မြန်မာ စစ်ခေါင်းဆောင်းတွေကို နိင်ငံတကာတရားရုံး - International Criminal Court – ICC  မှာ တရားစွဲဖို့ လုပ်နေပါပြီ။  ဒီတရားရုံးက က ပထမဆုံးအကြိမ် တရားဝင်အာဏာရထားတဲ့ ဆူဒန်သမတကို တရားစွဲလိုက်ပါပြီ။ Global Justice Center က သန်းရွေ၊ ရွေမန်း၊ မောင်အေး အောင်သောင်း၊ မောင်သောင်းတို့ ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။ သူတို့ အခက်ခဲကတော့  မြန်မာ့ဒီမိုကရေစီအင်အားစုတချို့ က မဖြစ်နိင်ဘူး ဖြစ်နိင်တယ်ဆိုပြီး ကန့် ကွက်နေမှုဖြစ်ပါတယ်။  
ကျနော်တို့ အမြင်ကတော့ ဒီလို တရားစွဲတာမျိုးကို ထောက်ခံသင့်ပါတယ်။ အရင်က  Justice for Human-rights in Burma- JHB  က  တရားစွဲဖို့ လုပ်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ အခက်အခဲ အမျိုးမျိုးကြောင့် လှုပ်ရှားမှုဟာ ရပ်တန့် ခဲ့တယ်။ လက်ရှိအခြေအနေအရ  သန်းရွေစစ်အုပ်စုက ၈လေးလုံးပြည်သူအရေးတော်ပုံကိုနိမ်နင်းခဲ့တာ ဒီပဲယင်းလူသတ်ပွဲ၊ တိုင်းရင်းသားဒေသတွေမှာလူသတ်၊မုဒိန်းမှုတွေ၊ရွ့ာမီးရှို့ စတဲ့  လူအခွင့်အရေးချိုးဖေါက်မှုတွေကိုအတော်မသတ်ကျူးလွန်းခဲ့တာ၊ ၂၀၀၇ခုနစ် သံဃာတွေဦးဆောင်တဲ့ လူထုလှုပ်ရှားမှုကိုနိမ်နင်းခဲ့တာ၊ ၂၀၀၈ခုနစ်နာဂျစ်မုန်တိုင်းခံပြည်သူတွေကိုအချိန်မှီကယ်တင်ခြင်းမပြုခဲ့တာတွေ လုပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေက် ဆူဒန်အစိုးရခေါင်းဆောင် အိုမာ  ဟူစိန် အဲလ်ဘာရှား- Omar Hussan Al-Bashir -  က  ဆူဒန်ပြည်သူတွေပေါ်ကျူးလွန်ခဲ့တဲ့လူအခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ထပ်ထူဖြစ်နေခြင်းဖြစ်ပါတယ်။ အရင်က နိင်ငံတကာဥပဒေတွေက ဒုတိယကမ္ဘာစစ်ကာလက ဥပဒေတွေကို ပေါ်အခြေခံထားတာဖြစ်ပါတယ်။ နိင်ငံတကာ နယ်နမိတ်အတွင်းထဲမှာအခြေခံထားတယ်။ မထိရောက်ခဲ့ပါဘူး။  ၂၀၀၀ ခုနစ်နောက်ပိုင်းမှာ တော့ နိင်ငံတကာ ဥပဒေတွေကအတော့်ကိုပြောင်းလဲလာပါတယ်။ နိင်ငံတတခုအတွင်းထဲမှာ ဖြစ်နေတဲ့  လူအခွင့် အရေး ချိုးဖေါက်မှုတွေကိုနိင်ငံတကာ တတ်နိင်သမျှအရေးယူတဲ့ပုံစံတွေဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။  အခု - Global Justice Center က သန်းရွေစစ်အုပ်စုကို တရားစွဲဖို့ လုပ်လာတာကို ကျနော်တို့ အားပေးသင့်ပါတယ်။ ( တချို့ က ကန့် ကွက်တာ၊ မထောက်ခံတာတွေလုပ်နေပါတယ်လို့ သိရပါတယ်။ ) မြန်မာတွေ အနေနဲ့ အသင်းလိုက်ဖြစ်စေတဦးခြင်းဖြစ်စေ ဒီအဖွဲ့ ကို အားပေးကူညီကြဖို့ တိုက်တွန်းနိုးဆော်လိုပါတယ်။ဦးဆောင်လှုပ်ရှားနေသူကတော့    Janet Benshoof, President and Founder  - Proffessor of Harvard  Law  School  က ဖြစ်ပါတယ်။  ဆက်သွယ်ရန် လိပ်စာကတော့
 
 The Global Justice Center is now located at:
25 East  21st Street, 10th Floor
New York, NY 10010
Email - burmaproject@globaljusticecenter.net
  
      
 
No comments :
Post a Comment