Sunday 7 September 2008

ပြည်တွင်းသတင်း

ရန်ကုန်သြဂုတ်-၇ ရက် ။
ဝင်းမမ ကို့ မနေ့ က မူစလင်ဆေးရုံကို တင်လိုက်တယ်လို့ သိရတယ်။မ၀င်းမမဟာ
ဒေါ်ခင်ဝင်းသမီး။အသက် ၂၈ နစ်။ ဒေါ်စုအိမ်မှာ အတူနေနေတဲ့အမျိုးသမီးငယ်တဦးဖြစ်ပါတယ်။ သူမဟာ ဒေါ်စုနဲ့ အတူအစာလက်မခံပဲတိုက်ပွဲဝင်နေတဲ့ သူတဦးလည်းဖြစ်ပါတယ်။ဒေါ်စုကသူမ တောင်းဆိုချက်တွေကိုမရမခြင်း စားရေရိက္ခာတွေကိုလက်မခံတော့ပဲ ဆန္ဒပြလိုက်တဲ့အတွက်သူမတို့ 
( ဒေါ်စု၊ ဒေါ်ခင်ဝင်း၊ မ၀င်းမမ)့မှာစားစရာမရှိသလောက်ဖြစ်နေပါပြီ။ မ၀င်းမမကိုမူစလင်ကုသိုလ်ဖြစ်
ဆေးရုံတင်လိုက်ရပါတယ်။သူမ ခံစားရသည့် မှာ အစာအိမ်အလွန်အမင်း နာကျဉ်နေသည် ကိုထောက်ရူခြင်းအားဖြင့်ဒေါ်အောင်ဆန်းစုကြည် အိမ်တွင်စားရေရိက္ခာစတင်ပြတ်တောက်နေပြီဟုခန့် မှန်းရပါတယ်။ဒီလိုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သန်းရွေစစ်အစိုးရရဲ့ မတရားမှုတွေကိုဦးဆောင်
တိုက်ပွဲ ၀င်နေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အလုပ်အမှုဆောင်ကော်မတီရဲ့ ထုတ်ပြန်
ကြေညာချက်မှာ အလွန် ရုပ်ဆိုးလှပါတယ်။ လက်ခံနိင်စရာမရှိပါ။ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်တခုခုဖြစ်လာရင် ငါတို့ ကြောင့်မဟုတ် နင်တို့ လုပ်တာဟုပြောရုံမှအပ ဘာတခုမှကြိုးပန်းအားထုတ်ချက်မရှိ ပါ။ကျနော်တို့  အားလုံး ပြည်တွင်းမှာ လူထုလှုပ်ရှားမှုကြီးကိုဖေါ်ထုတ်ရန်အချိန်ကျနေပြီ။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။

ယခု ဘားလမ်းရှိ မူစလင်ကုသိုလ်ဖြစ်ဆေးရုံမှာ ရဲတွေအများကြီးချထားကြောင်း သတင်းရရှိပါတယ်။

No comments :