Tuesday 9 September 2008

အစိုးရ ဟုခေါ်သော ထူးခြားသောအဖွဲ့များ နှင့် ဘုန်ကြီးသင်္ကန်းကြွက်ကိုက်ခံရခြင်း ပြသနာ


Robert Walpole, the longest-serving Prime Minister (1721–1742)
Who will
break his record in the world?

-မြတ်စိုး - သာကျော်မောင်-

မြန်မာနိုင်ငံ၏
ထူးခြားသောနိုင်ငံရေးဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာသောအစိုးရများ အကြောင်းကို ပြန်လည်စမ်းစစ်ကြည့်ယင်တခု သိသိသာသာ ထူးချက်တဲ့ အချက်တခုရှိတယ်။ အဲဒါက ဆိုင်ဘုတ်တင် အစိုးရတွေ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ မှိုပွင့်တွေလို အများအပြား ပေါ်ထွက်လာခဲ့ တာပါဘဲ။ တချို့ သောအတိုက်အခံ အစိုးရတွေဟာ ဘုန်ကြီးသင်္ကန်းကြွက်ကိုက်ခံသွားရခြင်း ဇတ်လမ်း ဘ၀ကိုရောက်သွားတာ တွေ့ရတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလ တွေမှာ ပေါ်ပေါက်လာတဲ့ ၊ ပေါ်ပေါက်လာနိုင်တဲ့ အစိုးရတွေကို ကျွန်တော်တို့ လေ့လာစမ်းစစ် ရေတွက်ကြည့်ယင်...

  • မဆလ ပါတီဖျက်သိမ်းပြီးစစ်အစိုးရ အလိုကြဖွဲ့စည်းခဲ့သော စိန်လွင်အစိုးရ
  • မဆလ ပါတီဖျက်သိမ်းပြီးစစ်အစိုးရ အလိုကြဖွဲ့စည်းခဲ့သော ဒေါက်တာမောင်မောင် အစိုးရ၊
  • လက်နက်အားကိုးပြီးစစ်တပ်က အနှစ် (၂၀) ကြာအာဏာသိမ်းထားတဲ့ အဓ္ဓမ န၀တစစ်အစိုးရ၊
  • အာဏာသိမ်းခံခဲ့ရတဲ့ဦးနုအစိုးရ၊
  • ၁၉၉၀ ခုနှစ်မှာ ပြည်သူကဒီမိုကရေစီနည်းလမ်းကျကျရွှေးချယ်လိုက်သော်လည်း ဥပဒေနည်းလမ်းအရ မဖွဲ့ရသေးသောဒီမိုကရေတစ်အစိုးရ၊
  • ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ ညွှန့်ပေါင်းအစိုးရ ( N.C.G.U.B).
  • ရှမ်းတိုင်းရင်းသားများအစိုးရ၊
  • နောင်ဖြစ်ပေါ်လာနိုင်သော အစိုးရများ၏ ညွှန့်ပေါင်းအစိုးရ၊
  • ၂၀၁၀ တွင် စစ်အစိုးရက အဓ္ဓမကျင်းပမည့် နှစ်ကြော့ပြန်ရွှေးကောက်ပွဲကပေါ်ထွက်လာမည့် နှစ်ကြော့ပြန်စစ်အစိုးရ....တွေဖြစ်တယ်။
တချို့ အစိုးရလို့ ကျေညာခဲ့ကြတဲ့အဖွဲ့တွေဟာ ပြည်သူတွေရဲ့ ထောက်ခံချက်တွေမပါဘဲ၊ ကိုယ်ဘာသာ ကိုယ်ကျေညာပြီး နှစ်ပေါင်းများစွာရာသက်ပန်အစိုးရအဖွဲ့ တွေ အဖြစ်ဆက်လက် တည်ရှိကာအာဏာရှင်တွေကို တိုက်ခိုက်ယင်းအာဏာရှင်တွေပြန်ဖြစ်နေကြသလို၊စစ်အာဏာအာဏာရှင် တွေ ကလည်း နှစ်ကြော့ပြန် စစ်အာဏာရှင် အစိုးရ အဖြစ်ပြန်လည်အသက် သွင်း နေကြတယ်။ ဒီလိုဖြစ်ရပ်ဆိုးတွေရှိတဲ့နိုင်ငံအနည်းစု တွေအထဲမှာ မြန်မာပြည် ပါနေတယ်။ ရွှေးကောက်ပွဲ အနိုင်ရပြီး၊ အစိုးရတောင်ဖွဲ့ ခွင့်မရခဲ့တဲ့ နိုင်ငံတွေ မှာ လည်းမြန်မာပြည် ပါနေသေးတယ်။

