှင့် အစိုးရချင်း ဆက်ဆံရေးအခြေအတင် ဖြစ်မှာ ကိုမလိုလားပါဘူး။
ဒါကို တောင်ကိုရီးယားပြည်သူတွေကသူတို့ရဲ့ ကျန်းမာရေးနှင့် စီးပွာရေး ကိုအစိုးရက လစ်လျှူပြု မူ့ဖြစ်တယ်လို့ဆိုပြီး လမ်းမတွေပေါ်မှာ မေလ(၂၂) ရက်ကတည်းက ကန့်ကွက်ဆန္ဒပြနေ ကြတာပါ။ ဒီလို လမ်းမတွေပေါ်မှာ ကန့်ကွက်ဆန္ဒပြမူ့ဟာ တနေ့ထက်တနေ့ပြင်းထန် လာတောင်ကြောင့် နောက်ဆုံးမှာ တောင်ကိုရီးယားသမ္မတလီမြောင်ဘတ် က အမေရိကန်မှ အမဲသားတင်သွင်းမူ့ဆုံးဖြတ် ချက်ကိုပြန်လည်စဉ်းစား ပြီး၊ သူ့အစိုးရ၏ဆုံးဖြတ်ချက် မှားယွင်းခဲ့မူ့ကို ပြည်သူတွေအပေါ်ဝန်ချတောင်းပန်ပါကြောင်း မနေ့ကဘဲ တီဗွီရုပ်မြင်သံကြား ကနေတရားဝင် ကျေညာခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတလီမြောင်ဘတ်ဟာ သူရဲ့ အကြံပေးအကြီးအကဲနှင့် တာဝန်ရှိအစိုးရ အကြီးအကဲ (၆) ယောက်ကိုရာထူးကရွေ့ပြောင်းအစားထိုးခန့်အပ်ပြီး၊ အစိုးရ ၀န်ကြီးအပြောင်းအလဲတွေကိုအရေးယူမူ့တွေကိုပြုလုပ်ခဲ့တယ်။ ဒါ့အပြင် ကိုရီးယားပြည်သူတွေရဲ့ အစားအသောက်တွေမှာ ဒီလိုကိုရီးယားပြည်သူတွေ ကျန်းမာရေးထိခိုက်စေမဲ့ အမဲသားတွေ မမြင်ရစေဘူးလို့ဂတိပြုပြောခဲ့တယ်။ ဒါ့ အပြင် အမေရိကန်မှ လ(၃၀) ကျော်တဲ့ နွား၊ ကျန်းမာရေးမကောင်းတဲ့နွားများမှ တင်ပို့တဲ့ အမဲသားတွေတင်ပို့မူ့ကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီကျင့်သုံးနေတဲ့ တောင်ကိုရီးယားမှာ ပြည်သူတွေက အစိုးရ ရဲ့ အာဏာအလွဲသုံးစား ပြုလုပ် ခဲ့မူ့နှင့် လဒ်ပေး လဒ်ယူပြုလုပ်ခဲ့မူ့တွေကိုတိုက်ဖျက်အနိုင်ယူခဲ့တဲ့ အောင်ပွဲတခုပါ။
နောက်အဖြစ်အပျက်တခုကတော့ အမေရိကန်လေတပ်က အသက်ကြီးနေပြီဖြစ်တဲ့ KC 135 လေယဉ်ဆီဖြည့် လေယဉ် နေရာမှာ အစားထိုး ဆီဖြည့် တဲ့ လေယဉ် ကြီးတွေ တည်ဆောက် မူ့တန်ဘိုး ၃၅ ဘီလီယံတန် သဘောတူစာချုပ်ချုပ်ဆိုမူ့ကို ပြည်တွင်းလေယဉ်တည်ဆောက်သော ဘိုးအင်း ကုမ္ပဏီ ( Boeing) ကို မပေးဘဲ၊ ဥရောပက လေယဉ်ပျံ ကြီးတွေတည်ဆောက်သော ကုမ္ပဏီ များ နှင့် နောက်သ်ရို့ ဂရှုမန် ( Northrop Grumman Corp ) တွေကို တည်ဆောက်ခွင့်ပေးခဲ့တဲ့ အမှုပါ။
