Tuesday, 12 August 2008

ဘယ်မှာလဲ



တစ်ဦးတစ်ယောက် ကောင်းဖို့ရောက်ရန်
သူ့ပြည် သူ့သား ချွေးသွေးစတေးခံ
ရလာ ရလာဒ် သူ့အိပ်ထဲရောက်ပြန်

မခံချင်ဘူး
ထကြွတော်လှန်
ကြီးငယ်ရွယ်လတ် ဘုရားသားပါမကျန်
ထကြွသူများ သူနှိပ်ကွပ်ပြန်
နှစ်နှစ်ဆယ်မှ နှစ်လေးဆယ်သို့ တန်
သွေးချောင်းစီး၍ မျက်စိမှိတ်ခံ
ဘယ်မှာလဲ ...
ဒီမိုကရေစီအမှန်...........................................။

ပဲခူးသူ

No comments :