တခြားနိုင်ငံအစိုးရတွေနဲ့စာယင် ထူးခြားနေတာက မြန်မာပြည်ဟာ ကမ္ဘာနှင့် မြန်မာနိုင်ငံမှာ နှစ်အရှည်ဆုံး ၀န်ကြီးချုပ် ရှိသလို၊ ကမ္ဘာမှာ နှစ်အရှည်ဆုံး စစ်အာဏာရှင်စံနစ် ရှိနေတာတွေ့ရတယ်။ ၀န်ကြီးချုပ် ဦးစိန်ဝင်း-NCGUB ဟာ ဒုတိယမြောက် ကမ္ဘာ့နှစ်အရှည်ဆုံး ၀န်ကြီးချုပ် နှင့် မြန်မာပြည်မှာ နှစ်အရှည်ဆုံး ၀န်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပါတယ်။ သူရဲ့ ၀န်ကြီးချုပ်သက်တမ်းဟာ (၁၈) နှစ်နီးပါးရှိနေပြီး၊ ကမ္ဘာမှာနှစ်အရှည်ဆုံး ၀န်ကြီးချုပ် ဆာ ရောဘတ်ဝေါ်ပိုး ( Sir Rebert Walpole ၁၇၂၁-၁၇၄၂) ကတော့ နှစ် (၂၀) နှင့် ရက်ပေါင်း ( ၃၁၄) ရက် ကြာအောင်အင်္ဂလန်မှာ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ကမ္ဘာမှာနှစ်အတိုဆုံး ၀န်ကြီးချုပ်ကတော့ အင်္ဂလန်မှ
Earl of Bath ( ၁၇၇၄၆ - ဖေဖေါ်ဝါရီ ၁၂-၁၄) (၂) ရက်တာသာ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျော့ ကမ်နင်း ကတော့ ( ၁၈၂၇ ) မှာ ရက်ပေါင်း (၁၁၉ ရက်) ရက်တာသာ တာဝန်ထမ်းဆောင်ခဲ့ရတယ်။


George Canning, who served the shortest total period as an effective Prime Minister (1827)

ကမ္ဘာမှာ နှစ်အရှည်ဆုံး စစ်အာဏာရှင်စံနစ်ရှိတဲ့နိုင်ငံတွေထဲမှာ ၁၉၆၂ ခုစစ်တပ်ကအာဏာသိမ်းပြီး ကတည်းက ဒီနေ့ထိ အဓ္ဓမ တိုင်းပြည်ကိုအုပ်ချုပ်ခံနေရတဲ့ ကျွန်တော်တို့တိုင်းပြည် မြန်မာပြည်ပါဝင်တယ်။

တချို့ သောမြန်မာပြည်အစိုးရတွေဟာ ဘုန်ကြီးသင်္ကန်းကြွက်ကိုက်ခံသွားရခြင်း ဘ၀ကိုရောက်သွားတာ တွေ့ရတယ်။ ငယ်ရွယ်သော စစ်တပ်ခေါင်းဆောင်တွေကတော့ တိုင်းပြည်ကို ကယ်တင်မယ်ကြွေးကြော် ယင်း၊ နောက်ဆုံးတော့ အာဏာရှင် ဂဋုံ မောင်သန်းရွှေ၊
ဂဋုံ မောင်အေး တို့အတွက် နေပြည်တော် ကြပ်ပြေးမှာ အာဏာရှင်စစ်သင်္ချိုင်းကုန်း တောရ ကျောင်း သွားဆောက်ယင်း ဘုန်ကြီးသင်္ကန်းကြွက်ကိုက်ခံ ဇတ်လမ်း ကနေကြတယ်။ ဘုန်ကြီးသင်္ကန်းကြွက်ကိုက်ခံ အစိုးရဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာ ဘုန်ကြီးသင်္ကန်းကြွက်ကိုက်ခံရတဲ့ ဗုဒ္ဒ၀င်ပုံပြင်ဇတ်လမ်းလေးကို ဖတ်ကြည့်ပါ။


