Monday 15 September 2008

ဇင်ဘာဘွေနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် တိုးတက် နေမှု နှင့် နိုင်ငံရေး သဘောတူညီချက်














Gweru - MDC leader Morgan Tsvangirai said on Sunday there would be no power-sharing deal with Zimbabwe's ruling party until President Robert Mugabe ceded more power to the opposition. "The issue that we are facing here is that Mugabe must accept to surrender some of his powers for the power-sharing arrangement to work. "If that doesn't happen there is no deal," he told a rally to celebrate the MDC's ninth anniversary in the city of Gweru in central Zimbabwe. ( AP)



"Shame on ASEAN and UN...even African Union has something to show for its existence"

-မြတ်စိုး-


ဇင်ဘာဘွေနိုင်ငံမှာ အာဏာရှင် ရောဘတ်မူဂါဘီ နဲ့ အတိုက်အခံခေါင်းဆောင် မော်ဂန်ရှန်ဂရိုင်း အကြား
"ဇင်ဘာဘွေနိုင်ငံရဲ့ အာရုဏ်ဦးသစ်" ဆိုပြီး ဖော်ပြပြောဆိုတဲ့ အာဏာခွဲဝေရေး သဘောတူညီချက်ကိုဒီနေ့ဘဲ လက်မှတ်ရေးထိုး ခဲ့ကြောင်း ဇင်ဘာဘွေ အစိုးရပိုင် ရေဒီယို ကကျေညာသွားပါတယ်။ ဇင်ဘာဘွေရဲ့ နှစ်ရှည်ကြာ နေခဲ့တဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ချုပ်ငြိမ်းဖို့ ရည်ရွယ်ပြီး ဒီနိုင်ငံရေး သဘောတူညီချက်ကို တောင်အာဖရိက သမ္မတ သာဘို အမ်ဘီးခီး နှင့် တောင်အာဖရိက နိုင်ငံများအသင်းအဖွဲ့ က ဦးဆောင်ပြီးတော့ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ ဖြင့် ၃ လ ကြာ အောင် ကြားဝင်စေ့စပ် ဆွေးနွေး ပေးခဲ့ပါတယ်။

ဇင်ဘာဘွေ အစိုးရပိုင် ရေဒီယို ထုတ်ပြန်ကျေညာချက်အရ၊ သဘောတူညီချက်ပါ အချက်တွေအရဆိုယင် ၀န်ကြီးဌာန ၃၁ နေရာ မှာ လက်ရှိ သမ္မတ မူကာဘီးရဲ့ ဇန်နု ပီအက်ဖ် ပါတီက ၀န်ကြီးနေရာ ၁၅ နေရာ ရယူမှာ ဖြစ်ပါတယ်။ အတိုက်အခံ ဖက်ကတော့ ၁၆ နေရာကို ရမှာဖြစ်ပါတယ်။
သမ္မတ မူကာဘီးဟာ အတိုက်အခံ ၂ ပါတီ အကြား ကွဲပြားနေမှုကို အခွင့်ကောင်းယူသွားနိုင်တယ်လို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း ဒီလို နိုင်ငံရေးသဘောတူညီချက် ကိုနိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာ၍ သဘောတူညီချက် ရရှိလိုက်တာဟာ တိုးတက်လာစေမဲ့ခြေလှမ်း အစ တရပ်လို့ အားလုံးကတော့သုံးသပ်ကြပါတယ်။

အတိုက်အခံ ခေါင်းဆောင် မိုဂန် ရှန်ဂရိုင်း အနေနဲ့ အခု အသစ် ဖန်တီးလိုက် ၀န်ကြီးချုပ်ရာထူးကို ရရှိမှာဖြစ်ပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ ဒုတိယ ၀န်ကြီးချုပ်ရာထူး နှစ်နေရာကိုလည်းအတိုက်အခံတွေကဘဲ ရရှိမှာ ဖြစ်ပါတယ်။ အတိုက်အခံတွေကို ရက်ရက်စက်စက် နှိပ်ကွင်ခဲ့တဲ့ ရဲဌာန နှင့် ပြည်ထဲရေး ဌာန ၀န်ကြီးနေရာတွေကိုလည်း အတိုက်အခံဘက်က ခန့်အပ်ဦးစီးသွားမှာလည်း ဖြစ်တယ်။ ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ သမ္မတနေရာကိုတော့ မစ္စတာ မူဂါဘီ ကပဲ ဆက်ပြီး ရယူထားမှာ ဖြစ်ပြီး၊ စစ်တပ် နှင့် အခြားအရေးပါသော နေရာတွေကို မစ္စတာ မူဂါဘီ ကဘဲ ဆက်လက်ဦးစီး တာဝန်ယူသွားမှာဖြစ်တယ် လို့ ဇင်ဘာဘွေ အစိုးရပိုင် ရေဒီယိုသတင်းထဲမှာဖော်ပြထားပါတယ်

