ဂျက်နက်ဘန်းရှော့ ဟာ ဟားဗတ်တကသိုလ်က ဥပဒေရေးရာ ပါမောက္ခတယောက်ဖြစ်ပါတယ်။
ဟားဗတ်တကသိုလ်က အလွန်နာမည်ကြီးလှတယ်။ ဒီတက္ကသိုလ်က ၀င်ငွေသောက်သောက်လဲဝင်နေတဲ့
ပါမောကဂျက်နက်ဟာ ၂၀၀၇ ခုနစ် သံဃာတွေဦးဆောင်တဲ့ လူထုလှုပ်ရှားမှုကိုစစ်တပ်ကနိမ်နင်းလိုက်ကတည်းက သူမက အလွန်စိတ်မသက်မသာဖြစ်ခဲ့သူပါ။ နာဂျစ်မုန်တိုင်းဖြစ်လာတဲ့အခါမှာတော့သူမရဲ့ ပေါက်ကွဲမှုက အထွတ်အထိပ်ကိုေ၇ာက်သွားပါတယ်။ ဒါကြောင့် သူမရဲ့ အသင်းက လူယုတ်မာ သန်းရွေကို နိင်ငံတကာခုံရုံးကိုတင်တော့မယ်လို့ အခိုင်မာဆုံးဖြတ်ပြီး
စတင်လှုပ်ရှားပါတယ်။ သူရဲ့ အယူဆကတော့ နအဖ ကို ကုလသမဂ လုံခြုံရေးကောင်စီပေါ်တင်ပြီးအရေးယူလို့ မရဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ နိင်ငံရေးပတ်သက်နေတယ်။
လုံခြုံရေးကောင်စီပေါ်တင်လိုက်တာနဲ့ တရုပ်၊ရုရှားတို့ ရဲ့  ပိတ်ဆို့ မှုကိုခံရနိင်တယ်။ ဒါကြောင့် သူမက
နိင်ငံရေးကနေ လှည့်ထွက်ပြီး လူအခွင့်အရေး ဒေါင့် နဲ့ တရားဥပဒေရူထောင့်က နေ ချဉ်းကပ်မှာသာ
ယတြာတွေနဲ့  ရှောင်တိမ်းနေတဲ့  သန်းရွေကို ကြိုးစင်ပေါ်ကိုတင်နိင်မယ်လို့ သူကယုံကြည်တယ်။ ဒါကြောင့်
သန်းရွေကို နိင်ငံတကာတရားရုံးမှာ ဆူဒန်သမတကိုအရေးယူနိင်သလိုလှုပ်ရှားမှုကို စတင်ထိုးနိင်ဖို့  သူမဆုံးဖြတ်ခဲ့တယ်။ နောက်တဆင့်ကတော့ ကုလသမဂ အဆင့်ထိသူမရဲ့ လှုပ်ရှားမှုကို မြင့်တင်သွားမယ်လို့ 
သူမက ပြင်ဆင်ထားပါတယ်။ သူမရဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာ ချထားတဲ့ ပုံရှိတယ်။
တက္ကသိုလ်ကနေ အနားယူလိုက်ပြီး မြန်မာအရေးကိုစောက်ချလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမက ဘယ်အစိုးရကမှာ ထောက်ပံ့မှုကိုမယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမလှုပ်ရှားမှုကိုအားပေးတဲ့တသီးပုဂလ ထောက်ပံမှုနဲ့ စတင်လိုက်ပါတယ်။ သူမကို လော့စ်အိန်ဂျဲလ်လီစ်မှာရှိတဲ့ ဂူဂဲလ်ဌာနချုပ်က ဖိတ်ခေါ်ပြီး စကားပြောစေခဲ့ပါတယ်။ သူမရဲ့ မိန့် ခွန်းကို နားသောထဆင်နိင်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုကို ၀ိုင်းဝန်းအားပေးဖို့  လှုံ့ ဆော်လိုက်ပါတယ်။
Summary
Rest of your post

No comments :
Post a Comment