ကြပ်ပြေး Bob (သို့) တာဝန်မဲ့ လူသတ်သမားကျော်ဆန်း
-မြတ်စိုး-
နားဂစ်ဆိုင်ကလုံးမုန်တိုင်း မတိုက်ခိုက်မီ မြန်မာပြည်၏ စစ်အုပ်စုသတင်းစာထဲမှာ လိမ်လည်အသိပေးရေးသား ဖော်ပြထားသော မိုးလေ၀သ အထူးကျေညာချက်ကို အားလုံး သတိပြုမိကြမှာပါ။ ဒီလိုတာဝန်မဲ့စွာ ပြည်သူအား လိမ်လည်အသိပေး ဖော်ပြခဲ့မှုတွေကြောင့် ကြိုတင်ပြင်ဆင်ကာကွယ်မှုနှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကြိုတင် ရရှိခဲ့သော်လည်း၊ မှန်ကန်မှုမရှိသော အတင်းအချက်အလက်တွေ ၊ သတင်းပေးပို့ခဲ့မှုတွေကြောင့် လူပေါင်းသိန်းနှင့်ချီ သေဆုံးခဲ့ရသလို၊ သန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။
ကြပ်ပြေးကျော်ဆန်း မြန်မာကလေးငယ်တွေကိုသတ်ဖို့ ကျိုးစားနေပြန်ပြီ
အခုလည်း တရုတ်နိုင်ငံတွင် သန့်ရှင်းမှုမရှိသော အဆိပ်ဓာတ်ပါ ကလေးနို့မှုန့်များ အကြောင်းကို သတင်းစာတွေထဲမှ တာဝန်မဲ့ လိမ်လည်ဖော်ပြနေပါတယ်။ ကျိန်းသေတာ ကတော့ နိုင်ငံရေးကို သွက်ချာပါဒရှုး နေသော ကျော်ဆန်း (ခေါ်) ကြပ်ပြေး Bob မြန်မာကလေးငယ်တွေကို သတ်ဖို့ ကျိုးစား နေပြန်ပြီ။
တရုတ်အစိုးရ ကိုယ်တိုင် ဒီအဆိပ်ဓာတ်ပါ တရုတ်ပြည်လုပ်ကလေး နို့မှုန့်များ ကို မြန်မာပြည်သို့ တင်ပို့ရောင်းချထားကြောင်း၊ နယ်စပ်မှတဆင့်မြန်မာပြည် တွင်းသို့ အများအပြားတင်သွင်းရောင်းချ ခဲ့ကြောင်း တရားဝင်ကျေညာထားသော်လည်း ယခုအချိန်အထိ နအဖကျန်းမာရေးဝန်ကြီးဌာန၊ သတင်းစာ၊ရေဒီယို၊ တီဗွီရုပ်မြင်သံကြား၊ တို့မှ ပြည်သူလူထုကိုသတိပေးထုတ်ပြန်ခြင်းမရှိသေးပါ။ လိမ်လည် ပြီး ချန်လှပ် ၍ရေးသားခဲ့သည်။
သတင်းစာထဲမှာ မြန်မာပြည်သို့ ဒီအဆိပ်ဓာတ်ပါ ကလေးနို့မှုန့်များရောင်းချ တင်သွင်းခဲ့ခြင်းကို မဖော်ပြထားပါ။ ကြပ်ပြေး ကျော်ဆန်း ဟာ စက်တင်ဘာ ၁၈ မြန်မာ့ အလင်းသတင်းစာ စာမျက်နှာ (၅) မှာ ဒီလို တာဝန်မဲ့စွာ လိမ်လည်ဖော်ပြ ခဲ့ပြီ၊ မြန်မာ ကလေးငယ်တွေကိုသတ်ဖို့ ပြုလုပ်နေကြောင်း ဒီ အောက်မှာ ဖတ်ကြည့်ပါ။
******************************************************************************
"စက်တင်ဘာ ၁၈ မြန်မာ့ အလင်းသတင်းစာ စာမျက်နှာ (၅)"
သန့်ရှင်းမှုမရှိသော နို့မှုန့်များကိုသောက်သုံးသည့်ကလေးငယ်များသေဆုံးမှုနှင့် နာမကျန်းမှုများဖြစ်ပွား
ပေကျင်း စက်တင်ဘာ ၁၇
တရုတ်နိုင်ငံတွင် သန့်ရှင်းမှုမရှိသော နို့မှုန့်များကိုသောက်သုံးသည့်ကလေးငယ်အချို့သေဆုံးပြီး ရာပေါင်းများးစွာမှာ နာမကျန်းမှုဖြစ်ပွားလျှက် ရှိကြောင်း တရုတ်ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ချန်ကျုက စက်တင်ဘာ ၁၇ ရက်၌ပြောကြားသည်။