အမေရိကန် ပြည်သူတွေစီးပွားရေးအခက်အခဲဖြစ်နေချိန်၊ အလုပ်လက်မဲ့များပြားနေတဲ့အချိန်၊ ပြည်တွင်းက ကုမ္ပဏီ တွေ အခြားနိုင်ငံများသို့ ရွေ့ပြောင်းနေမူ့ကြောင့် အမေရိကန်ပြည်သူတွေ အလုပ်အကိုင်ဆုံးရှုံး နေရတဲ့အချိန်မှာ အမေရိကန်လေတပ် က လေယဉ်တည်ဆောက်ခွင့်လိုင်စင်ကို နိုင်ငံခြားကုမ္ပဏီများ အကျိုးအမြတ်ရှိအောင်ခွင့်ပြုခဲ့မူ့အပေါ် အမေရိကန်ပြည်သူတွေ၊အတိုက်အခံတွေနှင့် ဘိုးအင်း ကုမ္ပဏီကပြင်းပြင်းထန်ထန်ဝေဖန်ပြီး အစိုးရက တိတိကျကျ စုံစမ်းစစ်ဆေးမူ့တွေပြုလုပ်ဘို့တောင်းဆိုခဲ့ပါတယ်။
အမေရိကန်လေတပ်အကြီးအကဲတွေကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ သေသေချာချာတွက်ချက်ပြီး၊ ဈေးနှုံး ချိုသာတယ်၊ ပိုမိုအရည်အသွေးကောင်းတာကြောင့် ဒီလိုဆုံးဖြတ်ခဲ့တာလို့ဆိုတယ်။ ဒီကိစ္စ ကိုGovernment Accountability Office (GAO) က အသေးစိတ် စုံးစမ်းစစ်ဆေးမူ့တွေပြုလုပ်ခဲ့တယ်။ မနေ့က ဒီဌာနက စုံးစမ်းစစ်ဆေးမူ့တွေပြုလုပ်ခဲ့တဲ့ရလာဒ်တွေကို တရားဝင်ထုတ်ပြန်ကျေညာရာမှာ အမေရိကန်လေတပ်ဟာ လေယဉ်တည်ဆောက်ရေးလိုင်စင် ပေးအပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပြုလုပ်ခဲ့ရာမှာ အမှားတွေထင်ထင်ရှားရှားတွေ့ ရှိခဲ့ရသလို၊ သတင်းအချက်အလက်တွေဟာလည်းမှန်ကန်မူ့ မရှိခဲ့တာကြောင့်၊ လိုင်စင်အတွက် မျှမျှတတဖြစ်အောင်အခြားပြည်တွင်းကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မူ့ တွေ ပြန်လည် ခွင့်ပြုရမည်လို့တရားဝင်ကျေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာလည်း ဒီမိုကရေစီကျင့်သုံးနေတဲ့တိုင်းပြည်တွေမှာ ဒီမိုကရေစီကျင့်စဉ်ဟာ အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစား ပြုလုပ် ခဲ့မူ့နှင့် လဒ်ပေး လဒ်ယူပြုလုပ်ခဲ့မူ့တွေကို ပြည်သူတွေက ဘယ်လိုတိုက်ဖျက် နိုင်ခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်အကြောင်း အရာတွေပါ။ မြန်မာနိုင်ငံမှာလည်း နာဂစ်မုန်တိုင်း နှင့် ပက်သက်တဲ့ အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစား ပြုလုပ် ခဲ့မူ့နှင့် လဒ်ပေး လဒ်ယူပြုလုပ်ခဲ့မူ့တွေကို အောင်မြင်စွာဖော်ထုတ်နိုင်ပါစေ လို့ဆုမွန်ကောင်း တောင်း ရင်း .။……….။
Rest of your post
2 comments :
Northrop Grumman Corporation
ဆိုတာ American cooperation
စစ်စစ်မဟုတ်ဘူးလားဟင်..