ဘုန်းကြီးသင်္ကန်းကြွက်ကိုက်ခြင်း

(ဗုဒ္ဒ၀င်ပုံပြင်ကိုမှတ်သားထား သ၍တင်ပြထားသည်။)

တခါသောအခါ၌… ရဟန်းကြီးတပါးနှင့်နိဗာန်တရားထူးကို ရှာမှီးလိုသောတပည့်စာသင်ရဟန်းပျိုတပါးသည် တောရဆောက်တည်ရန်အလို့ငှာ ခရီးထွက်ခဲ့လေသည်။ ရဟန်းကြီးသည် တောထွက်ရဟန်းပျို တရားထူးကျင့်ကြံစဉ် ဆွမ်းကွမ်းပရိကယာလွယ်ကူစေရန် ရွာနှင့်မနီးမဝေး တောမြိုင်တခု၌ တောရကျောင်းတဆောင်ဆောက်စေလျှက် သီတင်းသုံးတော်မူခိုင်းလေ၏။

ရဟန်းကြီးလည်းနှစ်များမကြာမှီရဟန်းပျိုအား တရားတိုးတက်မှု့ တို့ကိုသူလာ ၍စစ်ကြောမည်ဟုမိန့်ကြားကာ သူသီတင်းသုံးရာအရပ်သို ပြန့်ကြွလေ ၏။

ရွာသူရွာသားတို့ သည်လည်းထိုရဟန်းပျို အား လိုအပ်သမျှကိုဖြည့်တင်းပေလျှက် လွန်စွာပင်ကြည်ညိုကိုးကွယ် လာကြ၏။

တနှစ်သော်ထိုရဟန်းပျိုမှီတင်းနေထိုင်သော်တောအရပ် ၌ ကြွက်တို့ သည် အင်မတန်တိုးပွားမင်းမူလာလေ ၏။ အဲဒီကြွက်တို့ သည် သစ်ကြီးဝါးကြီးများကိုကိုက်ဖြတ်ဖျက်ဆီးယုံသာမက တောထွက်ကိုယ်တော်၏ သင်္ကန်းများ ကို ပင် အလွတ်မပေးကိုက်ဖောက်ဖျက်ဆီးခြင်းများပြုလုပ်လာကြသဖြင့် ကိုယ်တော်ခမျာ တရားကျင့်ကြံရန် များစွာပင်အတိဒုက္ခရောက်ရလေသည်၊၊

ပျက်စီးသွားသောသင်္ကန်းများအတွက်အစားထိုးရန်အလို့ ငှာ ရွာမှပင်အလှူခံရလေသည်။ အလှုခံရသမျှသော သင်္ကန်းတို့ ကိုလည်းကြွက်တို့ သည် တဖန်ကိုက်ဖြတ်ဖျက်ဆီးပြန်လေ ၏။

သင်္ကန်းအလှုခံများလာသော်အခါ ရွာသားတို့သည် ရဟန်းပျိုအား အဘယ်ကြောင့်သင်္ကန်းများစွာကို အလှုခံနေရသနည်းမေးခွန်းထုတ်လာသော် ကြွက်တို့၏ဖျက်ဆီးမှူ့ ကြောင့်ဟုကိုယ်တော်ကပြန်လည် ပြောကြားသော်… ။

ကိုယ်တော်ရယ်..ဒါလေးများ ကြောင်တကောင်မွေးပေါ့ဘုရား ၊ ဟုဆိုကာ ကြောင်တကောင်အား လှုလိုက်လေသည်။