ဓာတုအဆိပ်များတွေ့ရှိ
အဆိုပါနို့မှုန့် များကို တရုတ်နိုင်ငံ မင်နုဒိုင်ရီ ကုမ္ပဏီမှထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်ကျန်းမာရေးဝန်ကြီးဌာနစားသောက်ကုန်စိစစ်ရေးဆိုင်ရာအရာရှိများ၏စစ်ဆေးချက်အရ၎င်းနို့မှုန်များတွင် ဓာတုအဆိပ်များတွေ့ရှိရကြောင်းသိရသည်။
မင်နုဒိုင်ရီမှ ထုတ်လုပ်သော နို့မှုန့်အမျိုးအစားပေါင်း ၂၂ မျိုးခန့်တွင် အဆိပ်ဖြစ်ပွားစေသော ဓာတုဗေဒ ပစ္စည်းများတွေ့ရှိရကြောင်း၊ ထို့အပြင် အချို့ပါဝင်သင့်သည့် ပစ္စည်းအချိုးအစားမှာ သတ်မှတ်ချက်ထက် ပိုမိုမြင့်မားစွာ ပါဝင်နေကြောင်းတွေ့ရှိရသည်ဟုဆိုသည်။
ပိတ်ပင်တားမြစ်
ထို့အပြင် မသန့်ရှင်းသော နို့မှုန့်များကို ဖြန့်ဖြူးနေသော ကုမ္ပဏီ ၂၂ ခုတို့ကိုလည်း ပိတ်ပင်တားမြစ်ခဲ့ကြောင်း ၊ အဆိုပါ နို့မှုန့်များကို သောက်သုံးခဲ့သည့် ကလေးငယ်များမှာ နာမကျန်းဖြစ်ကာ သေဆုံးမှုများဖြစ်ပေါ်လျှက်ရှိကြောင်း တရုတ်ကျန်းမာရေးအရာရှိများက ပြော ကြားသည်။ ယင်းနို့မှုန့်များကို ဘင်္ဂလားဒေ့ရှ်၊ ယီမင်၊ ဂါဘွန်၊ ဘူရွန်ဒီနိုင်ငံများသို့လည်း တင်ပို့လျှက်ရှိရာ ယခုအခါပိတ်ပင်ထားပြီ ဖြစ်ကြောင်းသိရသည်။
***********************************************************************
သို့သော် သတင်းစာထဲမှာ ယင်း တရုတ်လုပ် အဆိပ်ပါ နို့မှုန့်များကို မြန်မာနိုင်ငံတင်ပို့ ရောင်းချ ထားကြောင်း နှင့် ယခုအခါ ပိတ်ပင်ထား ခြင်း ရှိမရှိ ထည့်သွင်းမရေးထားပါ။ သတင်းကို အတိအကျ မဖော်ပြဘဲ၊ မြန်မာကလေးငယ်တို့၏ အသက်အန္တရယ်ရှိစေသော သတင်း အချက်အလက်မှန်ကို မြန်မာပြည်သူများ၊ စာသုံးသူများကို မတင်ပြခဲ့ပါ၊ တာဝန်မဲ့စွာဖြင့် အသိပေးခဲ့ခြင်းမရှိပါ။
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ( စစ်ဗိုလ် နှင့် စစ်ဗိုလ်ချူပ် မိန်းမများ အသင်း) ကလည်း မြောက်ဥ့က္ကလာ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှာ သူတို့ ယောက်ျားတွေလိုဘဲ လိုအပ်သည်များကို ရှင်းလင်း တွေ့ဆုံးဆွေးနွေးနေကြပေမဲ့ ၊ မြန်မာကလေးတွေ ကျန်မာရေးဘေး အန္တရယ် အတိဒုက္ခ ရောက်စေ နိုင်တဲ့ တရုတ်နိုင်ငံက SANLU ကုမ္ပဏီထုတ် အဆိပ်ဖြစ်စေတဲ့ ကလေးနို့မှုန့်တွေ အကြောင်း ဘာမှထည့်သွင်း ပြောဆိုမသွားပါဘူး။
