Monday, 11 August 2008

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ဇနီး ဗြိတိသျှကိုပြေးကြပြီ


ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်န၀တြာ ဟာ မနေ့ က ဗြိတိသျှ နိုင်ငံကို ထွက်ပြေးခဲ့ပါတယ် ထိုသို့ ထွက်ပြေးရာမှာ သူက နိုင်ငံရေး စွက်ဖက်မှုတွေကြောင့် သူ့ကို စွဲဆိုထားတဲ့ ခြစားအကျင့်ပျက်မှုတရားခွင်ကို မျှတစွာ ရင်ဆိုင်ဖို့ မမျှော်လင့်နိုင်လို့ လို့  ဆိုပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပတ် က ကလိမ်ကကျစ် ကျ လိမ်လည်မှု နဲ့ ထောင်သုံးနှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ သူရဲ့ ဇနီးဖြစ်သူ ပိုဂျမန်တို့ဟာ အသက်ကိုခြိမ်းခြောက်ခြင်းခံရမှုများကြောင့် ဗြိတိသျှနိုင်ငံကို ထွက်ပြေးရပါတယ်လို့ ဆိုပါတယ်။
၁၉၉၇ အစုရှယ်ယာ လွှဲပြောင်းခြင်း သဘောတူညီမှု နဲ့ဆက်စပ်နေတဲ့ သန်းပေါင်းများစွာသော ပေါင်စတာလင် ငွေ ပမာဏရှိသည့် အခွန်တော်ကို မဆောင်ပဲ ရှောင်လွှဲမှု ကြောင့် အသက် ငါးဆယ့်တစ်နှစ် အရွယ်ရှိ ပိုဂျမန် ဟာ ပြစ်ဒဏ်ချမှတ်ခံရတယ်လို့  ဆိုကြတဲ့ ကောဠဟာလများဟာလဲ အောတိုက်နေအောင် ထွက်ပေါ်နေခဲ့ပါတယ် သို့သော် မိသားစုရဲ့ လက်ရုံးပုဂ္ဂိုလ်များကတော့ ထိုအဆိုပြုချက်ကို ချေဖျက်ခဲ့ပါတယ်။
အတွင်းရေးမှူးဟောင်း ကန်ချန်ပနာ ဟွန်ဟန် ၊ မွေးစားမောင် တယောက်ဖြစ်တဲ့ ဘန်နပေါ့ ဒမပေါင် နှင့်အတူ ပိုဂျမန်ဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ရုံးတော်က စီရင်ချက်ချပြီးပြီးချင်းမှာပဲ တရုတ်နိုင်ငံ အိုလံပစ် ဖွင့်ပွဲအခန်းအနား ကို မတက်ရောက်ခင် ၀န်ကြီးချုပ်ဟောင်းသက်ဆင်ဟာ စကားပြောပွဲတစ်ခုအတွက် ဂျပန်နိုင်ငံကိုထွက်ခွာသွားခဲ့ပါတယ် ၊ လွန်ခဲ့တဲ့ ကြာသာပုတေးနေ့မှာတော့ ကန်ချန်ပနာ ဟွန်ဟန် ၊ ဘန်နပေါ့ ဒမပေါင် နှင့် ပိုဂျမန် တို့ဟာ သက်ဆင် ကို တွေ့ ဆုံ ဖို့ ပီကင်းမြို့ကို ထွက်ခွာသွားခဲ့ ကြပါတယ်။