နိုင်ငံမှာ မရေရာမှုတွေ လနဲ့ချီ ပေါ်ပေါက်ခဲ့ပါတယ်။ အခု သဘောတူညီချက်က လနဲ့ချီ ကြာခဲ့တဲ့ မရေရာမှုတွေကို အဆုံးသတ်စေခဲ့တာ ဖြစ်ပါတယ်။ ဥရောပနှင့် အခြားအိမ်နီးချင်းနိုင်ငံတွေကတော့ ဒီနိုင်ငံရေး သဘောတူညီချက်ကို အပြုသဘောဖြင့် အကောင်းဘက်က သတိထားကြီုဆိုခဲ့ပေမဲ့၊ ဆက်လက် လုပ်ဆောင်ချက်တွေကို တိုးတက်တက်မှုရှိမရှိ ဆက်လက် စောင့်ကြည့်လေ့လာသွားမယ်လို့တုန့်ပြန်ခဲ့တယ်။

အနှိုင်းမဲ့ အကြမ်းဖက်န၀တ အာဏာရှင် စစ်အုပ်စု ဆိုး ဒဏ်ကြောင့် မြန်မာပြည်သူတွေ ဟာ အိမ်နီးချင်းနိုင်ငံ
တွေ မှာ ဒုက္ခအမျိုး မျိုး ရင်ဆိုင်ကြုံတွေ့ နေကြရသလို၊ ဇင်ဘာဘွေနိုင်ငံမှာ လည်း ပြိုင်ဘက်မဲ့ အကြမ်းဖက် အာဏာရှင် ရောဘတ် မူဂါဘီ ကြောင့် ဇင်ဘာဘွေ ပြည်သူတွေဟာ တောင်အာဖရိကနိုင်ငံ အပါအ၀င် အခြား အိမ်နီးချင်းအာဖရိကနိုင်ငံတွေမှာ ဒုက္ခအမျိုး မျိုး ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။

ဇင်ဘာဘွေပြည်သူတွေဟာ မြန်မာပြည်သူတွေလို တိုင်းပြည်စွန့် ပြီး တောင်အာဖရိကမှာ စွန့်စွန့်စားစား ၀မ်းစာ ရှာဖွေ စားသောက်နေထိုင်ကြပါတယ်။ ပြီးခဲ့တဲ့လတွေကဘဲ တောင်အာဖရိကနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမူ့ အပေါ်အကြောင်းပြပြီး တောင်အာဖရိက အစွန်းရောက်မြင်ပြည်သူတွေဟာ၊ ဇင်ဘာဘွေက လာရောက် အလုပ်လုပ်ကိုင်တဲ့သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မူ့တွေပြုလုပ်ခဲ့တာသတင်းစာမျက်နှာ တော်တော် များများ မှာဖော်ပြခဲ့ကြတယ်။ တောင်အာဖရိက အစိုးရက ဒီလိုဖြစ်ရပ်ကို ရက်အတော်ကြာအောင် လက်ပိုက်ကြည့် နေခဲ့တယ်။ ဒီလိုဖြစ်ရပ်ဟာ ဇင်ဘာဘွေပြည်သူတွေအတွက် သူတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေ မှာနေ့စဉ် ဒုက္ခအမျိုး မျိုး ရင်ဆိုင်ကြုံတွေ့ နေကြရတာပါ။


အသက် ၈၄ နှစ်ရှိ အာဏာရှင် ရောဘတ်မူဂါဘီဟာ ၁၉၈၀ ခုနှစ်ကတည်းက အာဏာရယူခဲ့ပြီး၊ အတိုက်အခံခေါင်းဆောင် မော်ဂန်ရှန်ဂရိုင်းကတော့ အသက် ၅၆ နှစ်သာရှိပါသေးတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ဇင်ဘာဘွေနိုင်ငံရဲ့ အဓိကကျသော ပျက်စီးယိုယွင်းနေတဲ့ စီးပွားရေးအခြေအနေကို ဖြေရှင်းရပါလိမ့်မယ်။ ဇင်ဘာဘွေနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ အခုဆိုယင် ကမ္ဘာ့ အမြင့်ဆုံးမှာဖြစ်ပြီး၊ ၁၁ မီလီယံနှုံးထားရှိတယ်ဆိုပေမဲ့၊ လွတ်လပ်သော ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေ ခန့်မှန်းသုံးသပ်လေ့လာ ချက်ကတော့ ကတော့ ငွေကြေးဖောင်းပွမှု အမှန်ဟာ ၄၀ မီလီယံနှုံးထားတောင် ရောက်နေပြီး နေ့စဉ်တိုးတက် နေတယ်လို့ပြောဆိုကြပါတယ်။

နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့် လက်တွေ့ကျကျ ဖြေရှင်းခဲ့ကြတာမို့ ဇင်ဘာဘွေရဲ့ နိုင်ငံရေးတိုးတက်ပြောင်းလဲမှု ပုံစံဟာ အမတန်မှစိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ။




1 comment :

democracy said...

watch this pic, there the answer

http://wanna23.blogspot.com/2008/09/05092008.html#links