Thursday, 31 July 2008

သမိုင်းဝင် ၈.၈.၀၈ မှာ ထထကြွကြွနှင့်ဝိုင်းကြပေရော့





























"The one- party system has plunged the whole country into a disastrous state of poverty, ignorance and fear where detention, torture and killing are the order of the day"

KHIN MAUNG LATT



အာဏာရှင်တွေကို အကာအကွယ်ပေးနေတဲ့ ကွန်မြူနစ်တရုတ်အစိုးရရဲ့ လျှာတွေ ငါတို့ ဖြတ်ကြမယ်ဟေ့
တို့ညီအကိုမောင်နှမတွေ ငါတို့ သမိုင်းဝင် ၈.၈.၀၈ မှာ တရုတ်သံရုံတွေရှေ့မှာဆုံကြမယ်။ ကိုင်း…ထထကြွကြွနှင့်ဝိုင်းကြပေရော့….”
(ရွှေဝါရောင်တော်လှန်ရေး- GCR Strategic Team)

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး၊ဆူဒန်-ဒါဖာအရေး၊ ဇင်ဘာဘွေ အရေး၊ တိဗတ်အရေးတွေ အကြောင်း ဆွေးနွေးမှုပြုတိုင်း တရုတ်ကွန်မြူနစ်အစိုးရဟာ အမြဲတမ်း တရုတ်ပြည်ရဲ့ အကျိုး စီးပွားတခုတည်း ကိုသာကြည့်ပြီး အာဏာရှင်တွေကို ထောက်ခံခဲ့တယ်။ အကာအကွယ်ပေးခဲ့တယ်။ ဒီနိုင်ငံတွေမှာရှိတဲ့ သံယာဇာတတွေကို ကုန်တဲ့အထိ သွေးစုတ် ပုတ်ကောင်ကြီးလိုစုတ်ယူနေတယ်။

ဒါဟာ အရှေ့ဥရောပနိုင်ငံတွေရဲ့ လွတ်လပ်ရေး၊ဒီမိုကရေစီရေးတွေကျိုးပမ်းခဲ့မှုတွေအပေါ် ကွန်မြူနစ်အစိုးရတွေ ရဲ့ ပိတ်ဆို့ထားမှုနှင့်အလားတူတယ်။ ဘယ်လောက်ဘဲ ကွန်မြူနစ်အစိုးရတွေ ပိတ်ဆို့မှုတွေရှိနေပေမဲ့ ဘာလင်တံတိုင်းကြီးပြိုလှဲသွားခဲ့သလို၊ အခုလည်းမြန်မာပြည်ကို တကမ္ဘာလုံးနှင့် ပိတ်ဆို့ကာဆီးထားတဲ့ တရုတ်ကွန်မြူအစိုးရ တည်ဆောက်ထားတဲ့ တရုတ်-မြန်မာ ဘာလင်တံတိုင်းကြီးကို ဖြိုလှဲကြဖို့ တို့ညီအကိုမောင်နှမတွေ ၈.၈.၀၈ မှာ တရုတ်သံရုံ ရှေ့ တွေမှာဆုံကြမယ်။

ငါတို့နိုင်ငံရဲ့ သမိုင်ဝင်နေ့ ကိုမှေးမိန်အောင်ပြုလုပ်ပြီး၊ သူတို့ရဲ့ အောင်မင်္ဂလာနေ့ အဖြစ် အစားထိုးအောင်ပွဲခံမဲ့နေ့ မှာ၊
အာဏာရှင်တွေထောက်ခံသူ ကွန်မြူနစ်တရုတ်အစိုးရကို ကမ္ဘာမှာ အရှက်ရစေရမယ်။

အာဏာရှင်တွေအပေါ်အမြဲတမ်း ရှေ့နေလိုက် ထောက်ခံအကာအကွယ်ပေးနေတဲ့ ကိုယ်ကျိုးကြည့် တရုတ်ကွန်မြူနစ် အစိုးရရဲ့ လျှာတွေကို
ကမ္ဘာကသိအောင် ငါတို့ဖြတ်ပစ်ကြရအောင်..............။

“တကယ့်တကယ်
တွန်းလှန်ဖို့အရေးကလဲ
မဝေးတော့ပြီမို့
အရေးကြီးလျှင်ဖြင့်

သွေးစည်းပြီး
သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း…ထထကြွကြွနှင့်
ဝိုင်းကြပေရော့….”

(သခင်ကိုယ်တော်မှိုင်း)

Rest of your post

No comments :