နိုင်ငံတော် တရားရုံးချုပ်မှာ အစစ်ဆေးခံဖို့  အချိန်တန်နေပြီဖြစ်တဲ့ သက်ဆင်နှင့်သူ့ ဇနီးဟာ ထိုင်းနိုင်ငံကိုအချိန်မှီ ပြန်ရောက်မလာတဲ့အခါမှာ ဖမ်းဝရမ်း ထုတ်ခံရပြီးတော့ ပေါင်စတာလင် တစ်သိန်း ကိုးသောင်းငါးထောင်တန်တဲ့ အာမခံ ငွေကိုလဲ ရုံးတော်ရဲ့အမိန့်နဲ့ပဲ သိမ်းယူခံလိုက်ရပါတယ်။
အနှီ ဦးဘောဂ ကြီးရဲ့ သားဖြစ်သူ ဖန်တွန်တဲ နဲ့ သမီးများဖြစ်ကြတဲ့ ပင်ထုံတနဲ့ ပဲထုံတန် တို့ ဟာလည်း
အကျင့်ပျက်ခြစားမှု စွဲချက်ကို ရင် ဆိုင်နေကြရပါတယ်။ ဖက်စ်နှင့် လန်ဒန်မှ ပို့ လိုက်သော လက်ရေးနှင့်ရေးသားထားသည့် ထုတ်ပြန်ကြေညာချက်မှာ အသက် ငါးဆယ့်ကိုးနှစ်ရှိပြီဖြစ်တဲ့ သက်ဆင် က သူဟာ တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံကို ပြန်လာဖို့ လေယာဉ်လက်မှတ်စီစဉ်ထားသော်လည်း တကယ်တန်းမှာတော့ ဗြိတိသျှ နိုင်ငံကို ထွက်ခွာသွားခဲ့တယ်လို့ ထိုင်းနိုင်ငံ က
အစိုးရ ရုပ်မြင်သံကြားမှာဖော်ပြခဲ့ပါတယ်။ ဗြိတိသျှ နိုင်ငံမှာနိုင်ငံရေးခိုလှုံခွင့်ကြိုးပမ်းချက် နှင့်ပတ်သက်ပြီးတော့ဖော်ပြထားခြင်းမရှိပါဘူး လို့သိရပါတယ်။ ၀န်ကြီးချုပ်အဖြစ် ငါးနှစ် တာဝန်ယူခဲ့တဲ့ သက်ဆင်က ဗြိတိသျှနိုင်ငံမှာ အချိန်အကန်အသတ်မရှိ ဆက်လက်တည်ရှိနေလိမ့်မယ်လို့ပြောခဲ့ပါတယ် သို့သော် တနေ့မှာသူ့ အမိနိုင်ငံကို ပြန်သွားနိုင်လိမ့်မယ်လို့
မျှော်လင့်ခဲ့ပါတယ်။ ထို ထုတ်ပြန်ချက်မှာပဲ “ ကျနော်နဲ့ ဇနီးဟာ လွတ်လပ်မှုတွေ ရှိတဲ့ ဗြိတိသျနိင်ငံကို ထွက်လာခဲ့ပါပြီလို့  ဖေါ်ပြထားပါတယ်။
“ကျနော်မှာ ကံ ရှိနေသေးရင်တော့ တခြားထိုင်းလူမျိုးတွေလိုပဲ ထိုင်းနိုင်ငံကိုပြန်ပြီး သေနိုင်လိမ့်မယ် ၊ ထိုင်းနိုင်ငံရေးထဲမှာ အာဏာရှင် ဆန်တဲ့ ချယ်လှယ် ကိုင်တွယ်မှုတွေဆက်လက်ရှိနေတုန်းပဲဖြစ်တယ် တဆက်ထဲပဲအဲဒီအရာဟာ တရားဥပဒေ ဆိုင်ရာ စနစ် အထိ စွက်ဖက်နှောက်ယှက်နေတာဖြစ်တယ်၊ အဲဒီအရာတွေဟာ နိုင်ငံရေး ဆိုင်ရာ ရန်သူတွေပဲဖြစ်တယ်။
သူတို့ဟာ ဥပဒေစည်းမျဉ်းတွေ အမှန်တရား ဖြစ်ရပ်မှန်အချက်အလက်တွေ ဖြစ်စေ နိုင်ငံတကာက
