"ဂဋ္ဌုံ ဦးစော သမတ် ဂဋ္ဌုံ သန်းရွှေ ၊ သူ့မိန်းမ ကြိုင်ကြိုင် နှင့် သားသမီးတွေ....... အလှဲ့ကြယင် မနွဲ့စတမ်း ရင်ဆိုင်ဖို့ပြင်ဆင်ထားကြပါ။ တပ်ဆင်၏ဇနီးနှင့်သားသမီးတွေလိုဘဲ ပြည်သူရှေ့မှာ ရင်ဆိုင်ရဲမလား၊ ဂဋ္ဌုံ ဦးစောသားသမီးတွေလို လူ့လောကမှာ မျက်နှာမပြရဲအောင် နေမလားဆိုတာ ကတော့ အချိန်ကအဆုံး ဖြတ်ပေးပါလိမ့်မယ်။"
သတင်း- ms
အသက် ၅၁ နှစ် သာ ရှိတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ဇနီး ပိုဂျမန်ရှင်နာဝပ်ထရာဟာ ဘတ်ငွေ ၅၄၆ သန်း ( အမေရိကန်ဒေါ်လာ ၁၆.၄ သန်း) အစုရှယ်ရှာလွဲပြောင်းခဲ့မှုမှာ နိုင်ငံတော်ကို ၀င်ငွေ အခွန်မဆောင်ဘဲ ဥပဒေချိုးဖောက်ပြုလုပ်ခဲ့တာကြောင့် ထိုင်းအဆင်မြင့်ဆုံး ဗဟိုတရားရုံး ချူပ် က ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ပေးလိုက်ပါပြီ။ သူမရဲ့ မောင် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ယောက်ဖနှင့် သူမရဲ့ ကိုယ်ရေးအရာရှိ အတွင်းရေးမှူး ကိုလည်း ထောင်ဒဏ် ၂ နှစ်ဆီ ပြစ်ဒဏ်ပေးလိုက်ပါတယ်။
ဒီပြစ်ဒဏ်ကိုတော့ သူမရဲ့ ရှေ့နေကအယူခံဝင်မယ်လို့ဆိုပါတယ်။ သူမဟာ ဘတ်ငွေ (၅) သန်း ချက်ချင်းအာမခံငွေပေးခဲ့တာကြောင့် အယူခံဝင်စဉ်အတောအတွင်း တရားရုံးက ပြန်လွှတ်ပေးထားပါတယ်။
တရားသူကြီးတွေကတော့ ၀န်ကြီးချူပ်ဇနီးတယောက်အနေနှင့် ဒီလိုအကျင့်ပျက်ခြစား ခဲ့မှုဟာ တရားဥပဒေ ချိုးဖောက်ပြီး ပြစ်မှုထင်ရှားခဲ့တာကြောင့် ဒီပြစ်ဒဏ်ဟာ ထိုင်းလူမျိုးတွေအတွက် စံပြနမူနာ ယူနိုင်အောင်
ပြစ်ဒဏ်ချ ပြုလုပ်တာ လို့ပြောဆိုခဲ့ပါတယ်။
ပြစ်ဒဏ်ချ ပြုလုပ်တာ လို့ပြောဆိုခဲ့ပါတယ်။
တရားသူကြီးတွေက သူမဟာထိုင်းဝန်ကြီးချူပ်ဇနီးတယောက်ဖြစ်တာကြောင့် ထိုင်းလူမျိုး တွေအတွက် စံပြဖြစ်အောင်နေထိုင်သင့်တယ်လို့ပြစ်တင်ရှုံ့ချ ပြီး တရားစီရင်မှုပေးသွားပါတယ်။
တချိန်က ဘီလီယံနာဖြစ်ခဲ့တဲ့သူတို့မိသားစုဟာ ထိုင်း ပိုင်ဆိုင်မူ့ တွေကိုလေ့လာစုံစမ်းစစ်ဆေးနေသောအဖွဲ့က သူတို့ပိုင်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော်ကိုထိမ်းသိမ်းထားတာကြောင့် အခုတော့ ဒေါ်လာ သန်း ၄၀၀ လောက်သာပိုင်ဆိုင်တော့ပါတယ်။ ယခင်က ထိုင်းနိုင်ငံမှာ အချမ်းသာဆုံးအဆင့်နံပတ် ၄ ကနေ အခုတော့ အဆင့်နံပတ် ၁၆ အဆင့်ကိုရောက်သွားပါပြီ။
Rest of your post
No comments :
Post a Comment