ထိုကြောင်သည် တောရကျောင်းသို့ ရောက်သည့်နေ့ မှစရွေ့  ကျူးကြော်သူကြွက်တို့  ကိုပြင်းထန်စွာနိမ်နင်း နှိပ်ကွက်လိုက်ရာကံကောင်းထောက်မ၍့  အသက်ခနွာအိုးစား မကွဲသေးသောကြွက်တို့သည်ဝေးရာသို့ ပြေးလေ ၏၊။

ထိုကြောင်ကြောင့် ရဟန်းပျိုသည် သင်္ကန်းအလှူခံရခြင်းမှကင်းလွတ်ကာ အေးငြိမ်းစွာ တရားပြန်လည် အားထုတ်လာ နိုင်ခဲ့သည်။ ကြွက်တို့ ရန်မှကင်းဝေးသော်ငြားရဟန်းပျိုသည် ကြောင်သူရဲကောင်းအား သံယောဇဉ်တွယ်ကာ ကျောင်း ၌ပင်ထားလိုက်တော့သည်။

ထိုကြောင်သည် နွားနို့ အလွန်ကြိုက်သော ကြောင်ဖြစ်သဖြင့် ထိုရဟန်းသည် ကြောင်အတွက်အလို့ငှာ နေ့ စဉ် နွားနို့ကို အလှူခံရပြန်လေသည်။ ထိုသို့အလှူခံဖန်များလာသည်ကို သတိပြုမိသော် ..

ရွာသားတဦးက ကိုယ်တော် နေ့တိုင်း နို့ဆွမ်း ဘာကြောင့်အလှူခံသနည်းဟုမေးခွန်းထုတ်လာသော်.....

မိမိ၏ ပါရမီဖြည့်ဖက် ကြောင်အတွက်ဟုရဟန်းခမျာ ပြန်လည်ဖြေကြားရလေပြန်၏၊။

ကိုယ်တော်ရယ်…ဒါလေးများ..နွားမတကောင်မွေးပေါ့ဘုရား၊ ဟုပြောပြောဆိုဆိုနှင့်ထိုရွာသားသည် ရဟန်းပျိုအားနို့ စားနွားမတကောင်လှူလိုက်လေပြန်၏၊၊

ကြောင်၏ နွားနို့ ပြသနာသည် ဤတွင်ပြီး၏။ နွားမအတွက် မြက်ထုံး၊ကောက်ရိုးထုံးတို့ကိုမူ အလှူခံရ ပြန်လေ၏။

အလှူခံဖန်များလာသော် ရွာသားတဦးသည် ကိုယ်တော်နှယ်.. ကောက်ရိုးမြက်ထုံးတို့ကို အလှခံစား လာချည်ရောဟု စောကြောတက်မေးခွန်းထုတ်ပြန်သော်ကျောင်းမှနွားမအတွက် ဟုဖြေရလေပြန်သည်။

သဒ္ဓါထက်သန်လွန်းသောဒကာရွာသားသည်.. ကိုယ်တော်နှယ်…ဒါလေးများ.. လယ်တကွက်လှူပါ့မယ်ဘုရား ဟုဆိုကာရဟန်းပျိုကျောင်းနှင့်မနီးမဝေးသူ့ လယ်တကွက်အားလှူ လိုက်လေပြန်သည်။

သုံးနှစ်ခန့်ကြာသော် ရဟန်းကြီးသည် သူ၏ သားတပည့်ရဟန်းပျို မည်မျှတရားစခန်းပေါက်မြောက်နေသနည်း အကဲခတ်ရန်ပြန်လာလေ၏။

သူသတ်မှတ်ပေးထားခဲ့သော်ကျောင်းသင်္ကန်းနေရာသို့ ရောက်သော် ကလေးငိုသံ၊ကျွဲနွားကြက်ဝက်အသံများ ကိုကြားရွေ့ အင်မတန်ပင် အံအားသင့်သွားလေ၏။

ကလေးငယ်ကိုနို့တိုက်နေသော မာတုကာမလေးအား ရဟန်းပျို၏ အမည်ကိုမေးလေသော် ..