အသိအမှတ်ပြုထားတဲ့ လုပ်ထုံးလုပ်နည်းတွေကိုဖြစ်စေ ဂရုမစိုက်ကြဘူး ”လို့  သူကဖြည့်စွက်ပြောကြားခဲ့ပါတယ် ။ သက်ဆင်ဟာ စစ်အာဏာသိမ်းမှုကြောင့် သူ့ရဲ့ ရာထူးက ဖြုတ်ချခံခဲ့ရပြီး ဗြိတိသျှနိုင်ငံမှာနှစ်နှစ် ရှောင်တိမ်းနေထိုင်ခဲ့ပါတယ် ။ဒီနှစ်ထဲမှာပဲ သူ့ရဲ့ နိုင်ငံရေးမဟာမိတ်တွေ ဟာ ရွေးကောက်ပွဲအသစ်မှာ အနိုင်ရခဲ့ပြီး ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းပြီးနောက်မှာ သူ့ကိုဆွဲဆိုထားတဲ့ ခြစားအကျင့်ပျက်မှု စွဲချက်တွေကို ရင်ဆိုင်ဖို့ ထိုင်းနိုင်ငံကိုပြန်လာခဲ့တာဖြစ်ပါတယ်။
သူရဲကောင်းကြီးရဲ့ ပြည်တော်ပြန်ခရီး ပြီးလို့မှ ငါးလပဲကြာသေးတော့ သူ့ရဲ့ မဟာမိတ် ပြည်သူ့ အင်အား ပါတီ ဟာ ဒီဇင်ဘာ ရွေးကောက်ပွဲမှာနိုင်ခဲ့တဲ့ကြားထဲကမှ သူ့ အဆိုအရတော့ သူ့ကို နှိုင်းယှဉ်တဲ့ ထိုင်းနိုင်ငံရဲ့တရားစီရင်ရေးစနစ်ကို ပြစ်တင်ပါတော့တယ်။ လျှင်မြန် လွန်းလှတဲ့  အရေးယူမှုဟာ သက်ဆင်ရဲ့ပိုင်ဆိုင်မှုထဲက ထိုင်းဘဏ်စာရင်းများထဲ ထုတ်မရပဲ ရှိနေတဲ့ ပေါင်စတာလင် သန်းပေါင်းတထောင်ဟာ စိုးရိမ်စရာရှိနိုင်ပါတယ် သို့ သော်ငြားလည်း များပြားလှတဲ့ ပမာဏရှိတဲ့ ငွေစများကိုလည်း ထိုင်းနိုင်ငံပြင်ပက ဘဏ်တွေမှာ ထားရှိ ကွယ်ဝှက်ပြီးသားလို့ ထင်မြင်ယူဆရပါတယ်။ သက်ဆင်ရဲ့ အတ္ထုပ္ပတ္တိ ရေးသမားနဲ့ နိုင်ငံရေးသရုပ်ခွဲလေ့လာသူ ဖြစ်တဲ့ ခရစ်စ်ဘိတ်ကာ ကတော့ ထုတ်ပြန်ကြေညာချက်တစ်ခုမှာ“ သက်ဆင်ကတော့ ကိစ္စရပ်တွေလှည့်ပြောင်း ဖြစ်ပေါ်လာမှုတွေကို စိတ်တွေလှုပ်ရှားနေတယ် အဲဒီမှာ အနိုင်မခံအရှုံးမပေးတဲ့ သဘောလက္ခဏာရှိတယ် ၊ ဒီဘဲကတော့ လုံးဝ လက်လျှော့မှာမဟုတ်ဘူး” လို့ ဆို ခဲ့ပါတယ်။ ဒါပေမယ့် ပိုဂျမန်ရဲ့ ပြစ်မှုစီရင်ခံရခြင်း ပြီးတဲ့နောက်မှာ ဘိတ်ကာ က ခေါင်းဆောင်ဟောင်းအတွက် နိမိတ်ဆိုးပဲ လို့ပြောခဲ့ပါတယ်။
သူကပဲ သက်ဆင်ဟာ စက်တင်ဘာမှာကျရောက်မယ့် သံသယရှိဖွယ် မြေကိစ္စ စွဲချက်နှင့်ပတ်သက်တဲ့