မနှစ် နားဂစ်ဆိုင်ကလုံးမုန်တိုင်း မတိုက်ခိုက်မှီ နိုင်ငံရေးကို သွက်ချာပါဒရှုး နေသော ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း(ခေါ်) ကြပ်ပြေး Bob ဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အတွက်မဲလိမ်၊မဲခိုးဖို့ ကိုသာ အပူတပြင်း ပြင်ဆင် ဆောင်ရွက်နေသလို၊ ၀န်ကြီးချူပ်သိန်းစိန်ဟာ ထိုင်းဝန်ကြီးချူပ်စောက်ရှုး စမတ် ကိုယ်တိုင်ချက်သော စားသောက်ပွဲတော်ကိုမြိန်ရည်ရှက်ရည်စား သောက်နေသော အချိန်ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ပြေးစရာမရှိ၊ကယ်ဆယ်မဲ့လူမရှိဖြစ်ခဲ့ရတယ်။
လူပေါင်းများစွာသေကြေစေခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခိုက်ပြီးသောလည်း လူအသေအပျောက် သိပ်မရှိကြောင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဟာလူသေဆုံးတာထက် ပိုအရေးကြီး ကြောင်း၊ ကိုတင်ပြဆွေးနွေးသူ တွေထဲမှာ သန်းရွှေ၊ မောင်အေး၊ရွှေမန်း၊ သွက်ချာပါဒရှုး နေသော ကျော်ဆန်း(ခေါ်) ကြပ်ပြေးBob၊ စိုးသာ၊အောင်သောင်း၊ မောင်သောင်း၊ မြင့်ဆွေ၊တို့ဖြစ်တယ်။
ဒီ ကြပ်ပြေး ကျော်ဆန်း ဘဲ သတင်းစာထဲ မှာ “ လူပေါင်း သန်း နှင့် ချီ တဲ့ နားဂစ်လေဘေးဒုက္ခသည် တွေဟာ ဖား ရိုက်စားပြီးနေလို့ရတယ် “ တာဝန်မဲ့ စကားတွေ ရေးသားပြောဆိုခဲ့တယ်။
အခုလည်း သင်ခန်းစာမယူသေးဘဲ အပြစ်မဲ့ မြန်မာကလေးငယ် (သို့) နောင်တွင် တိုင်ပြည်ခေါင်းဆောင်တွေ ဖြစ်လာနိုင်တဲ့ သူတွေကို အသက်သေဆုံးသည်အထိ ပြုလုပ်နေတာမို့ တက်နိုင်သလောက် မြန်မာသတင်း ဌာနတွေ၊ အင်တာနက်စာမျက်နှာများက နေမြန်မာ မိဘပြည်သူ များအတွက် ဖော်ပြအသိပေးကြပါ။
နိုင်ငံရေးကို သွက်ချာပါဒရှုး နေသော ကျော်ဆန်း(ခေါ်) ကြပ်ပြေးBob ပြန်ကြားရေးဝန်ကြီးဌာနမှ လုပ်နေသ၍ အပြစ်မဲ့ မြန်မာပြည်သူတွေရဲ့ အသက်အန္တရယ်ကို အလွန်စိုးရိန်နေရပါတယ်။ ဒီလောက် အသက်ပေါင်း များစွာသေဆုံးခဲ့ရမှုမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ကျော်ဆန်း(ခေါ်) ကြပ်ပြေးBob ကို န၀တစစ်အုပ်စု
ုခေါင်းဆောင်တွေ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုနေခြင်းအပေါ် အလွန်မှပင် အံသြရပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာမိဘများ အနေနဲ့ ဒီတရုတ်နိုင်ငံက SANLU ကုမ္ပဏီထုတ် ကလေးနို့မှုန့်တွေမှာ မ၀ယ်ကြဖို့ အထူး သတိပြုကြစေလိုပါတယ်။ မြန်မာကလေးငယ်များ၏ ကျန်းမာရေးအတွက် ကလေးရှိ မြန်မာမိဘများအား အသိပညာပေးဖို့နှင့် သတင်းဝေမျှပေးစေလိုပါတယ်။ မြန်မာကလေးတွေ ကျန်မာရေးဘေး အန္တရယ် အတိဒုက္ခမရောက်စေဖို့ အတွက် တက်နိုင်သလောက် အမြန်ဆုံး အရေးပေါ် ကျန်းမာရေး လှူံ့ဆော်မှုတွေ ပြုလုပ်ပေးကြပါ။
Rest of your post
No comments :
Post a Comment