Northrop Corporation ကို 1939 မှာ
California မှာတည်ထောင်ပြီး၊
Grumman Corporation ကို 1929
မှာတည်ထောင်ခဲ့ပါတယ်။ US Air force
အတွက် အများအပြားတည်ထွင်ခဲ့ပြီး
ထင်ရှားတဲ့ တီထွင်မှုတွေကတော့
Apollo Lunar Module, B-2 Spirit, Global Hawk,
E-8 Joint STARS , F/A-18 Hornet တို့ဖြစ်ပြီး
very advanced radar တွေလဲထွင်ခဲ့ပြီး
F15,F22,F35,B1 တွေမှာလက်ရှိသုံးစွဲနေပါတယ်။
တကယ်တမ်းက Northrop Grumman
ကိုမကြိုက်လို့မဟုတ်ပါဘူး၊ Northrop Grumman
က ဥရောပ လေယာဉ်ပျံ ကြီးတွေ
တည်ဆောက်ပေးနေလို့မဟုတ်ပါဘူး။
Northrop Grumman ကို contract ပေးလိုက်ရင်
သူ့ ရဲ့ Major sub-contractor ဖြစ်တဲ့
EADS (which is the pretty large European aerospace corporation)
က contracts အများအပြားရသွားပြီး၊
air refueling အတွက် aircraft ကိုလဲ
Airbus 330 အပေါ်အခြေခံပြီးတည်ဆောက်ဖို့
plan ရှိပါတယ်။ ဒီ contract ဟာအစပိုင်းမှာ 35billion
( one of the largest contract from DoD)
ဆိုပေမယ်နောက်ပိုင်း 100 Billion အထိ
တက်သွားဖို့အလားအလာရှိပါတယ်။
ပြောချင်တာကတော့ သေသေချာချာမလေ့လာဘဲ
ရမ်းမတုတ် ပါနဲ့။ ဒီမိုကရေစီစနစ်ကောင်းမှန်းလဲ
လူတိုင်းသိပါတယ်။
အတင်းကြီးလဲဆွဲပြီးပေးစားပြစရာမလိုပါဘူး။
အချုပ်ကတော့ ကိုမိုးသီး blog ဟာ
လူပိန်းကြိုက်စာတွေနဲ့ ပြည့်နေဦးမှာဘဲ။
ကောင်းတာတချို့ တလေတော့ရှိပါတယ်။
ဒီပုံနဲ့ ပညာတတ်ဗမာလူငယ်တွေကို
လုံးဝဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး...
First, I would like to thank" Beautiful" and sharing for her comments in this blog.
Second, she is right that the contract could expand to nearly 500 aircraft and more than $100 billion. But, the initial argument was awarding the $35 billion contract to Northrop Grumman at the first time. There is no right or wrong opinions on this argument. You can make any statement you wish. We report, and you decide.You can take it or leave it. The choice is urs.
Third, here is just for tips about this topic.
Boeing's action is the Chicago-based company's latest attempt to show that the Air Force's award to European Aeronautic Defence and Space Co. - parent company of its rival Airbus - and Northrop was unfair.
The disclosure comes days before the Government Accountability Office (GAO) is set to rule on Boeing's protest of the deal.
In fact, Northrop will build its (KC45 tankers) frams in Europe and many suppliers from Europe will gain the benefits from this contract because parts of the plane will be made in overseas.
On the other hand, Boeing employees will loose their jobs and its suppliers will close their plants. This 35 billion will come from US tax payers, and the tax payers will also loose their jobs in the future. This is a point what I am making in this blog. ( Please listenCongressional debates about this issue or in PBS, CNN, ABC, etc.)
Here are some samples.
Rep. Todd Tiahrt, R-Kan., held up a sign that read "vindicated" during a news conference by Boeing's supporters. And Rep. Norm Dicks, D-Wash., said the tankers are "critical to our defense technology" and should be American-made.
By Amy Dominello, Media General News Service
.
Tanker Contract Economic Stimulus for Europe?
WASHINGTON - Members of Congress and union leaders lashed out again Thursday at the decision by the U.S. Air Force to use a team that includes a European company to build tankers at Mobile's Brookley Field.