ခြစားအကျင့်ပျက်မှုအတွက် ဆုံးဖြတ် စီရင်ချက်မှာ ဘယ်လို ကံတရားဆိုင်ရာ လမ်းပေါက်ကိုမှ မယူချင်တော့ဘူး နိုင်ငံတော် တရားရုံးချုပ်က ဆုံးဖြတ်မယ့်အဲဒီအမှုမှာ အသနားခံချက် ဆိုတာလဲ ရှိမယ်မဟုတ်ဘူး လို့ပြောပါတယ်။ တယ်လီကွန် သူဌေး ဗြိတိသျှ နိုင်ငံ လန်ဒန်မြို့ကို ရောက်လာတာဟာ ဗြိတိသျှ အစိုးရအတွက်တော့ သံတမန်ဆိုင်ရာ အကျပ်ရိုက်မှုတစ်ခုဖြစ်ပါတယ် ။ ထိုင်းနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ကြားမှာ ရာဇ၀တ်သား တရားခံလွှဲအပ်ရေး အတွက် သဘောတူညီချက်ကို နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ ၁၉၁၁ ကတည်းကရှိထားခဲ့ပြီးဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ သူတို့ရဲ့ တရားခံ ၀န်ကြီးချုပ်ဟောင်းကို ပြန်တောင်းနိုင်ပါတယ် သို့သော်ငြားလည်း ဒီကိစ္စဟာရှည်လျားတဲ့ လုပ်ငန်းဆောင်တာဖြစ်ပြီး သက်ဆင်အနေနဲ့ သူ့ကိုမ တရားသက်သက်စွပ်စွဲ ဖမ်းဆီးဖို့လုပ်နေပါတယ်ဆိုတဲ့ရပ်တည်ချက်နဲ့ ခုခံ နိုင်ပါလိမ့်မယ်။ တရားဆွဲဆိုချက်မှာ မန်ချက်စတာမြို့ ဘောလုံး ကလပ်အသင်းပိုင်ဆိုင်မှုကိုပါ ဖော်ပြ မေးခွန်းထုတ်ထားခဲ့ပါတယ်
သူ့ရဲ့ထွက်ခွာခြင်းဟာလည်း ထို ရင်းနှီးမတည်ချက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
သင်ဆင်ဟာ မန်ချက်စတာ မြို့ ဘောအသင်းကို ပေါင်စတာလင် ၈၁.၆ သန်း နဲ့ သူ့ရဲ့ ၁၇လကြာ ရှောင်တိမ်းနေစဉ်အတောအတွင်းမှာဝယ်ယူခဲ့တာဖြစ်ပါတယ်။ အခုတော့ ပထမတန်း အသင်းကြီး အနေနဲ့ သက်ဆင်ဟာ ဒီကလပ်အသင်းကို စီမံကွပ်ကဲဖို့ ဆီလျှော် သင့်တင့်တဲ့ လူတယောက်ဟုတ်၏ မဟုတ်၏ဆိုတာကို စိစစ် လေ့လာရတော့မှာဖြစ်ပါတယ်။

မန်ချက်စတာအသင်းရဲ့ ၀ါသနာအိုး ပရိသတ်ထုကြီးအနေနဲ့လည်း သက်ဆင်ဟာ အခုလို သူ့ ငွေတွေ ဆုံးရှုံးဖွယ်အနေအထားမှာ ကစားသမားအသစ်တွေ ၀ယ်နိုင်ပါဦးတော့မလား လို့ သံသယဖြစ်နေကြပြီးဖြစ်ပါတယ်။ ခု ပိတ်ရက်မှာပဲ မန်ချက်စတာဟာ သူ့ရဲ့ ကစားပွဲကို စတင်မှာဖြစ်ပြီး သက်ဆင်နဲ့ပတ်သက်လို့ သုံးသပ်ချက်ကို ယဉ်ကျေးစွာငြင်းပါယ်ခဲ့ပါတယ် ။






No comments :