တပည့်တော်မခင်ပွန်းပါဘုရား၊...လယ်ထွန်သွားပါတယ်ဘုရား။...ပြန်လာတော့မှာပါဘုရားဟု.. လျှောက်သော်

ရဟန်းကြီးလည်း အံ့အားသင့်လျက် စောင့်တော်မူလေ၏။

ခဏသော် ...လယ်ထွန်သွားယောင်္ကျားသည်ပြန်လာပြီး ရဟန်းကြီးကို တွေ့သော် မြေ၌ ပြားပြားဝတ်ကာ ဦးချလေတော့သည်။

ရဟန်းကြီးကလည်း မည်သို့ ဖြစ်ရွေ့ တရားလမ်းပျောက်ကာ လောကီဘုံ၌ နစ်လေသနည်းမေးသော် ၊...

တပည့်တော်သင်္ကန်းကြွက်ကိုက်လို့ ပါဘုရား ဟုအစချီကာဖြစ်ကြောင်းကုန်စင်လျှောက်ပါလေတော့သတည်း။

ဤဗုဒ္ဒ၀င်ပုံပြင်လေးကိုပြန်ပြောင်းသတိရမိတိုင်း ရှစ်လေးလုံးအနှစ် ၂၀ ပြည့်တွင် ကျနော်တို့ ဘာလို့ အမိတိုင်းပြည်၏လွတ်မြောက်ရေးကိုအပြီးသတ်တိုက်ပွဲမ၀င်နိုင်မှု ပြသနာများကိုပြေးပြေး သတိရမိလေသည်။ အထူးသဖြင့်ကျနော်တို့အပါအ၀င်နိုင်ငံတကာသို့ မြန်မာပြည်ဒီမိုကရေစီရေးအတွက် လှုပ်ရှားရင်း ရောက်လာကြသော ပြည်သူလွတ်တော်ကိုယ်စားလှယ်များ၊လူထုလူတန်းစားအသီးသီးမှပြည်သူများ၊ ရှစ်ဆယ်ရှစ်ကျောင်းသားများ၊မျိုးဆက်သစ်လူငယ်ကျောင်းသားများ၏ ဘ၀အခြေအနေသည် ထိုရဟန်းပျို သင်္ကန်းကိုစွန့်ခွာခဲ့ရသလို ဘေးပတ်ဝန်းကျင်မှစေ့ဆော်တိုက်တွန်းမှု့ များကြောင့် ကျနော်တို့ အသက် ပဓာနမထား တိုင်းပြည်အတွက် လုပ်ကိုင်ဆောင်ရွက်ကြမည်ဟူသောအဓိဌာဉ် တို့သည် မသိမသာ တစတစ လျော့ပါးလျက် တော်လှန်သောဘ၀မှ တဖြေးဖြေးစိတ်ရောကိုယ်ပါ ကင်းကွာလာစပြုနေသည်မှာ မြန်မာဒီမိုကရေစီရေးအတွက်ရေရှည်ကောင်းသောအလားအလာမဟုတ်ပေ။

မိမိမှီတင်းနေထိုင်နေသောတိုင်းပြည်များ၏လူနေမှုအဆင့်အတန်းအလျောက်စားဝတ်နေရေးအတွက်ရုန်းကန်ကြရသည်
မှာအပြောမလွယ်။ အလုပ် ခက်ပါသည်၊။

မိမိဝမ်းစာမိမိဘာသာရှာစားနေရသော ကျနော်အပါအ၀င်လူအများစုများမလုပ်မကိုင်နိုင်သည်ကိုပင် ထားဦး၊ နိုင်ငံရေးလုပ်ရန် လခယူထားသောသူများပင်တပ်ဦးထိပ်မှာပေါ်မလာကြာပေါ့ ဇာတ်က နေကြသည်ကိုတွေ့ ရသည်။ သြော်.....မြန်မာ့နိုင်ငံရေးတွင် ဘုန်းကြီးသင်္ကန်းကြွက်ကိုက်ခံနေရသော ဇတ်လမ်းအတွက် ရင်တက်မအေးဖြစ်ရပါတော့သည်။ ။


No comments :