Lawmakers from Kansas and Washington state decried the contract at a press conference on Capitol Hill, saying it would take away jobs from workers at Boeing Co. Much of Boeing’s work on the tanker would have occurred in Kansas and Washington.
In February, the Air Force chose to award the $35 billion contract to replace 179 air-to-air refueling tankers to the European Aeronautic Defence and Space Co. and Northrop Grumman Corp.
The contract will result in a tanker assembly plant in Mobile, creating 2,000 jobs. Parts of the plane will be made overseas.
Sen. Patty Murray, D-Wash., called the decision “an economic stimulus package for Europe.”
“If we don’t preserve our domestic aerospace industry we are going to lose it” she said. “… We should not be paying other countries to take our technology and make it their own.”
Seven members of Congress also sent a letter to President Bush Thursday expressing their concerns that EADS received illegal foreign subsidies in the development of civilian aircraft, a charge the World Trade Organization is also investigating.
Lawmakers at the press conference said they may also bring up the issue as Congress mulls over defense spending in the coming weeks.
Boeing has filed a formal protest of the tanker decision citing "irregularities" in the competition. Air Force and Pentagon leaders have defended it as a fair and legal competitive process.
Alabama congressional representatives have also defended the decision.
Contact Amy Dominello at 202-662-7671 or adominello@mediageneral.com
Again, thank for ur comments and your time for reading articles and news in this blog. I am not writing for details. I am sharing my 2 cents opinion to the readers
with respects,
ms
Re:
1 comments:
Beautiful said...
Northrop Grumman Corporation
ဆိုတာ American cooperation
စစ်စစ်မဟုတ်ဘူးလားဟင်..
Northrop Corporation ကို 1939 မှာ
California မှာတည်ထောင်ပြီး၊
Grumman Corporation ကို 1929
မှာတည်ထောင်ခဲ့ပါတယ်။ US Air force
အတွက် အများအပြားတည်ထွင်ခဲ့ပြီး
ထင်ရှားတဲ့ တီထွင်မှုတွေကတော့
Apollo Lunar Module, B-2 Spirit, Global Hawk,
E-8 Joint STARS , F/A-18 Hornet တို့ဖြစ်ပြီး
very advanced radar တွေလဲထွင်ခဲ့ပြီး
F15,F22,F35,B1 တွေမှာလက်ရှိသုံးစွဲနေပါတယ်။
တကယ်တမ်းက Northrop Grumman
ကိုမကြိုက်လို့မဟုတ်ပါဘူး၊ Northrop Grumman
က ဥရောပ လေယာဉ်ပျံ ကြီးတွေ
တည်ဆောက်ပေးနေလို့မဟုတ်ပါဘူး။
Northrop Grumman ကို contract ပေးလိုက်ရင်
သူ့ ရဲ့ Major sub-contractor ဖြစ်တဲ့
EADS (which is the pretty large European aerospace corporation)
က contracts အများအပြားရသွားပြီး၊
air refueling အတွက် aircraft ကိုလဲ
Airbus 330 အပေါ်အခြေခံပြီးတည်ဆောက်ဖို့
plan ရှိပါတယ်။ ဒီ contract ဟာအစပိုင်းမှာ 35billion
( one of the largest contract from DoD)
ဆိုပေမယ်နောက်ပိုင်း 100 Billion အထိ
တက်သွားဖို့အလားအလာရှိပါတယ်။
ပြောချင်တာကတော့ သေသေချာချာမလေ့လာဘဲ
ရမ်းမတုတ် ပါနဲ့။ ဒီမိုကရေစီစနစ်ကောင်းမှန်းလဲ
လူတိုင်းသိပါတယ်။
အတင်းကြီးလဲဆွဲပြီးပေးစားပြစရာမလိုပါဘူး။
အချုပ်ကတော့ ကိုမိုးသီး blog ဟာ
လူပိန်းကြိုက်စာတွေနဲ့ ပြည့်နေဦးမှာဘဲ။
ကောင်းတာတချို့ တလေတော့ရှိပါတယ်။
ဒီပုံနဲ့ ပညာတတ်ဗမာလူငယ်တွေကို
လုံးဝဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး...
21 June 2008 06:30
Post a Comment