ဗိုလ်ချုပ်မောင်သင့်ဆိုတာက တိုင်းမှုကနေ ၀န်ကြီးဖြစ်ခဲ့ဘူးတဲ့သူတဦး။ အရှေ့ မြောက်တိုင်းတိုင်းမှု လုပ်ခဲ့တယ်။ နယ်စပ်စည်ပင် ၀န်ကြီးဌာနကိုသူကိုင်တွယ်ခဲ့တယ်။ မောင်သင့်ဟာ ၂၅-၈-၃၂ မှာ ပဲခူးတိုင်း အုတ်ဖို မြို့ နယ် ရှမ်းကုန်းရွာ မှာမွေးဖွားခဲ့တယ်။ ၁၉၅၂ ခုနစ်မှာ စစ်ထဲဝင်ခဲ့တယ်။ ၅၇ခုနစ်မှာ ဗိုလ်လောင်းသင်တန်းတက်ရောက်ခဲ့တယ်။ သူဟာ ၁၉၈၈ခုနစ် ဦးနေ၀င်း မဆလ အရေးပေါ်ညီလာခံခေါ်တဲ့ အခါမှာ တပ်မတော်ကိုယ်စား စကားတက်ပြောခဲ့သူဖြစ်တယ်။ ပါတီက မည်သို့ ပင်ဆုံးဖြတ်ဆုံဖြတ် တပ်မတော်က လိုက်နာမည်ဖြစ်ကြောင်း ဒီညီလာခံမှာ သူဆိုခဲ့ပါတယ်။
ပြည်သူလူထုတွေ စီးပွားရေး လူမှုရေးတွေ ဒုက္ခပင်လယ်ဝေနေတဲ့အကြောင်း အခြေခံလူအခွင့်အရေးနဲ့ လွတ်လပ်မှုတွေဆိပ်သုဉ်းနေတဲ့အကြောင်းတွေကို သူဟာ တခွန်းမှမဆိုခဲ့ပါဘူး။သူဟာ မဆလပါတီကို သစ္စာခံတဦးဖြစ်ခဲ့ပေမဲ့ ပြည်သူကို သစ္စာမဲ့ခဲ့သူတဦးဖြစ်ပါတယ်။ ဓမပဒမှာ မြတ်စွာဘုရားဟောခဲ့တဲ့အတိုင်းပဲ မကောင်းမှုလုပ်ခဲ့ရင် ၀ိဘက်ကြမ္မာတွေက နွားခြေရာနောက် လှည်းဘီးကောက်ကောက်လိုက်သကဲ့ သူနောက်ကိုတကောက်ကောက်လိုက်ခဲ့ပါတယ်။ သန်းရွေတက်လာပြီးနောက်ပိုင်းမှာ တော့ သူဟာ မဆလပါတီနဲ့ နီးစပ်ခဲ့သူတွေကို ချောင်းထိုးတာ၊ ဖြုတ်ထုတ်သတ်လုပ်တာတွေလုပ်ဆောင်လာတဲ့အခါမှာတော့ ဗိုလ်ချုပ်မောင်သင့်ပါသွားပါတယ်။ သူသေတဲ့အခါမှာ စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စိတ်ဓါတ်ကျဆင်းစေခဲ့အချက်များကတော့ ဗိုလ်ချုပ်မောင်သင့် ဟာ သူသား မျိုးငယ် ဟာ Gay ဖြစ်နေတာရယ်၊ မူးယစ်ဆေးဝါးအလွန်အမင်းဆွဲနေတာ့ ကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးသေရတယ်လို့ ဆိုပါတယ်။
တိုင်းပြည်စီးပွားရေး ပျက်ကပ်က ဗိုလ်ချုပ်မောင်သင့်မိသားစု ကိုလည်း ရိုက်ခတ်ခဲ့ပါတယ်။ မြန်မာဗိုလ်ချုပ်တွေဟာ စစ်တပ်က အနားယူခဲ့တဲ့အခါမှာ ထိုင်းနိင်ငံဗိုလ်ချုပ်တွေလို ဂုဏ်သိက္ခာရိရှိ အိနြေ္ဒရရ
မနေနိင်ကြပါဘူး။ စီးပွားရေးမရှိတော့သလို ဖြစ်သွားတယ်။ ဒီအခါမှာ ဗိုလ်ချုပ်မောင်သင့်မိသားစုဟာ နစ်လုံးထီရဲ့ သားကောင်တွေဖြစ်ခဲ့တယ်။ နစ်လုံးထီအကြီးအကျယ်ထိုးရင်း စီးပွားပျက်ခဲ့ပါတယ်။
ထူးခြားတာကတော့ ဗိုလ်ချုပ်မောင်သင့် ဟာ သေဆုံးသွားတဲ့အချိန်အထိ စစ်ဝါဒ စနစ်ဆိုး ရဲ့  ဆိုးကျိုး- အမှန်အမှားကို ခွဲ ခြားသိမြင်မသွားခြင်ဖြစ်ပါတယ်။
သူသားမျိုးငယ် ဟာ မိန်းမရှာ ( Gay) ဖြစ်တာကို ရှက်စရာ၊
မကောင်းမှုတခုလို့ သူမြင်သွားပါတယ်။ ဒါဟာ မျိုးငယ်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်ပါတယ်။ ရှက်စရာမဟုတ်သလို မကောင်းမှုလည်းမဟုတ်ပါဘူး။
သူအနေနဲ မူးယစ်ဆေးဝါးဆန်ကျင်ရေးလုပ်ငန်းတွေကိုဦးဆောင်ခဲ့သူဖြစ်ပေမဲ့သူသားမျိုးခင်ကိုယ်တိုင်ဆေးသမားလုံးလုံးဖြစ်သွားရတာကတော့ သူပါဝင်ခဲ့တဲ့ ဗမာတပ်မတော်ဟာ မြန်မာပြည်လူငယ်တွေကို အဓိကဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့် ချီ ရောင်းချ သုံးစွဲ မှုတွေမှာ အဓိက အရင်းခံ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့ စည်းကြီးတခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ဗ်ုလ်ချုပ်သန်းရွေမြေးအပါအ၀င် စစ်တပ်အသိုင်းအ၀ိုင်းက အရာရှိ ကြီးကြီးပိုင်းတွေရဲ့ သားသမီးတွေဟာ မူးယစ်ဆေးဝါး ဆွဲ နေကြခြင်းက သက်သေဖြစ်တယ်မဟုတ်ပါလား။
No comments :
Post a Comment